ပရိယာယ်မသုံးဘဲ ပွင့်လင်းရိုးသားဖြူစင်စွာ ဆက်ဆံတာဟာ လူတစ်ယောက်ကို ကိုယ်ကပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်တစ်ခုပါ...

Thursday, December 15, 2011

ပြန်ဆုံချိန်

Align Centerခွဲရတော့မယ်ဆိုတဲ့
အသိကို
အခါခါတွေးမိတိုင်း
င့ါရင်တစ်ခုလုံး
အကြိမ်ကြိမ်နာကျင်ရတယ်
ချစ်သူ……
နင်ပြန်လာမယ်ဆိုတဲ့
မရောရာတဲ့အသိကို
ရင်ဝယ်ပိုက်ရင်း
မျှော်လင့်နေမိတယ်
နင်မရှိတဲ့အချိန်လေးတွေကို
ဘယ်လိုဖြတ်သန်းရမယ်ဆိုတာ
တွေးတောရင်း
ရင်မောမိပါတယ်...
နှလုံးသားချင်းနီးစပ်နေပြီးမှ
ခွဲခွာရလို့…
နာနေတဲ့င့ါရင်ထဲက
နှလုံးသားကို
နင်မသိအောင်
တိတ်တိတ်လေးလျှို့ဝှက်ရင်း
ငိုကြွေးနေတဲ့
င့ါမျက်ဝန်းထဲက မျက်ရည်တွေကို
လူမသိအောင်သိမ်းဆည်းရင်း
နင့်အတွက်ရည်စူးထားတဲ့
နေရာလေးတစ်ခုကို
ဘယ်သူမှဝင်မလာနိုင်အောင်
သော့ခတ်ထားရင်း
နင်ပြန်လာမယ်ဆိုတဲ့တစ်နေ့ကို
ငါစောင့်စားလို့နေဦးမည်..

No comments:

Post a Comment

လာလည်သောသူငယ်ချင်းအားလုံးရွှင်လန်းချမ်းမြေ့ပါစေနော်...