ပရိယာယ်မသုံးဘဲ ပွင့်လင်းရိုးသားဖြူစင်စွာ ဆက်ဆံတာဟာ လူတစ်ယောက်ကို ကိုယ်ကပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်တစ်ခုပါ...

Sunday, December 25, 2011

၂၀၁၂ အတွက် ပြင်ဆင်ခြင်း

လူနှစ်မျိုးနှစ်စားရှိပါတယ်။
တစ်မျိုးက – အခြေအနေတွေကို ဖြစ်လာမှ တုံ့ပြန်တဲ့သူ၊
နောက်တစ်မျိုးက – ကိုယ်လိုချင်တဲ့ အခြေအနေကို ဖြစ်အောင်ဖန်တီးတဲ့သူတို့ပဲ ဖြစ်ပါတယ်။
၂၀၁၂ ကရော သင့်အတွက် ဘယ်လို အဓိပ္ပါယ်သက်ရောက်မှု ရှိပါသလဲ။
ဖြစ်လာမှ တုံ့ပြန်မှာလား။
ဒါမှမဟုတ် သင် လိုချင်တဲ့ အခြေအနေတစ်ခုဖြစ်အောင် ဖန်တီးမလား။
သင်လိုချင်တဲ့ အခြေအနေတစ်ခုဖြစ်အောင် ဖန်တီးမယ်ဆိုရင်တော့ ၂၀၁၂ အတွက် ပြင်ဆင်နိုင်ဖို့
အညွှန်းတချို့ကို ပေးလိုက်ချင်ပါတယ်။  
၁။ အတိတ်ထဲမှာ ခဏနေပါ
တကယ်တော့ အချိန်ဆိုတာ ပစ္စုပ္ပန်အချိန်ပဲ တန်ဖိုးရှိတာမဟုတ်ပါဘူး။
ယူတတ်မယ်ဆိုရင် အတိတ်ဟာလည်း အလွန်တန်ဖိုးရှိလှပါတယ်။
၂၀၁၁ မှာ သင်ဘာတွေ လုပ်ခဲ့ပါသလဲ။
သင့်ရဲ့ ရည်မှန်းချက်တွေ ဘယ်လောက်ပြီးမြောက်ခဲ့ပါသလဲ။
သင့်ကိုယ်သင် ကျေနပ်ပျော်ရွှင်မှု ရှိခဲ့ပါသလား။
သင်လုပ်ခဲ့တဲ့ အမှားအမှန်၊ အကောင်းအဆိုးတွေကို ပြန်စဉ်းစားကြည့်ဖို့ ခဏလောက် အချိန်ယူလိုက်ပါ။
၂။ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ပါ
ဒီစာမှာ အဓိက ပြောချင်တာက အဲဒါပါပဲ။
အကယ်၍ ၂၀၁၁ မှာ သင် လုပ်သင့်တာတွေ မလုပ်ခဲ့မိဘူးဆိုရင်လည်း သင့်ကိုယ်သင် ခွင့်လွှတ်ပါ။
ပြီးခဲ့တာတွေကို စိတ်တိုနေလို့ သင့်အတွက် အကျိုးမရှိပါဘူး။
အားသစ်မွေးပါ။နှစ်သစ်က ရှေ့မှာ စောင့်ကြိုနေပါတယ်။
သင့်ကိုယ်သင် နောက်ထပ်အခွင့်အရေးတစ်ခု ပေးလိုက်ပါ။
အတိတ်မှာ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့၊ အခုအချိန်မှာ

Thursday, December 22, 2011

လိုက်ဖက်တဲ့ဘဝ

ဘယ်လောက်ပဲ နားထောင်ကောင်းတဲ့သံစဉ်ဖြစ်ဖြစ် ခံစားချက်စာသားလေးပါမှ
ဘယ်လောက်ပဲ လှပတဲ့ပန်းပွင့်ဖြစ်ဖြစ် သစ်ရွက်လေးပါအဖော်ပြုမှ
ဘယ်လောက်ပဲ ကောင်းတဲ့ရုပ်ရှင်ဖြစ်ဖြစ် ဇာတ်ပို့တွေလည်းအားဖြည့်မှ
ဘယ်လောက်ပဲ အသက်ဝင်တဲ့ပန်းချီကားဖြစ်ဖြစ် ရောင်စုံတွေအစဉ်တကျရှိမှ
ဘယ်လောက်ပဲ ချိုမြတဲ့သစ်သီးဖြစ်ဖြစ် မြေဆီမြေသြဇာတွေ စွတ်စိုမှ
... ဘယ်လောက်ပဲ လှပတဲ့မိန်းကလေးဖြစ်ဖြစ် ဂရုစိုက်ခြင်းနဲ့ ပေးဆပ်ခြင်းရှိမှ
ဘယ်လောက်ပဲ ခန့်ချောတဲ့ယောက်ျားဖြစ်ဖြစ် သစ္စာရှိခြင်းနဲ့ ဖြစ်ထွန်းခြင်းရှိမှ
ဘယ်လောက်ပဲ ငြိမ်းချမ်းတဲ့မိသားစုဖြစ်ဖြစ် မိဘစုံစုံလင်လင်ရှိမှ
ဘယ်လောက်ပဲ လှပတဲ့အတိတ်ဖြစ်ဖြစ် အတူတမ်းတတဲ့အဖော်ရှိမှ
ဘယ်လောက်ပဲ ချစ်တတ်တဲ့ချစ်သူဖြစ်ဖြစ် နားလည်ခြင်းနဲ့ ခွင့်လွှတ်ခြင်းရှိမှ
ဘယ်လောက်ပဲ လှပတဲ့ချစ်ခြင်းဖြစ်ဖြစ် ဆံဖြူသွားကျိုးတဲ့အထိခိုင်မြဲမှ

Thursday, December 15, 2011

ပြန်ဆုံချိန်

Align Centerခွဲရတော့မယ်ဆိုတဲ့
အသိကို
အခါခါတွေးမိတိုင်း
င့ါရင်တစ်ခုလုံး
အကြိမ်ကြိမ်နာကျင်ရတယ်
ချစ်သူ……
နင်ပြန်လာမယ်ဆိုတဲ့
မရောရာတဲ့အသိကို
ရင်ဝယ်ပိုက်ရင်း
မျှော်လင့်နေမိတယ်
နင်မရှိတဲ့အချိန်လေးတွေကို
ဘယ်လိုဖြတ်သန်းရမယ်ဆိုတာ
တွေးတောရင်း
ရင်မောမိပါတယ်...
နှလုံးသားချင်းနီးစပ်နေပြီးမှ
ခွဲခွာရလို့…
နာနေတဲ့င့ါရင်ထဲက
နှလုံးသားကို
နင်မသိအောင်
တိတ်တိတ်လေးလျှို့ဝှက်ရင်း
ငိုကြွေးနေတဲ့
င့ါမျက်ဝန်းထဲက မျက်ရည်တွေကို
လူမသိအောင်သိမ်းဆည်းရင်း
နင့်အတွက်ရည်စူးထားတဲ့
နေရာလေးတစ်ခုကို
ဘယ်သူမှဝင်မလာနိုင်အောင်
သော့ခတ်ထားရင်း
နင်ပြန်လာမယ်ဆိုတဲ့တစ်နေ့ကို
ငါစောင့်စားလို့နေဦးမည်..

Tuesday, December 13, 2011

အချစ်....

 
 
 
LOVE ရဲ့တကယ့်အဓိပ္ပာယ်က
L = Listen (နားထောင်တယ်)
O = Oblige (ကျေးဇူးပြုတယ်)
V = V...alue (တန်ဖိုးထား/လေးစားတယ်)
E = Excuse (ခွင့်လွှတ်တယ်)

တစ်သက်တာ လက်တွဲသွားနိုင်မယ့် အချစ်တစ်ခုကိုလိုချင်ရင် အချင်းချင်းရဲ့စကားကို နားထောင်တတ်၊ အချင်းချင်း ကျေးဇူးပြုတတ်၊ အချင်းချင်း တန်ဖိုးထားလေးစားတတ်၊ အချင်းချင်း ခွင့်လွှတ်တတ်ဖို့ သင်ယူရမယ်။

Thursday, December 8, 2011

ထာဝရချစ်နေမှာပါ...

ရန်ဖြစ်စကားများတဲ့အခါ ပြောတဲ့အရာတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ အမှားတွေပါပဲ...မိန်းကလေးတစ်ယောက်ရဲ့ နှုတ်က သင့်ကို ထွက်သွားဖို့ ပြောတယ်ဆိုတာ...သင် သူ့ကို စိတ်ပျော်တဲ့အထိ ချော့ပါလို့ ဆိုလိုတာဖြစ်ပါတယ်။ တကယ်လို့ မိန်းကလေးက သင့်ကို စိတ်ဆိုးပြောဆိုပြီး ထွက်ပြေးသွားတာ ဆိုရင်တော့ ... သင့်ကို သူမရဲ့နောက်က လိုက်စေချင်တဲ့ ဆန္ဒရှိလို့ဖြစ်ပါတယ်၊ သင် မျှော်လင့်ချက်ဆုံးရှုံးတာကို ကြည့်ချင်လို့မဟုတ်ပါဘူး။တကယ်လို့ သူမက... ဒီလိုဖြစ်တာ ရိုးနေပါပြီ ဆိုလာရင်တော့ ဒါဟာ သူမ စိတ်ပျက်နေတာကို သင့်ကို သိစေချင်လို့ပါပဲ၊ အဲဒီအချိန် တောင်းပန်စကားအမြန် ပြောဆိုပါ။ မိန်းကလေးက လမ်းခွဲဖို့ ပြောခဲ့ရင်...သင်က အလျင်အမြန် အခြေအနေကို ထိန်းသိမ်းနိုင်မယ်ဆိုတာ သူမ သိလို့ပါပဲ၊ ဒါကြောင့် သူမကို အသံကျယ်ကျယ်နဲ့ လေးနက်စွာပြောဆိုပါ...သူမကို ထာဝရ ချစ်နေမှာပါ လို့ အသိပေးလိုက်ပါ...

Sunday, December 4, 2011


 လက်ကိုတွဲပြီးနောက် လွယ်လွယ်နဲ့မလွတ်တတ်တဲ့ ... လက်တစ်စုံရှိသလား?
တစ်သက်လုံး မှီထားလည်း လုံခြုံစိတ်ချရတဲ့ ... ပုခုံးတစ်စုံရှိသလား?
တင်းတင်းပွေ့ဖက်ပြီးနောက် ဘယ်တော့မှမခွဲတော့တဲ့ ... အပွေ့အဖက်တစ်ခုရှိသလား?
နောင်ဘဝဆက်တိုင်း ပြန်ဆုံပါရစေဆိုတဲ့ ... ချိန်းဆိုမှုတစ်ခုရှိသလား?
နှလုံးသားမှာ ကမည်းထိုးပြီး တစ်သက်လုံးမမေ့နိုင်တဲ့ ... အချစ်တစ်ခုရှိသလား?
ခွန်အားတွေကုန်ဆုံးသွားလည်း မမေ့ရက်နိုင်တဲ့ ... လူတစ်ယောက်ရှိသလား?
ရှိခဲ့ရင် ဒီဘဝမှာပဲ တန်ဖိုးထားမြတ်နိုးလိုက်ပါ။

ကမ္ဘာပေါ်မှာ နားဝင်အချိုဆုံး အချစ်စကားက "နင့်ကို ငါချစ်တယ်" မဟုတ်ဘူး၊ "ငါတို့ အတူနေရအောင်" လည်း မဟုတ်ဘူး....

ငါအားငယ်ချိန်၊ ခိုကိုးရာမဲ့ချိန်၊ ဝမ်းနည်းကြေကွဲချိန် နင်ပြောတဲ့ "နင့်ဘေးမှာ ငါရှိတယ်" ဆိုတာပဲဖြစ်တယ်

ရန်ဖြစ်ငြင်းခုန်တဲ့အခါ အရင်ဆုံး "ဆောရီး"လို့ တောင်းပန်တဲ့လူဟာ
သူ့အမှားကို ဝန်ခံတာမျိုးမဟုတ်သလို၊ အရှုံးပေး နှလုံးအေးတာလဲ မဟုတ်ဘူး။
ဒီအချစ်ကို တစ်ဘက်လူထက် သူပိုတန်ဖိုးထားမြတ်နိုးလို့ဖြစ်တယ်။ ပိုတည်မြဲစေချင်လို့ဖြစ်တယ်။

အတူနေတာကြာလာတော့ ငြင်းခုန်ရန်ဖြစ်တာမျိုးလည်း ရှိတတ်ကြမှာပေါ့။
တချို့ချစ်သူတွေက အမြဲငြင်းခုန်ရန်ဖြစ်တယ်။ ဒါပေမဲ့ အချိန်တွေတစ်နှစ်ပြီးတစ်နှစ် မခွဲမခွာ သူတို့အတူကျော်ဖြတ်ကြတယ်။

တချို့ချစ်သူတွေက ဘယ်တော့မှ ရန်မဖြစ်ဘူး။ သူတို့ရဲ့နွေးထွေးချိုမြိန်တဲ့အချစ်က တခြားလူတွေအဖို့ အားကျစရာပေါ့။ ဒါပေမဲ့ ရုတ်တရက် လမ်းခွဲပြတ်စဲလိုက်တာမျိုးတွေ ရှိတယ်။

ငြင်းခုန်ရန်ဖြစ်တယ်ဆိုတာ ရူးသွပ်တဲ့ဆက်ဆံပြောဆိုရေးတစ်မျိုးပါ။ သင့်အနားကမခွာဘဲ ငြင်းခုန်ရန်ဖြစ်ဖို့ ကျန်ရစ်ခဲ့သူဟာ သင့်ကိုတကယ်ချစ်တဲ့သူဖြစ်တယ်။ သည်းခံတာတွေ၊ ချုပ်တည်းတာတွေများလာရင် အချိန်မရွေး ပေါက်ကွဲတတ်တဲ့ ဗုံးနဲ့တူလာတယ်။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ထပေါက်ကွဲရင် ခံစားမှုတွေလည်းရှုံး၊ အချစ်တွေလည်း ကွဲကြေသွားပေါ့....

ကျွန်မကြိုက်နှစ်သက်မိသော နိုင်းနိုင်းစနေရဲ့ စာစုလေးတွေပါ......
 




Thursday, December 1, 2011

နားလည်ပေးပါ


မင်းကို နားလည်တဲ့သူရှိရင်...ကံအကောင်းဆုံးပါပဲ၊ ဒီလူက စင်းလုံးချော ဖြစ်ချင်မှဖြစ်မယ်....ဒါပေမဲ့ မင်းရဲ့စိတ်ကို ဖတ်သိနားလည်နိုင်တယ်...မင်းရဲ့စိတ်ဝိဥာဉ်ရဲ့ အနက်ရှိုင်းဆုံးထိ စီးမျောရင်း အရာအားလုံးကို နားလည်နိုင်သူဖြစ်တယ်။ မင်းကို နားအလည်ဆုံးသူဟာ.. မင်းဘေးနားမှာ အမြဲ ရှိနေတတ်တယ်...တိတ်တိတ်လေးမင်းကို စောင့်ရှောက်နေတယ်...မင်းကို နည်းနည်းလေးမျှ သောကရောက်စေမှာ မဟုတ်ဘူး။ တကယ် မင်းကိုချစ်တဲ့သူကတော့... အမြဲတမ်းချစ်တယ်လို့ပဲ တဖွဖွ ပြောနေမှာမဟုတ်ဘူး... မင်းကို ချစ်ကြောင်း လုပ်ရပ်လေးတွေနဲ့ သက်သေပြလိမ့်မယ်...

လာလည်သောသူငယ်ချင်းအားလုံးရွှင်လန်းချမ်းမြေ့ပါစေနော်...