ပရိယာယ်မသုံးဘဲ ပွင့်လင်းရိုးသားဖြူစင်စွာ ဆက်ဆံတာဟာ လူတစ်ယောက်ကို ကိုယ်ကပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်တစ်ခုပါ...

Sunday, January 29, 2012

နှစ်ယောက်တစ်ဘဝ

အချစ်က...
လျော့နည်းလာတာနဲ့ အသစ်ရှာ
စိတ်မောလာတာနဲ့ အသစ်ပြောင်းတာမျိုး မဟုတ်ဘူး။
စံစားဖို့ထက် အတူခံစားမျှဝေနိုင်မယ့်လူတစ်ယောက်ကို ရှာပါ။
ရှောင်ပြေးဖို့ထက် အတူသည်းခံ ခေါင်းခံနိုင်မယ့်လူတစ်ယောက်ကို ရှာပါ။
... အချစ်ကိုတာဝန်ယူဖို့ထက် သင့်ကိုတာဝန်ယူနိုင်မယ့်လူတစ်ယောက်ကို ရှာပါ။
အချစ်ဆိုတာ တစ်ယောက်တည်းကိစ္စမဟုတ်ပါဘူး၊ နှစ်ယောက်အတူကြိုးစားတဲ့ ရလဒ်ဖြစ်တယ်။ နှစ်ယောက်အတူ ရုန်းကန်၊ နှစ်ယောက်အတူ ဖန်ဆင်းတာဖြစ်တယ်။

Saturday, January 21, 2012

 
 
သင့်ကိုတကယ်ချစ်တဲ့ မိန်းကလေးက
သူလိုချင်တာတွေ သိပ်မများဘူး
သူလိုချင်တာတွေက....

ကရော်ကပျက် အနမ်းမဟုတ်ဘူး
... လေးနက်အလေးထားတဲ့ တည်ငြိမ်ခြင်းဖြစ်တယ်။

ဖုန်းတစ်ခါ ပြောရဖို့မဟုတ်ဘူး
သင့်အသံကို သူကြားချင်လို့ဖြစ်တယ်။

ဖြစ်ကတတ်ဆန်းပွေ့ဖက်တာ မဟုတ်ဘူး
စစ်မှန်တဲ့ နွေးထွေးမှုလေးရဖို့ဖြစ်တယ်။

(၁ဝဝ)ကရက် စိန်လက်စွပ်မဟုတ်ဘူး
ရိုးသားစစ်မှန်တဲ့ နှလုံးသားတစ်စုံပဲဖြစ်တယ်။

ခမ်းနားထည်ဝါတဲ့ တိုက်အိမ်ကြီးမဟုတ်ဘူး
သင်နဲ့အတူ ချမ်းမြေ့တဲ့မိသားစုလေး ပိုင်ဆိုင်ရဖို့ဖြစ်တယ်။

ငွေကြေးတွေဖြုန်းတီးပြီး ကမ္ဘာပတ်ဖို့မဟုတ်ဘူး
သင်နဲ့စက္ကန့်တိုင်း နေချင်တဲ့ဆန္ဒပဲဖြစ်တယ်။

လက်ထပ်စာချုပ်တစ်ခုကို ပိုင်ဆိုင်ရဖို့မဟုတ်ဘူး
သူ့ကို တစ်သက် သင်အဖော်ပြုဖို့ဖြစ်တယ်။

ကြီးကျယ်ခမ်းနားတဲ့ လက်ထပ်ပွဲတစ်ခုမဟုတ်ဘူး
သူ့ကိုပဲ သင်ချစ်တဲ့ သက်သေဖြစ်တယ်။

တကယ်တော့ မိန်းကလေးတွေ လိုချင်တာ သိပ်မများပါဘူး
ဒါကို ယောက်ျားလေးတွေ နားလည်ပေးသင့်တယ်။


Wednesday, January 11, 2012

ဘ၀အဖော်မွန်

လူ့ဘဝဒီတစ်သက်......
ပျော်ရွှင်ခြင်း တခဏရှိမယ်
ဝမ်းနည်းခြင်း တခဏရှိမယ်
တွေ့ဆုံခြင်း တခဏရှိမယ်
ခွဲခွာခြင်း တခဏရှိမယ်
... နုပျိုခြင်း တခဏရှိမယ်
လှပခြင်း တခဏရှိမယ်
ကလေးဆန်ခြင်း တခဏရှိမယ်
ရင့်ကျက်ခြင်း တခဏရှိမယ်
စိတ်ရှုပ်ခြင်း တခဏရှိမယ်
နာကျင်ခြင်း တခဏရှိမယ်
ချမ်းမြေ့ခြင်း တခဏရှိမယ်
လောကဓံအနိမ့်အမြင့် တခဏရှိမယ်
ဘယ်လို တခဏပဲရှိရှိ... သင် ရုပ်ဆိုးနေလဲ၊ သင် ဆင်းရဲနေလဲ
သင့်အနားမှ သင့်ကိုမစွန့်မခွာ အဖော်ပြုသူတစ်ယောက်တော့ရှိတယ်

Sunday, January 8, 2012

ကောင်လေးတွေ နားမလည်သော ကောင်မလေးတွေရဲ့ သဘောထား

ကောင်လေးတွေ နားမလည်သော ကောင်မလေးတွေရဲ့ သဘောထား


ကောင်လေးတွေ နားမလည်ဘူး...
သူတို့ လိုချင်တာ ပိုက်ဆံမဟုတ်ဘူး... သင့်ရဲ့ တိုးတက်ကြီးပွားအောင်လုပ်ချင်တဲ့ စိတ်ဓာတ်ကိုပါ....

ကောင်လေးတွေ နားမလည်ဘူး...
နှစ်ယောက်အတူတူ အခက်အခဲကို ရင်ဆိုင်ဖို့ ကြောက်တာမဟုတ်ဘူး...ဒီအခက်အခဲကို ရင်ဆိုင်နိုင်တဲ့ သင့်ရဲ့ သတ္တိကို အလိုရှိတယ်ဆိုတာပါ...

ကောင်လေးတွေ နားမလည်ဘူး....
သင် ရုပ်လှလို့ သက်သက် ချစ်တာမဟုတ်ဘူး...သင်ဟာ သူမရဲ့ ဘ၀ လုံခြုံရေးကို ကုံလုံစေသူဖြစ်လို့ သင့်ကိုချစ်တယ်ဆိုတာကိုပါ....

ကောင်လေးတွေ နားမလည်ဘူး...
တခြားသူတွေ အပေါ်မှာပဲ ဂရုစိုက်နေလို့ စိတ်ဆိုးတာမဟုတ်ဘူး...သင့်အနေနဲ့ သူမကို ကောင်းကောင်း တန်ဖိုးထားစေချင်လို့ပါ....

ကောင်လေးတွေ နားမလည်ဘူး....
သူတို့ သဘောကျတာ သင့်ဆီက ဈေးကြီးတဲ့ လက်ဆောင်မဟုတ်ဘူး... အမြဲတမ်း တောင့်တတာက သင့်ဆီက အကြင်နာ နှလုံးသားပါ...

ကောင်လေးတွေ နားမလည်ဘူး...
သင့်မှာ ရည်မှန်းချက်ဘယ်လောက် ကြီးမားတယ်ဆိုတာ ဂရုစိုက်တာမဟုတ်ဘူး...သင်က ဘယ်လောက်ရိုးသားစွာ သူမအပေါ် စောင့်ရှောက်ပေးနိုင်လဲဆိုတာပါ....


Saturday, January 7, 2012

တကယ်လိုချင်ရင် ရမှာပါမလွဲ

တကယ်လိုချင်ရင် ရမှာပါမလွဲ

“If you want something badly enough
you will get it.”
မင်းတစ်ခုခုကို ဆိုးဆိုးဝါးဝါး လိုချင်နေပြီဆိုရင် အဲဒါကို မင်းရမှာပါပဲ။
ဒါ မှန်ပါတယ်။ မင်းတစ်ခုခုကို အမှန်တကယ် လိုချင်ပြီဆိုရင် အဲဒါကို မင်းရပါလိမ့်မယ်။ လိုချင်တဲ့ ဆန္ဒဆိုတာ လွယ်လွယ်နဲ့ ရပ်မသွားနိုင်တဲ့ တွန်းအားတစ်မျိုးပဲလေ။
မင်းရဲ့ ရည်မှန်းချက်နဲ့ပတ်သက်လို့ စဉ်းစားကြည့်ပါဦး။
- အဲဒါကို မင်းဘယ်လောက်ထိ ဆိုးဆိုးဝါးဝါး လိုချင်သလဲ။
- အဲဒါကိုရဖို့ မင်း အနစ်နာခံနိုင်၊ အပင်ပန်းခံနိုင်မလား။
- ဘယ်လို အခြေအနေမျိုးနဲ့ကြုံရင် မင်း လက်လျှော့လိုက်မှာလဲ။

မင်း တစ်ခုခုကို အမှန်တကယ် ဆိုးဆိုးဝါးဝါး လိုချင်လို့ရှိရင် နောက်ဆုတ်ဖို့ဆိုတာကို

Sunday, January 1, 2012

တကယ်ချစ်ရင်တဲ့


ယောက်ျားလေးတစ်ယောက် သင့်ကို တကယ်ချစ်ရင် အပြုအမူ ၉ ချက် လုပ်တယ်တဲ့...
၁၊ သင် ၀မ်းနည်းနေတဲ့အခါ...သူက မအေးချမ်းဘူး....
၂၊ သင် ၀မ်းသာတဲ့အခါ...သူက ပိုပြီး ၀မ်းသာတယ်...
၃၊ အမြဲလိုလို သင့်အတွက် လိုအပ်တာတွေ ၀ယ်လာပေးတတ်တယ်...သူ့အတွက်တောင် ဘယ်တော့မှ ၀ယ်သုံးလေ့မရှိဘူး..
၎၊ သင့်အလိုကို လိုက်လျောတတ်တယ်...
၅၊ သင့်ရဲ့ မိသားစုကို အရမ်း ဂရုစိုက်တယ်...
၆၊ တခါတလေ သူစိတ်ဆိုးပေမဲ့ သင်နဲ့ ရန်မဖြစ်ဘူး...စိတ်ဆိုးပြီးရင် အချိန်တန်ရင် ပြန်ခေါ်တယ်...
၇၊ သင့်ရဲ့ ခံစားချက်ကို အလေးထားတယ်....
၈၊ သူ့ရဲ့ အပေါင်းအသင်းတွေရှေ့မှာ သင်ကောင်းကြောင်း ကြွားလေ့ရှိတယ်...
၉၊ သင့်အပေါ်မှာ ၇ိုးသားတယ်...ဘယ်တော့မှ မလိမ်ဘူး...မလှည့်စားဘူး...
 
လာလည်သောသူငယ်ချင်းအားလုံးရွှင်လန်းချမ်းမြေ့ပါစေနော်...