ချစ်သောသူတို့အတွက် တန်ဖိုးမဖြတ်နိုင်သော လက်ဆောင်မွန်များ…
(၁)မိမိကိုယ်ကို လေးစားယုံကြည်စိတ်များ ဖြည့်တင်းမြှင့်တင်ပေးခြင်း
ဘ၀အောင်မြင်ရေးအတွက် တန်ဖိုးရှိလှသည့်မိမိကိုယ်ကိုလေးစားယုံကြည်စိတ်များ လူတစ်ယောက်၌ ပြည့်ဝလာစေနိုင်သည့်အလွယ်ကူအထိရောက်ဆုံးနည်းတစ်နည်းကသူတစ်ပါးထံမှလက်ဆောင်အဖြစ်ရရှိခြင်းဖြစ်သည်။ ရုပ်ဝတ္ထူပစ္စည်းများလက်ဆောင်ပေးသလိုမိမိကိုယ်ကိုလေးစားယုံကြည်သောစိတ်ကိုလည်းချစ်ခင်သူများအားပေးအပ်နိုင်ကြပါစေ။
(၂)လောကကိုဟာသဥာဏ်ဖြင့်ရှုမြင်ခံယူတတ်ခြင်း
အကယ်၍သာကျွန်တော်တို့ကြုံကြိုက်ရသည့် အဆင်မပြေမှု၊မျှော်လင့်သလောက် ဖြစ်မလာမှုတွေကို ရယ်မောပျော်ရွှင်စွာခံယူနိုင်မည်ဆိုလျှင် အဘယ်မျှတန်ဖိုးရှိပါမည်နည်း။ကျွန်တော်တို့ကိုယ်ကိုရော ကျွန်တော်တို့ချစ်ခင်သူများကိုပါဟာသဥာဏ်ကလေးနှင့် ကာကွယ်ပေးထားနိုင်မည်ဆိုလျှင် အဘယ်မျှစိတ်ချမ်းသာစရာကောင်းပါမည်နည်း။ စင်စစ်ဟာသဓာတ်ခံဟူသည်ကျွန်တော်တို့အား လောကဓံကို ခံနိုင်ရန် အကာအကွယ်ပေးသည့် ချပ်ဝတ်တန်ဆာတစ်ခုပင်ဖြစ်သော ကြောင့် ချစ်ခင်သူများကို ဟာသဥာဏ်ဖြင့်အကာအကွယ်ပေးနိုင်ပါစေ။
(၃)မိမိမှာရှိသည့် မကောင်းသောအကျင့်များကို ပယ်ဖျောက်ခြင်း
မိမိမှာရှိနေသည့် ကျန်းမာရေးထိခိုက်စေနိုင်သော ရေရှည်၌စိတ်မချမ်းမြေ့ဖွယ်သာ ဖြစ်စေသောအကျင့်ဆိုးတစ်ခုကို ပယ်ဖျောက်ခြင်းသည်မိမိကိုယ်တိုင်ရောမိမိချစ်ခင်သူများကိုပါ အဖိုးမဖြတ်နိုင်သည့် လက်ဆောင်မွန် တစ်ခုပေးအပ်ခြင်းပင်ဖြစ်ပါသည်။ပေးအပ်နိုင်ကြပါစေ။
(၄)ပွင့်ပွင့်လင်းလင်းရင်းရင်းနှီးနှီးဆက်ဆံခြင်း
အတူဆက်ဆံနေရသူကို တစ်စုံတစ်ရာဖုံးကွယ်ထားမိသည်နှင့် တပြိုင်နက်ဆက်ဆံရေးမှာ နည်းနည်းလေးတော့ လျော့သွားစမြဲဖြစ်သည်။စင်စစ်ကိုယ့်အတွင်းစိတ်အနေအထားကို ဖွင့်ဟဖို့ဆိုသည်မှာလည်းအခါခပ်သိမ်းလွယ်ကူသည်တော့မဟုတ်။ သို့သော်သူတစ်ပါးအပေါ် ရိုးစင်းပွင့်လင်းနိုင်ခြင်းမရှိဘူးဆိုကမိမိစိတ်တွင်းမှာလည်း တကယ်ရှင်းလင်းမှန်ကန်နေမည် မဟုတ်ပါ။ ဟန်ဆောင်မှုအဖုံးအကာတွေ မပါသည့်တကယ့်အစစ်အမှန်အနေအထားဖြင့်သာ ကျွန်တော်တို့နီးစပ်ကျွမ်းဝင်သူများအတွက် နှစ်သက်စရာလက်ဆောင်မွန်တွေပေးအပ်နိုင်ကြပါစေ။
သူငယ်ချင်းတို့လည်း ကိုယ့်ရဲ့ချစ်ခင်သူများကိုအဖိုးမဖြတ်နိုင်သော လက်ဆောင်မွန်များ ပေးအပ်နိုင်တဲ့သူတစ်ယောက်ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ။ ဆရာဖေမြင့်ရဲ့ ချစ်သောသူတို့အတွက်တန်ဖိုးမဖြတ်နိုင်သော လက်ဆောင်မွန်များ…ဆိုတဲ့အကြောင်းအရာလေးကို ဝေမျှပေးလိုက်တာပါနော်။
No comments:
Post a Comment