Sunday, October 23, 2011
Free Post လေး တစ်ခုလုပ်ကြရအောင်
http://instablogg.com/5Xv_78
ရှင်းပြချက်လေးတွေကိုပုံနဲ့ဖော်ပြထားပါတယ်
Friday, October 21, 2011
အရမ်းလွမ်းလို့
အရမ်းလွမ်းလို့
"သခင်"ကမ်းတဲ့လက်ကလေး
နှလုံးသားလက်တစ်ဆုပ်စာ
"ရော့...ယူ" အပိုင်ပေးထားမယ်
တန်ဖိုးမထားတာမဟုတ်ဖူး
တန်ဖိုးကြီးစွာပေးဆပ်တာ....
"သခင်"ချော့တဲ့တေးသံချိုလေး
အရမ်းကောင်းလို့မဟုတ်ဖူး
"အရမ်းချစ်လို့နှစ်သက်တာ"
"သခင်"ထွေးတဲ့ဒီရင်ခွင်လေး
အရမ်းနွေးလို့မဟုတ်ဖူး
"အရမ်းအောက်မေ့လို့လွမ်းနေတာ"
"ငှက်ကလေး"
မိန်းကလေးတစ်ယောက်ရဲ့အချစ်
ဘ၀အဖော်မွန်ဖြစ်တဲ့ သူအားနည်းချက်တွေသိမ်ငယ်မှုအဖြစ်အပျက်လေးတွေကိုအချစ်စစ်နဲ့ ခရီးဆုံးထိအချစ်ကိုကြာရှည်အောင်ယုံကြည်ခြင်း နားလည်ပေးခြင်း ခွင့်လွတ်ပေးခြင်း အားပေးခြင်းတွေနဲ့ပြဿနာတွေ အခက်အခဲပေါင်း မျိုးစုံထဲကနေလျစ်လျူရှူပြီး ခရီးဆုံးထိလျှောက်မဲ့သူကိုပဲမျှော်လင့်နေပါတယ်…….............။
မိုးငယ်အောင်
Thursday, October 20, 2011
ဘဝမှာ ခဏတစ်ဖြုတ်၊
ဘဝမှာ ခဏတစ်ဖြုတ်၊ လျှပ်တစ်ပြက်တွေက များလွန်းတယ်
ကားဂိတ်မှာ လက်ပြနှုတ်ဆက်တာမျိုး၊ အခုပဲပွေ့ဖက် အခုပဲလမ်းခွဲလိုက်တာမျိုး...
အချိန်တော်တော်များများမှာ နင်နားမလည်သလို ငါလည်းနားမလည်ခဲ့ဘူး။
ဒီလိုပါပဲ......
ပြောရင်းပြောရင်း ပြောင်းလဲကုန်တယ်
နားထောင်ရင်း နားထောင်ရင်း ငြီးငွေ့ကုန်တယ်
ကြည့်ရင်းကြည့်ရင်း စိတ်ကုန်ကုန်တယ်
နောက်က လိုက်ရင်းလိုက်ရင်း နှေးကွေးကုန်တယ်
လျှောက်ရင်းလျှောက်ရင်း လမ်းခွဲကုန်တယ်
ချစ်ရင်းချစ်ရင်း အချစ်လျော့ကုန်တယ်
လွမ်းရင်းလွမ်းရင်း အဆုံးသတ်ကုန်ကြတယ်။
Tuesday, October 18, 2011
တစ်ဖက်သတ် အချစ်
အလင်္ကာည
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အချစ်ဆိုသောအရာသည် လူသားတိုင်း၏ နှလုံးသားမှ ပေါ်ပေါက်လာခဲ့ပြီး တစ်ဦးကို တစ်ဦး စိတ်ဝင်စား၍ တွယ်တာခဲ့ကြ သည်ပင်။ သို့သော် (၅၂၈) ဆိုသော သန့်စင်သောမေတ္တာ၊ အေးမြခိုင်မြဲသောစိတ်တို့နှင့် ချစ်ရသော အချစ်မျိုးနဲ့ (၁၅၀၀) ကိလေသာနှောင်ဖွဲ့၍ တွဲငြိမိသော သံယော်ဇဉ်ကြိုးများနဲ့ ချစ်ခင်စုံမက်၍ဖြစ်ပေါ်လာသော မေတ္တာစိတ်တို့မှ တဆင့် တစ်ဦးတစ်ယောက်၏အပေါ်တွင် သမုဒ္ဒယနှောင်ဖွဲ့၍ တိတ်တခိုးချစ်မိသော တဖက်သတ်အချစ်သည် မျှော်ကိုးစောင့်စား ခြင်း ……တွေ့ရမြင်ရပါများသောအခါ သနားကြင်နာခြင်းဟူသော စိတ်မှစတင်၍ ရစ်ဖွဲ့နှောင်တတ်ကြပေသည်။
ထိုသောအခါ တဖတ်မှ မသိ.. နားမလည် ဟန်ဆောင်သောသူကို ချစ်မိသူတိုင်းမှာ မေတ္တာမိုးခေါင်၍ သဲသောင်ကန္တရာမှာ အချစ်ပန်းကို စိုက်မိတဲ့ ဥယျာဉ်မှူးလို ပွင့်လာလိမ့်နိုးနဲ့ မျှော်ကိုးစောင့်စားတဲ့သူ ပန်းစိုက်သမားနှင့် တူပေသည်။
Monday, October 17, 2011
ချစ်သောသူတို့အတွက် တန်ဖိုးမဖြတ်နိုင်သော လက်ဆောင်မွန်များ…
ချစ်သောသူတို့အတွက် တန်ဖိုးမဖြတ်နိုင်သော လက်ဆောင်မွန်များ…
(၁)မိမိကိုယ်ကို လေးစားယုံကြည်စိတ်များ ဖြည့်တင်းမြှင့်တင်ပေးခြင်း
ဘ၀အောင်မြင်ရေးအတွက် တန်ဖိုးရှိလှသည့်မိမိကိုယ်ကိုလေးစားယုံကြည်စိတ်များ လူတစ်ယောက်၌ ပြည့်ဝလာစေနိုင်သည့်အလွယ်ကူအထိရောက်ဆုံးနည်းတစ်နည်းကသူတစ်ပါးထံမှလက်ဆောင်အဖြစ်ရရှိခြင်းဖြစ်သည်။ ရုပ်ဝတ္ထူပစ္စည်းများလက်ဆောင်ပေးသလိုမိမိကိုယ်ကိုလေးစားယုံကြည်သောစိတ်ကိုလည်းချစ်ခင်သူများအားပေးအပ်နိုင်ကြပါစေ။
(၂)လောကကိုဟာသဥာဏ်ဖြင့်ရှုမြင်ခံယူတတ်ခြင်း
အကယ်၍သာကျွန်တော်တို့ကြုံကြိုက်ရသည့် အဆင်မပြေမှု၊မျှော်လင့်သလောက် ဖြစ်မလာမှုတွေကို ရယ်မောပျော်ရွှင်စွာခံယူနိုင်မည်ဆိုလျှင် အဘယ်မျှတန်ဖိုးရှိပါမည်နည်း။ကျွန်တော်တို့ကိုယ်ကိုရော ကျွန်တော်တို့ချစ်ခင်သူများကိုပါဟာသဥာဏ်ကလေးနှင့် ကာကွယ်ပေးထားနိုင်မည်ဆိုလျှင် အဘယ်မျှစိတ်ချမ်းသာစရာကောင်းပါမည်နည်း။ စင်စစ်ဟာသဓာတ်ခံဟူသည်ကျွန်တော်တို့အား လောကဓံကို ခံနိုင်ရန် အကာအကွယ်ပေးသည့် ချပ်ဝတ်တန်ဆာတစ်ခုပင်ဖြစ်သော ကြောင့် ချစ်ခင်သူများကို ဟာသဥာဏ်ဖြင့်အကာအကွယ်ပေးနိုင်ပါစေ။
(၃)မိမိမှာရှိသည့် မကောင်းသောအကျင့်များကို ပယ်ဖျောက်ခြင်း
မိမိမှာရှိနေသည့် ကျန်းမာရေးထိခိုက်စေနိုင်သော ရေရှည်၌စိတ်မချမ်းမြေ့ဖွယ်သာ ဖြစ်စေသောအကျင့်ဆိုးတစ်ခုကို ပယ်ဖျောက်ခြင်းသည်မိမိကိုယ်တိုင်ရောမိမိချစ်ခင်သူများကိုပါ အဖိုးမဖြတ်နိုင်သည့် လက်ဆောင်မွန် တစ်ခုပေးအပ်ခြင်းပင်ဖြစ်ပါသည်။ပေးအပ်နိုင်ကြပါစေ။
Saturday, October 15, 2011
ချစ်တဲ့သူနဲ့သာဆိုရင် …
...မေတ္တာဆိုတာက အလိုအလျှောက် ရင်ထဲစိတ်ထဲက ထွက်ပေါ်လာတဲ့ သဘောမရှိဘူး။ အင်မတန်ကြိုးစားနိုင်ပါမှ… အကြာကြီးမွေးမြူတည်ဆောက်ပြီးမှ ဖြစ်ပေါ်လာတတ်တယ်၊ တဏှာရာဂနဲ့ယှည်တဲ့အချစ်ဆိုတာကတော့ ချစ်ဖွယ်အာရုံကောင်းလေလေ… လှလေလေ…အချစ်စိတ်တွေက အလျင်အမြန် အမြောက်အမြားလျောကျထွက်ပေါ်လာလေလေ သဘောရှိမှာပေါ့နော်……
မိန်းမနဲ့ယောကျာ်း ချစ်ကြကြိုက်ကြတဲ့အထဲမှာ ဘာသာတရားတွေ၊ တခြားယုံကြည်မူတွေ လည်းပါနေတယ်။ မြင်မြင်ချင်းချစ်တဲ့စိတ်တွေ ဖြစ်ပေါ်လာတာ… ယိုဖိတ်လာတာဟာ ဘ၀ဟောင်းက ပျို့ဆုတောင်းကြောင့်…လို့ သီချင်းတွေဆိုကြတယ်။ ဘ၀ဟောင်းတုန်းက ဘုရားမြတ်ထံပါးမှာ နောင်ဘ၀ကျရင် ပေါင်းရပါစေသားလို့ ဆုတောင်းခဲ့လို့အခု…..သူ့ကိုမြင်တဲ့အခါ ချက်ချင်းဘဲ ချစ်တဲ့စိတ်တွေ ဖြစ်လာတယ်ဆိုတဲ့သဘောပေါ့။ ချစ်ကြ ကြိုက်ကြတဲ့အထဲမှာ…ဘုရားလည်း အကောင်းမနေရဘူး။ အဲဒီချစ်သူတွေရဲ့ တိုင်တည်ရာ သစ္စာပြုရာ၊ ကတိခံဝန်ချက်တွေပေးရာမှာ သက်သေအဖြစ် လိုက်နေရသလို ဖြစ်နေတယ်။ ချစ်ကြကြိုက်ကြတဲ့အထဲမှာ ဘ၀သံသရာ ဆိုတာကို ယုံကြည်တာတွေလည်းပါတယ်။ ဘ၀ဆက်တိုင်း မိမိချစ်တဲ့သူနဲ့မခွဲမခွာ ပေါင်းရဖို့ဆုတောင်းတွေလည်း တွေ့နိုင်တယ်။ ဘ၀သံသရာဆိုတာ ဘ၀အမျိုးမျိုးဖြစ်နိုင်တယ်။ ဒါကြောင့် ဘယ်ဘ၀မျိုးဘဲဖြစ်ဖြစ်… ကြက်ပဲဖြစ်ဖြစ် ငှက်ပဲဖြစ်ဖြစ်၊ တစ်ကိုင်းတည်းနားပြီး မခွဲမခွာနေချင်တယ်တဲ့။ ဒီလိုပဲပေါ့နော်…
ချစ်စရာကောင်းတဲ့သူနဲ့တွေ့လို့ ပိုင်ဆိုင်ချင်၊ ပေါင်းဖော်လိုချင်တဲ့အခါမှာ လျှောကျလာတဲ့ ချစ်စိတ်တွေနဲ့အတူ ပြောချင်တာတွေကို အကုန်သွန်မှောက်ပြီး ပြောကောင်းကောင်းနဲ့ ပြောတော့တာပေါ့နော်။ အပြောခံရတဲ့သူကလည်း ဒီလိုအပြောခံရတာကို နှစ်သက်တာပါဘဲ။ မိမိချစ်တဲ့သူနဲ့အတူ ပေါင်းဖော်ရတဲ့အခါမှာလည်း တိုင်းထက်အလွန်ပျော်ရွှင်ခြင်း၊ ကျေနပ်ခြင်းဆိုတဲ့ ခံစားမှုဝေဒနာတွေဖြစ်တယ်။ လူသတ္တ၀ါတွေဟာ ဒီလိုစိတ်လှုပ်ရှားခံစားရတဲ့ အချစ်ဝေဒနာတွေနဲ့ဘဲ နေချင်ကြတာ…နေကြရဖို့ကို ဆုတောင်းနေကြတာ…
Friday, October 14, 2011
Thursday, October 13, 2011
ငါ့ရဲ့နင်
ငါမဖိတ်ပဲ
ငါ့နှလုံးသားထဲ ၀င်ခွင့်တောင်းပြီး
ငါ့နှလုံးအိမ်မှာ ခဏနားခိုခဲ့တယ်
ငါမသိပဲ
ငါ့နှလုံးသားထဲ ၀င်ရောက်ပြီး
ငါ့နှလုံးအိမ်ကို သိမ်းပိုက်ခဲ့တယ်
ငါမနှင်ပဲ
င့ါနှလုံးသားထဲက ထွက်ခွာပြီး
ငါ့နှလုံးအိမ်ကို နင်းခြေခဲ့တယ်
ငါ့ဘ၀တစ်ခုလုံး
ငါ့နှလုံးသားတစ်ခုလုံး
ငါ့ဘ၀တစ်ခုလုံးနဲ့
ငါ့နှလုံးသားကိုစတေးပြီး
ငါ
နင့်ကိုပျော်ရွင်မှု့ခဏတာပေးခဲ့
DRAGON
(zawmyohtike.mr@gmail.com)
Wednesday, October 12, 2011
မိမိသူတစ်ပါးအကျိုးများဖို့
မိမိသူတစ်ပါးအကျိုးများဖို့...
ဂေါတမမြတ်စွာဘုရားဟာ သားတော်ရာဟုလာနဲ့ဒေ၀ဒတ်ကို အညီအမျှ မေတ္တာထားနိုင်တော်မူတယ်တဲ့ဗျာ။ ကြည်ညိုလို့ကို မဆုံးနိုင်ပါဘူး။ ဒေ၀ဒတ်ဟာ ဂေါတမဗုဒ္ဓကို အခွင့်သာတိုင်း သတ်ဖို့ကြိုးစားခဲ့တဲ့သူ မဟုတ်လား။ ကိုယ့်ကိုသတ်တဲ့သူကိုတောင် သားတော်နဲ့တစ်တန်းစားတည်း အညီအမျှ မေတ္တာထားနိုင်တယ်ဆိုတော့ ကျွန်တော်တို့ သာမန်လူတွေအတွက် သိပ်အံသြစရာကောင်းပြန်တယ်။
လှပတင့်တယ်သူနဲ့ အကျည်းတန်အရုပ်ဆိုးသူကို အညီအမျှထားပြီးချစ်ခင်ဖို့ခက်တယ်။ ဂုဏ်ရှိသူနဲ့ဂုဏ်မဲ့သူ၊ ချမ်းသာသူနဲ့ဆင်းရဲသူကို အညီအမျှထားပြီးချစ်ခင်ဖို့လည်းခက်တယ်။ ကိုယ့်ဘက်သားနဲ့သူ့ဘက်သားကို အညီအမျှချစ်ခင်ဖို့လည်းခက်တယ်။ တကယ့်မေတ္တာစိတ်ကတော့ အညီအမျှချစ်ခင်တယ်။
ကိုယ့်ကိုချစ်တဲ့သူနဲ့ကိုယ့်ကိုမုန်းတဲ့သူကို အညီအမျှထားပြီး ချစ်ဖို့ကပိုခက်မယ်။ ချစ်သူနဲ့ရန်သူကို အညီအမျှထားပြီး ချစ်ခင်ဖို့ပိုခက်မယ်။ တကယ့်မေတ္တာကတော့ ချစ်သူနဲ့ရန်သူကို အညီအမျှထားပြီးချစ်ခင်နိုင်တယ်တဲ့။
ဒါကြောင့်မေတ္တာဆိုသည်မှာ…ပုဂ္ဂိုသတ္တ၀ါတွေအပေါ် အကျိုးလိုလားတဲ့စိတ်ကို အညီအမျှထားနိုင်ခြင်းဖြစ်တယ်လို့ ဖွင့်ဆိုချက် ပြုကြတာဖြစ်ပါလိမ့်မယ်။ ဆော့ခရတ္တိဖွင့်ဆိုတဲ့မေတ္တာမှာတော့ အကျိုးလိုလားတာ၊ ချစ်တာခင်တာဆိုတာတွေကို ထည့်မတွက်တော့ဘဲနဲ့ စိတ်ကိုသတ္တ၀ါတွေအပေါ် ညီညွတ်စွာထားနိုင်ခြင်းဖြစ်တယ်လို့ ဖွင့်ဆိုချင်ဟန်တူပါတယ်။
လှပသူနဲ့အရုပ်ဆိုးသူ၊ ချစ်သူနဲ့ရန်သူ….သူတို့၊သူတို့အပေါ်မှာ အညီအမျှမေတ္တာ ထားဖို့ဆိုတာ ခက်မှခက်၊ ခက်ပြီးရင်ခက်ပါတယ်။ ဒါကြောင့်မေတ္တာထားနိုင်ဖို့အရေးကို… အင်မတန်ကြိုးစားရတယ်။ ဗုဒ္ဓစာပေတွေမှာ မေတ္တာထားနိုင်သူဟာ တကယ့်ကို စွမ်းနိုင်သူ ဖြစ်ရမယ်တဲ့၊ အဲဒီလူမှာ ယုံကြည်ချက်လည်းရှိရမယ်၊ ကျန်းမာသူလည်းဖြစ်ရမယ်၊ မပျင်းရိသူ၊လုံလရှိသူလည်းဖြစ်ရမယ်၊ဥာဏ်ပညာရှိသူလည်းဖြစ်ရမယ်။စိတ်ထားဖြောင့်မတ်သူလည်းဖြစ်ရမယ်တဲ့ မလွယ်လှဘူး။
စိတ်ထားဖြောင့်မတ်ရမယ်ဆိုတာနဲ့ပတ်သတ်ပြီး ဗုဒ္ဓစာပေတွေမှာ ပြောပုံက…. စိတ်ထားဖြောင့်မတ်သည်လည်းဖြစ်ရာ၏တဲ့။အလွန်စိတ်ထားဖြောင့်မတ်သည်လည်း ဖြစ်ရာ၏တဲ့။ဖြောင့်ရုံတင်မကဘူး။ အလွန့်အလွန်ကို ဖြောင့်ရမယ်တဲ့။ ဆိုလိုတာက ကိုယ်အားဖြင့်၊ နှုတ်အားဖြင့် ကောက်ကျစ်ယုတ်မာမှုကင်းရင်….ဒါကိုဖြောင့်မတ်တယ်လို့ ဆိုလိုတယ်။ စိတ်အားဖြင့် ကောက်ကျစ်ယုတ်မာမှုကင်းရင်….ဒါကိုအလွန့်အလွန်ကို ဖြောင့်မတ်တယ်လို့ဆိုလိုတယ်။ ဟုတ်တယ်။ အထိန်းရအသိမ်းရခက်တဲ့စိတ်ကို မကောက်ကျစ်မယုတ်မာအောင်။ မဟုတ်တာတွေမတွေးမိအောင် ထားနိုင်ထိန်းနိုင်မှ တကယ့်ကို ဖြောင့်မတ်သူဖြစ်မှာ။
ပြီးတော့နူးညံ့ပျော့ပျောင်းသူဖြစ်ရမယ်တဲ့။ဒါမှလဲ မေတ္တာရှင် ဖြစ်နိုင်မှာပေါ့။ ပြီးတော့မာန်မထောင်လွှားသူလည်းဖြစ်ရမယ်။ ရောင့်ရဲလွယ်သူလည်းဖြစ်ရမယ်။ မွေးမြူပြုစုလွယ်သူလည်းဖြစ်ရမယ်။ ဟိုဟာမကျေနပ်နိုင်၊ သည်ဟာမကျေနပ်နိုင်လည်း မဖြစ်ရဘူးပေါ့။ ကိစ္စလည်းနဲရမယ်တဲ့။ အလုပ်တွေထဲမှာ အရှုပ်တွေထဲမှာ ထပ်ရှုပ်နေတာမျိုးတွေ ဖြစ်မနေရဘူးပေါ့။ပြီးတော့….နေထိုင်သွားလာမှုပေါ့ပါးရမယ်။ အိနြေ္ဒလည်းငြိမ်သက်ရမယ် စသည်ဖြင့် ဖော်ပြထားတာတွေရှိတယ်။ ဒီအချက်တွေကို မေတ္တာမထားမီ၊ ဒါမှမဟုတ် မေတ္တာထားနိုင်ရေးအတွက် ကျင့်ဆောင်အားထုတ် ဖြည့်ဆည်းရမယ်တဲ့။ မေတ္တာထားနိုင်ရေးအတွက် အကြိုလေ့ကျင့်ရတာတွေမှာ အခက်အခဲတွေအများကြီးဆိုတော့….
တကယ့်မေတ္တာထားနိုင်ဖို့ မလွယ်ဘူးဆိုတာ သိသာပါတယ်။ လှပတင့်တယ် တပ်မက်ဖွယ်ကောင်းသူကို ချစ်တဲ့အချစ်ကတော့ လွယ်လွယ်ပဲ စိတ်ထဲက လျှောကျလာတတ်တယ်။ လွယ်လွယ်ပဲဖြစ်လာတယ်။ မေတ္တာဆိုတာကတော့ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ကြိုးစားဖန်တီးယူမှဖြစ်နိုင်တယ်။ ခေတ်ကာလတွေကို ကျော်ဖြတ်ပြီး တည်နေနိုင်တဲ့အနုပညာကို ဖန်တီးယူဖို့ခဲယဉ်းသလိုပဲ။ သန့်စင်တဲ့ မေတ္တာ ဆိုတာ ဖြစ်လာဖို့ကလည်း ဖန်တီးယူဖို့ ခက်ပါတယ်။
ဒါပေမယ့် ….အညီအမျှထားနိုင်တဲ့အဖြစ်ကို ရဖို့ရောက်ဖို့ ကြိုးစားနေတယ်ဆိုရင်ပဲ မိမိရော သူတစ်ပါးပါ အကျိုးများစေမှာကတော့သေချာပါတယ်။
သူငယ်ချင်းတို့ရေ ဆရာနန္ဒာသိန်းဇံရေးတဲ့ မိမိသူတစ်ပါးအကျိုးများဖို့ ဆိုတဲ့စာလေးကို ဝေမျှပေးလိုက်ပါတယ်နော်… ပျော်ရွှင်ပါစေသူငယ်ချင်းတို့ရေ…
Tuesday, October 11, 2011
ဗလာနတ္တိ
ဗလာနတ္တိ
နေ့ကညကို လောင်ကျွမ်းတယ်
ငါ့ရဲ့ ၀ိညာဉ်ကိုလည်းလောင်ကျွမ်းခဲ့ပြန်တယ်………..
ညမှာ ငါ နေ့အလင်းတန်းထဲကို တိုးဝင်ခဲ့တယ်
ပြီးတော့ မီးလောင်ကျွမ်းခြင်းဖြင့်
အရိုးပြာအမှုန့်တွေအဖြစ် အဆုံးသတ်ခဲ့တယ်……….
ငါ့ကို အသက်ရှူမ၀အောင်လုပ်တဲ့ ညက
ငါ့ တစ်ကိုယ်လုံးကို ၀ါးမြိုခဲ့တယ်
အားလုံးဟာ ဘာမှမရှိခဲ့သလို ပြောင်းလဲသွားတယ်…………
ညအခါမှာ နေ့အလင်းရောင်တွေဖုံးကွယ်ထားတဲ့
လိမ်ညာမှုတွေကို ငါမြင်တယ်
ဖုံးကွယ်ထားတဲ့မျက်လုံး
ဟန်ဆောင်အပြုံးတွေ
အိမ်မက် မက်ရင်းလမ်းလျောက်နေသူ၊ စကားပြောနေသူတွေ
အချိန်တွေကို တစ်လှမ်းချင်းစီဖြတ်ရင်းနဲ့
နောက်ဆုံးတော့….?
Monday, October 10, 2011
လပြည့်ဝန်းမှညအလင်္ကာသို့.....ကျေးဇူးတင်လွှာ
ကျွန်မဟာလည်း သူနဲ့ခင်မင်လာပြီး သူက အမရေ ကျွန်တော့ဆိုက်မှာ စာတင်ထားတယ်နော် လာဖတ်ပါဦး သူတင်ထားတာလေးကို ဆွေးနွေးအကြံပြုခိုင်းပါတယ် ကျွန်မဘာမှပြောစရာမလိုအောင်ကို သူတင်သမျှစာလေးတွေဟာ အကုန်ကောင်းနေတော့ ကျွန်မက ကွန်မန့်နဲ့ဘဲအားပေးရတာပေါ့ရှင် :P
ဒီလိုနဲ့ သူရဲ့တင်ထားတဲ့စာတွေကို လိုက်ဖတ်ရင်း ning site တွေကိုဝင်ရင်းနဲ့ ကျွန်မဟာလည်း စာတွေကို လေ့လာဖတ်ရှုရင်း ပိုစ့်တွေတင်နေတာပေါ့လေ............
အလုပ်တဖက်နဲ့ ၀ါသနာပါတော့ပေါ့လေ... ဖော်အဲဗားနဲ့အလင်းကမ္ဘာဆိုက်တွေမှာ ပိုစ့်တင်ဖြစ်ပါတယ် ဖတ်ထားတဲ့စာလေးတွေကို ပြန်လည်ဝေမျှပေးတာပါ မောင်လေးညအလင်္ကာလိုတောာ့ ကိုယ်ပိုင်မရေးနိုင်ပါဘူးရှင် ကျွန်မဟာ အွန်လိုင်းမှာ ning site တွေကို ပိုစ့်တင်ရင်းနဲ့ အွန်လိုင်းမှာ မင်းသန့်ဇော်ဆိုတဲ့ ဘလော့ဂါတက်သစ်စလေးနဲ့ခင်မင်ခွင့်ရခဲ့ပါတယ် သူရဲ့ဘလော့ဆိုက်ကလေးကတော့ http://minthantzaww.blogspot.com/ ဖြစ်ပါတယ် သူကလဲကျွန်မတင်တဲ့ပိုစ့်တွေကိုအမြဲအားပေးနေသူပါ တင်သမျှတွေကိုပေါ့လေ သူက အမကဒီလောက်ဝါသနာပါတာ ရေးတာတွေလဲကောင်းတယ် ကျွန်တော့်လို ဘလော့ထောင်ပါလားဆိုပြီး အားပေးပါတယ် ကျွန်မကအလုပ်တဖက်နဲ့ကျောက်မျက်ကုမ္ပဏီမှာစာရင်းကိုင်ဆိုတော့ မအားပါဘူး ဒါပေမယ့် ၀ါသနာပါတာကတော့ အရမ်းပါဘဲ မောင်လေးညအလင်္ကာကလည်း မမအကူအညီလိုရင်ပြော ကျွန်တော်အကုန်ကူညီမယ်ဆိုပီး ထပ်အားပေးပြန်ပါတယ်ရှင် ကျွန်မလည်း အားကျတာနဲ့ ဘလော့လေးကို စတင်လုပ်ဖြစ်ပါတယ် ကျွန်မကိုအများဆုံးကူညီပေးတာကတော့ ကျွန်မရဲ့မောင်လေးညအလင်္ကာပါဘဲရှင် သူကအလုပ်တဖက်နဲ့မအားပေမယ့်အပင်ပန်းခံပြီးကူညီပေးခဲ့ပါတယ် သူရဲ့ သူငယ်ချင်းလေးဖြစ်တဲ့ မောင်လေးနောင်တော်လေး (ဘိုကလေး) http://www.myalaynaing.blogspot.com ကလဲ သူနဲ့အတူကျွန်မကို ၀ိုင်းဝန်းကူညီပေးခဲ့ပါတယ်....
ကျွန်မက့ ဘလော့လုပ်တာကို မသိတာရှိရင် လုပ်တာအဆင်မပြေရင် သူကိုဘဲမေးနေတာပေါ့ရှင် ဒါကိုသူကဖုန်းနဲ့တစ်မျိုးအွန်လိုင်းကတစ်မျိုး အမျိုးမျိုးကူညီပေးခဲ့ပါတယ် ကျွန်မမေးသမျှကို စိတ်ရှည်ရှည်နဲ့ပြောပြကူညီပေးခဲ့ပါတယ် သူကအမရေအားပေးတယ်ဆိုပြီးပေါ့ ကျွန်မရဲ့ http://lapyaewunmdy.blogspot.com/ဆိုက်ကလေးလည်း အခုဆိုအစပျိုးနေပြီပေါ့ရှင် ကျွန်မဖတ်ထားတဲ့ စာတွေ ကျွန်မနှစ်သက်လေးစားရတဲ့စာရေးဆရာကြီးတွေရေးထားတဲ့ဟာလေးတွေ ရင်တွင်းဖြစ်ခံစားချက်လေးတွေ ဘာသာရေးအသိလေးတွေကို သုတရသတွေနဲ့ မျှဝေပြီး ရင်ဖွင့်ခွင့်ရပြီပေါ့ရှင် ကျွန်မရဲ့အလုပ်အားချိန်နားချိန်လေးတွေကို ကျွန်မ၀ါသနာပါတဲ့အရာလေးနဲ့ ပျော်ရွှင်စွာနေခွင့်ရပြီး လေးစားရတဲ့ဘလော့ဂါတွေနဲ့ခင်မင်ခွင့်ရတော့မှာပေါ့ရှင် မောင်လေးညအလင်္ကာကို အထူးကျေးဇူးတင်တဲ့အကြောင်း အခုဆောင်းပါးလေးကနေပြောလိုက်ပါတယ်နော် မောင်လေးတစ်ယောက် ဒီထက်မကအောင်မြင်တဲ့သူဖြစ်ပြီး အိုင်တီလောကကြီးတိုးတက်အောင်လုပ်ဆောင်နိုင်ပါစေ၊ မောင်လေးချစ်တဲ့မိသားစုလေးနဲ့အသက်ထက်ဆုံးပျော်ရွှင်စွာနေရင်းအောင်မြင်တဲ့ဘ၀ကိုပိုင်ဆိုင်နိုင်ပါစေ....လို့ဆုတောင်းရင်းးးးးးးး လပြည့်ဝန်းမှညအလင်္ကာသို့...ကျေးဇူးတင်လွှာဆောင်းပါးလေးကို အဆုံးသတ်လိုက်ပါတယ်ရှင်....
Flash Love Songs english အချစ်သီချင်းကောင်းလေးတွေပါ
- Because I love you
- Because you loved me
- Blue night
- Can you feel the love tonight
- Casablanca
- Close to U
- Cry on my shoulder
- Everyday I love you
- Eye on me
- Forever
- Hãy về đây với anh
- I cry
- I Lay My Love On You
- I miss you finally
- Just to say I love U - a very nice song
- Lover's concerto
- Mouse love rice
- My love
- My Valentine
- Only Hope
- Only love
- Over And Over
- Pretty boy
- Pretty boy 2
- Promises don't come easy
- Rhythm Of The Rain
- Right here waiting for you
- Romeo n Juliet
- Save the best for last
- Scarboroughfair
- Sealed with a kiss
- Sweet dream
- Take me to your heart
- The day you went away
- The day you went aways 2
- The power of love
- You are the love of my life
- You took my heart aways
- When you say nothing at all
- Without you
- Color of the wind
- Graduation
- My star to come
- Dust in the wind
- Green Fields
- Heal the world
- Nocturne 2
- Shining friend
- Songs From A Secret Garden
- Those were the days
- Top of the world
- Yesterday Once More
Sunday, October 9, 2011
ပျောက်ဆုံးနေသော ကိုယ်တစ်ခြမ်း
●●●လူဆိုတာတစ်ယောက်စီမနေနိုင်တဲ့သတ္တဝါလို့ပဲ ပြောဆိုစမှတ်ရှိခဲ့တယ်။
●●●အခြံအရံတွေနဲ့အိမ်ထောင်တွေနဲ့တင့်တယ်မြဲ
●●●ကိုယ်မှာတော့လေ တစ်ကောင်ထဲ…..မျက်စိလည်။
လက်ဖက်ရည်ဆိုင်ရှေ့ကဖြတ်လျှောက်မိတော့ အဆိုတော်စိုင်းထီးဆိုင်ရဲ့တေးသံလေးကလွင့်နေတယ်။
စဉ်းစားရင်းပြုံးမိသေးတယ်။ ကျနော်သူငယ်ချင်း မလပြည့်ဝန်းအကြောင်းကိုပါ။
ကျနော်သူငယ်ချင်းက အပျိုကြီးဆိုတော့ (ကြုံတုန်းဝင်ကြေငြာပေးတာပါ)
အော်……..အချစ်ဆိုခြင်းရဲ့တုပ်နှောင်စွမ်းကို မသိရှာသေးဘူးလေ။ ကျနော်ကတော့ အခုမိသားစုနဲ့ဆိုတော့ သိရှိနေပါပြီလေ။ အချစ်ဆိုတာကို လူတွေက အမျိုးမျိုးအထွေထွေ ပြောကြ ပါတယ်။ ရယူခြင်း၊ ပေးဆပ်ခြင်း အမျိုးမျိုးပေါ့လေ။ ကျနော်က တော့ အချစ်ဆိုသည်မှာ “ပျောက်ဆုံးနေသောကိုယ်တခြမ်း” ရယ်လို့ သာထင်မြင်မိပါတယ်လေ……..။.။
ပုံပြင်လေးက……….ဒီလို……..
ဟိုးရှေးရှေးခေတ်များစွာတုန်းက လူသားတွေက အလွန်အားကြီးကြသတဲ့ နတ်ဘုရားများကိုတောင် ရန်မူနိုင်ကြတဲ့အထိပေါ့၊ အဲ့ဒီလိုရန်မူနိုင်ကြတော့လဲသူတို့တွေကမာန်မာနတွေလဲထောင်လွှားကြသတဲ့ပေါ့။ (မာန်မာနရယ်၊ အောင်မြင်ခြင်းရယ်ဆိုတာ တိုက်ရိုက်အချိုးကျနေတယ်လို့ထင်ပါတယ်) အဲ့ဒီလိုပေါ့သူတို့တွေ ဘာကြောင့်အားကြီး ကြတယ်၊ခွန်အားဗလကောင်းကြသလဲ ဆိုတော့ သူတို့မှာ ကျား၊ မ အင်္ဂါ နှစ်စုံ လုံးပါသတဲ့ကွယ်။ အဲ့သလိုမျိုး ပြည့်စုံနေတော့ သူတို့ကနတ်ဘုရားတွေတောင် ဂရုမစိုက်သလိုတွေဖြစ်လာကြတာမဆန်းဘူးထင်ပါတယ်။ အဲ့ဒီတော့ နတ်ဘုရားများကစိတ်ဆိုးကြတာပေါ့။ သူတို့အုပ်ချုပ်တဲ့ နေရာမှာနေရင်း သူတို့ထက် မာနတွေကြီးနေတော့ မကြိုက်တော့ဘူးပေါ့လေ။ မရိုသေမလေးစားရင် ဘယ်လူကြီးမိဘကမှ ချစ်မြတ်နိုးမှာ မဟုတ်တာ သိပ်သေချာတာပေါ့။အဲ့ဒီတော့ ကဲဒီလောက်တောင် မာန်မာနကြီး၊ ရိုသေလေးစားမှုမရှိတဲ့ လူတွေ ဒီခန္ဓာကိုယ်တွေ နှစ်ပိုင်းကွဲစေလို့ ကျိန်စာတိုက်လိုက်တော့တာပေါ့ ။(တပိုင်းသည် ကျား ။တပိုင်းသည် မ အဖြစ် ကွဲကွာ သွားကြတော့ တာပေါ့လေ) အဲ့ဒီအချိန်ထဲက လူတွေဟာ ခွန်အားအရာ ကျဆုံးပြီး မာန်တွေကျသွားလေတော့ နတ်ဘုရားတွေ ကောင်းမွန် စွာအုပ်ချုပ်နိုင်ကြတော့တာပေါ့။ ဒါအပြင် တစ်ကိုယ်ထဲကနေ နှစ်ပိုင်းခွဲခံလိုက်ရတဲ့ အဲ့ဒီကျားနဲ့မတို့ဟာ ပျောက်ဆုံး သွားတဲ့သူတို့ကိုယ်တစ်ပိုင်းကိုရှာဖွေကြရတော့တာပေါ့။
ဒါကြောင့်လဲ ကျွန်တော်တို့တစ်တွေ ပျောက်ဆုံးနေသော ကိုယ်တခြမ်း ကိုရှာနေကြရတာ ပေါ့လေ။တချို့တွေကလဲ သူတို့ရဲ့ပျောက်ဆုံးသွားတဲ့ ကိုယ်တခြမ်းကိုတွေ့လို့ တချို့ကလဲ ရှာကြဖွေကြဆဲပေါ့။
အိမ်ထောင်ကျလို့ ပျော်ရွှင်နေတဲ့ မိတ်ဆွေများကတော့ သူတို့ရဲ့ ပျောက်ဆုံးသွားတဲ့ကိုယ်တခြမ်းကို ရှာဖွေ တွေ့ရှိသူတွေပေါ့လေ။
သူတို့ရဲ့ပျော်ရွှင်သောအိမ်ထောင်ရေးလေးများထာဝရသာယာပါစေလို့ဆုတောင်းရင်း………………..
ကျနော်သူငယ်ချင်းလည်းဖြစ်တဲ့ မလပြည့်ဝန်းကတော့ ဘယ်အချိန်မှာ သူရဲ့ ကိုယ်တခြမ်းလေးကိုရှာတွေ့မလဲဆိုတာကိုတော့
စောင့်မျှော်နားထောင်လိုက်ပါဦးမယ်။
၂၀၁၁ခုနှစ်၊ အောက်တိုဘာလ(၉)ရက်