ပရိယာယ်မသုံးဘဲ ပွင့်လင်းရိုးသားဖြူစင်စွာ ဆက်ဆံတာဟာ လူတစ်ယောက်ကို ကိုယ်ကပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်တစ်ခုပါ...

Thursday, October 20, 2011

ဘဝမှာ ခဏတစ်ဖြုတ်၊

ဘဝမှာ ခဏတစ်ဖြုတ်၊ လျှပ်တစ်ပြက်တွေက များလွန်းတယ်
ကားဂိတ်မှာ လက်ပြနှုတ်ဆက်တာမျိုး၊ အခုပဲပွေ့ဖက် အခုပဲလမ်းခွဲလိုက်တာမျိုး...
အချိန်တော်တော်များများမှာ နင်နားမလည်သလို ငါလည်းနားမလည်ခဲ့ဘူး။

ဒီလိုပါပဲ......
ပြောရင်းပြောရင်း ပြောင်းလဲကုန်တယ်
နားထောင်ရင်း နားထောင်ရင်း ငြီးငွေ့ကုန်တယ်
ကြည့်ရင်းကြည့်ရင်း စိတ်ကုန်ကုန်တယ်
နောက်က လိုက်ရင်းလိုက်ရင်း နှေးကွေးကုန်တယ်
လျှောက်ရင်းလျှောက်ရင်း လမ်းခွဲကုန်တယ်
ချစ်ရင်းချစ်ရင်း အချစ်လျော့ကုန်တယ်
လွမ်းရင်းလွမ်းရင်း အဆုံးသတ်ကုန်ကြတယ်။

1 comment:

  1. ကိုသန့်ရေ လောကကြီးမှာ ဘယ်အရာမှမတည်ြမဲဘူးဆိုတာ မှန်ပါတယ်ကွယ် အနိစ္စဒုက္ခအနတ္တ ဖြစ်ပျက် ဆိုပီး သတိလေးနဲ့အမြဲမှတ်နေရမှာလေ ဒါပေမယ့်ကွယ် ပြောင်းလဲနေတဲ့လောကကြီးမှာ အင်မတန်ပြောင်းလဲမြန်တာကစိတ်ပါ အမကိုI always Constant တဲ့ ဘယ်တော့မှမပြောင်းလဲဘူးလို့ပြောဘူးခဲ့တဲ့သူရှိခဲ့ဖူးတယ် အခုတော့သူလဲဘာမို့လို့လဲကွယ် ပြောင်းလဲသွားတယ် .... အမကတော့ မပြောင်းလဲခဲ့ပါဘူးကွယ်.... ဘ၀မှာပြောင်းလဲတာတွေများပေမယ့်မပြောင်းလဲတာကတော့ အမတစ်ယောက်တည်းပါဘဲ ဟိဟိ....

    ReplyDelete

လာလည်သောသူငယ်ချင်းအားလုံးရွှင်လန်းချမ်းမြေ့ပါစေနော်...