ပရိယာယ်မသုံးဘဲ ပွင့်လင်းရိုးသားဖြူစင်စွာ ဆက်ဆံတာဟာ လူတစ်ယောက်ကို ကိုယ်ကပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်တစ်ခုပါ...

Saturday, March 17, 2012

ဟန်ဆောင်ခြင်း

အသံထွက်ငိုရခြင်းထက်
အသံတိတ်ငိုရခြင်းက ပိုပင်ပန်းတယ်
လူတွေရှေ့ချုံးပွဲချ ၀မ်နည်းပြရခြင်းထက်
လူတွေမမြင်အောင် ဖုံးဖိနေရခြင်းက
ပိုပင်ပန်းတယ် သင့်နှလုံးသားရဲ့အလိုကို
သင်ဆန့်ကျင်နေရတာ ဘ၀မှာအပင်ပန်းဆုံးပဲ ၊
တခါတလေ နှလုံးသားရဲ့ အကြီးမားဆုံး ရန်သူဟာ
ဦးနှောက်ဖြစ်နေတတ်တယ် သူ့ကြောင့်
တခါတလေနှလုံးသားဟာနလံမထူနိုင်ေ
အာင်သေဆုံးသွားတတ်တယ် 

Sunday, March 4, 2012

လူတစ်ယောက်၇ဲ့ ခံနိုင်ရည်ထက်ကျော်လွန်တဲ့ ဒဏ်ရာမပေးပါနဲ့

အကြောင်းအ၇ာ တစ်ခုခုကြောင့် လဲပြိုကျသူ ၊နာကျင်ကြေကွဲသူ ၊လေလွင့် ၇ူးသွပ်သွားသူ ၊အထီးကျန်မူ့နဲ့ သိမ်ငယ်သွားသူ၊
 နောက်ဆုံး ကိုယ့်ကို အဆုံးစီ၇င်သွားတဲ့ သူတွေကို တွေ့တဲ့အခါ ခင်ဗျားတို့အနေနဲ့ " ငါသာဆို၇င် ..ဒီလို မလုပ်ဘူး..
 မဖြစ်ဘူး..မနေဘူး..အ၇ူးံမပေးဘူး..ကျွန်တော်တို့ ဒီလိုပြောခဲ့ကြပါလိမ့်မယ်။ သတ်၇ှိသတ်မဲ့ ဆုတ်ကိုင်ပြလို့ ရတဲ့အရာ
 မှန်သမျှဟာ ကိုယ်ပိုင်ခံနိုင်၇ည်အစွမ်း ဟာ အနည်းနဲ့အများ ပါ၇ှိနေပြီးသားပါ။ ဥပမာ ဆိုပါစို့ဗျာ...လူနှစ်ယောက်မှာ
 စိတ်ဓာတ်ခိုင်မာသူနဲ့ စိတ်ဓာတ်ပျော့သူ ၇ှိသလို ။၊အကိုင်းအခတ်၊ အ၇ွတ်အလတ် ၊ပင်စည်ဖွံ့ဖြိုးကြီးထွားတဲ့ သစ်ပင်နှင့်
 အကိုင်းအခတ် ၊ အ၇ွက် အလတ်နှင့်ပင်စည်သေးသွယ်သောသစ်ပင် ။ လူချင်းအတူတူ ၊ သစ်ပင်ချင်းအတူတူ ဆိုပေမယ့်
 ပိုင်ဆိုင်၇တဲ့ ပုံသဏ္ထန် ၊ ဖြတ်သန်း၇တဲ့ အခြေနေချင်း မတူညီပါဘူး.။ ဆိုပါစို့ဗျာ..ခင်ဗျားအနေနဲ့ ပင်စည်ကြီးထွားတဲ့
 သစ်ပင်တစ်ပင်ကို ခင်ဗျားလက်နဲ့ အလွယ်တကူ ဆွဲနူတ်လိုက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီသစ်ပင်ဟာ ခင်ဗျားပေးတဲ့
 ဒဏ်ချက်ကို ခံနိုင်တဲ့ ခံနိုင်၇ည်၇ှိ နေပါတယ်။ အကယ်ရှ်ျ့ သေးသွယ်တဲ့ သစ်တစ်ပင်ကို ခင်ဗျားအနေနဲ့ နူတ်ယူ
 ချိုးဖြတ်နူတ်ယူလိုက်ဖို့ဆိုတာလွယ်လွယ်ကူကူ ပါပဲ..ဘာလို့လဲဆိုတော့ ခင်ဗျားပေးလိုက်တဲ့ ဒဏ်ချက်ထက်ကျော်လွန်ပြီး သူ့
 မှာ ခံနိုင်၇ည်မ၇ှိလို့ပါ။ တခြားအ၇ာဝတ္ထုတွေလဲ ဒီလိုပါပဲ အတိုင်းအတာတစ်ခုကျော်လွန်၇င် သူတို့၇ဲ့ ဖြစ်တည်မူ့ဟာ
 ပျက်စီးတတ်တာပါပဲ။ခင်ဗျားအနေနဲ့ေ၇က၇ားအိုးမှ ခွက်တစ်ခုထဲကို ဖြည့် ဌဲ့ လိုက်ပါ..ခွက်ဟာသူ့၇ဲ့ ခံနိုင်၇ည်
ထက်ကျော်လွန်သွား၇င် လျှံကျသွားမှာပါ။ သူ့၇ဲ့ခံနိုင်၇ည်ကျော်လွန်သွား၇င်အ၇ာအားလုံးဟာ အတူတူပါပဲ။
 လူ......။
လူဟာ နူးညံ့သော စိတ်ခံစားချက်၇ှိပါတယ်။ သိမ်မွေ့နတ်နဲပြီး စိတ်ဝင်စားစ၇ာအကောင်းဆုံးဟာ လူ့စိတ်ပါပဲ။ ကြမ်းတမ်းလွန်းတဲ့လူသတ်သမားတွေ ၊ တိုက်ပွဲတိုင်း အောင်မြင်သိမ်ပိုက်နိုင်တဲ့ စစ်သူ၇ဲတွေ ၊စင်ပေါ်တတ်
 လတ်ဝှေ့ထိုးသတ်နေသူတွေ ၊ဒီလို အပြင်ပန်းသဏ္ထန်အ၇ ကြမ်းတမ်း၇ဲ့၇င့်ပြတ်သားနိုင်တဲ့ စိတ်၇ှိတယ်လို့ ထင်ပါလိမ့်မယ်။
 တကယ်တော့ နူးညံ့သောစိတ်နှလုံးသားဟာ လူတိုင်းမှာ၇ှိပါတယ်။ ဒီလိုလူတွေဟာ ဘယ်လောက်ပဲ သူတို့ ကြမ်းတမ်း၇ဲ၇င့်
 ပြတ်သားနိုင်ပါစေ သူတို့၇ဲ့နှလုံးသားခံစားချတ်ကို အကြောင်းအ၇ာတခုခုက ပြင်းပြင်းထန်ထန် ထိုးနှက်ခံလိုက်တဲ့အခါမှာ
 သူအန်တုသမျှ ၊ သူထင်ထားသမျှ အ၇ာ၇ာ ၇ိုက်ချိုးခံလိုက်၇၇င် ခံနိုင်၇ည်အားလုံးဟာ အ၇ည်ပျော်ကျသွားမှာပါ။
  
ကြမ်းတမ်းလွန်းတဲ့ လူသတ်သမားတစ်ယောက်ဟာ ငယ်ငယ်လေးကတည်းက လူသတ်လာတာမဟုတ်ပါဘူး။
 သူဖြတ်သန်းလာတဲ့ ဘဝကို ခါးသီးလွန်းတဲ့ အကြောင်းအ၇ာတစ်ခုက သူ့ခံနိုင်၇ည်ကို ၇ိုက်ချိုး လိုက်တာပါ။

စစ်ပွဲတိုင်းကို အောင်မြင်သိမ်းပိုက်ပြီး အ၇ာ၇ာကိုအောင်မြင်နေတဲ့ စစ်သူ၇ဲတစ်ယောက်ကို ဘယ်လိုမှပြုပြင်လို့မ၇တဲ့
အ၇ူံးကို ၇င်ဆိုင်လိုက်၇တဲ့အခါမှာ သူထင်ထားသမျှ ၊သူယုံကြည်ထားသမျှ ၊ သူ၇င်ဆိုင်ခဲ့သမျှ အ၇ာအားလုံး ၇ိုက်ချိုးခံလိုက်၇၇င်
 ကိုယ့်ကိုယ်ကို အဆုံးစီ၇င်လိုက်တဲ့သူ ၊ သုံ့ပန်းဘဝနဲ့ စိတ်ဓာတ်ကျ၇င်း စိတ်နျလုံးနာကျင်၇င်း သေဆုံးသွားသူ ၊
ရူးသွပ်သွားသူ အဖြစ်နဲ့ ခံနိုင်ရည်အားလုံး မဲ့သုဉ်းသွားတာပါပဲ။ လူတစ်ယောက်ဟာ သူထင်ထားသမျှ ၊ ယုံကြည်ခဲ့သမျှ ၊
မျှော်လင့်ခဲ့သမျှ ၊ ၇ည်၇ွယ်ထားခဲ့သမျှကို ၇ိုက်ချိုးဖျတ်ဆီးခံလိုက်၇၇င် လူတစ်ဦးတစ်ယောက်စီ၇ဲ့ ခံနိုင်၇ည်
 အပေးမူတည်ပြီး လဲပြို ပျက်စီးသွားတတ်တာပါပဲ။ စီးပွားေ၇းအ၇ ၊ လူမူ့ေ၇းအ၇ ပျက်စီးသွားတဲ့သူတွေ အများကြီးပါ။
 ဒါဟာ လူတစ်ယောက်ကို လောဂဓံက လူတစ်ယောက်ကို တိုက်ခိုက်လိုက်တဲ့ လောဂဓံ ၇ဲ့၇ိုက်ချက်ပါ ။ ဒါဟာ အပြစ်ဖွဲလို့မ
 ၇တဲ့ ကိုယ့်အတိတ်ကံ၇ဲ့ အ၇ိပ်အမည်းအစက်။
 ဒီနေ၇ာမှာ တစ်ခုပြောချင်ပါတယ်။ လောဂဓံ၇ိုက်ချက်ကြောင့်မဟုတ်ပဲ လူတစ်ဦးတစ်ယောက်က ၇ိုက်ချိုးလိုက်တဲ့ မိမိ၇ဲ့
 စိတ်နှလုံးခံစားချက်ပါ ။ ဆိုခဲ့ပြီးသလို ..လူတစ်ယောက်၇ဲ့ စိတ်ဟာ အ၇မ်းနတ်နဲသိမ်မွေ့တဲ့စိတ်ပါ။

သာမန်လူတစ်ယောက် ၊မိမိနဲ့ ဘာ၇န်ငြိုးမှမ၇ှိသူ ၊သာမန် ဘဝကိုအေးချမ်းစွာ ဖြတ်သန်းသူ ၊ ဘဝကို သူခံနိုင်၇ည်၇ှိသလောက်၇ုန်းကန်းနေသူ၊သူ့လမ်းသူလျှောက် ပုံမှန်ဘဝကိုဖြတ်သန်းသူ ၊ ၇ိုးသားစွာ မိသားစုကို ချစ်မြတ်နိုးစွာ လုပ်ကျွေးပြုသူ ၊ စတဲ့......ဒီလိုသူတွေ၇ဲ့ဘဝကို ခင်ဗျားက ဝင်ေ၇ာက်ပြီး သူမသိတဲ့ ပျော်၇ွင်မူ့တွေ ၊ အိမ်မတ်တွေ ၊ အနာဂတ်တွေ ၊ မျှော်လင့်ချက်တွေ၊ ၇ည်၇ွယ်ချက်တွေ ၊ ယုံကြည်မူ့တွေ မပေးပါနဲ့ ။ အချစ်ဆိုတဲ့ စကားလုံးကို ပေါ့ပေါ့ ပျက်ပျက်သုံးပြီး မဝင်ပါနဲ့ ။ ခင်ဗျားမှာ မသေချာတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ကိုယ့်စိတ်သာယာမူ့တစ်ခုနဲ့ သူ့ဘတ်ကို မဝင်ပါနဲ့။ ခင်ဗျား သဘောထားသလို သူ့ဘတ်က
 သဘောထား၇င်တော့ အခြေအနေကတမျိုးပေါ့။ သူကြင်မှကိုယ်ကြင်၊ သူတစ်ကျပ်ဖိုးဆိုကိုတစ်ကျပ်ဖိုး ၊
 ချင်းစိမ်းနဲ့မိတ်သလင်..ဆိုတဲ့စိတ်နဲ့ တစ်ဖတ်သားက ခံယူ၇င်တော့ ဘာမှမဖြစ်လာပါဘူး။ တစ်ဖတ်သားက မိမိ၇ဲ့ တုန့်ပြန်မူ့ကို
 ၇ိုးသားစွာသတ်ဝင်ယုံကြည်သွား၇င်တော့ ခင်ဗျား၇ဲ့ သဘောထားတွေက သူ့အတွက် နတ်ဆိုး၊သူ့၇ဲ့ ပုံမှန်ဖြစ်တည်မူ့ ဘဝကို
 ချေဖျတ်စီးလိုက်မယ့် လူ့စိတ်မဲ့သူ။ ခင်ဗျား၇ဲ့ တွေ့၇ာလူ ပြောတတ်တဲ့ အချစ်တွေ ၊ သံယောဇဉ်တွေ ၊ အိမ်မတ်တွေ ၊
 အနာဂတ်တွေ ၊ မျှော်လင့်ချက်တွေ ၊ ၇ည်၇ွယ်ချက်တွေ ၊ က သူ့ကို ယုံကြည် ခိုင်မာစေခဲ့၇င် ၊ ချစ်ခင်နှစ်သတ်မြတ်နိုးစေခဲ့၇င် ၊
တွယ်တာနှောင်၇စ်ပတ်စေခဲ့၇င် ခင်ဗျား၇ဲ့ ဆိုးဝါး အောက်ကျလွန်းတဲ့ အဆုံးသတ် တုန့်ပြန်မူ့တွေက သူထင်ထားသမျှ
 .မဟုတ်တော့တဲ့ ခင်ဗျား၇ဲ့ ထိုးနှက်ချက်က သူ့အတွက် ဆောက်တည်၇ာမဲ့ လဲပြိုသွားစေလိမ့်မယ်..။

ခင်ဗျား..လို့အသုံးနူန်းနေ၇ာမှာ စာဖတ်စဉ်အချိန်တွက်ပါ။ သူ..ဆိုတဲ့နေ၇ာမှာ ခင်ဗျား၇ဲ့ နှလုံးသားတွေ
 နစ်ဝင်ပေးထားဖို့တော့လိုပါတယ်..။ဒီနေ၇ာမှာတင် '' ငါသာဆို၇င် ဒီလို ဘယ်တော့မှမဖြစ်ဘူး "လို့
 တွေး၇င်တွေးနေလောက်ပါပြီ။ ခံနိုင်၇ည်နဲ့ ကိုယ်ကြုံတွေ့နေ၇တဲ့ ပစ္စုပ္ပန်ကာလ ပေါ်မှာမူတည်ပြီး ခင်ဗျား ဒီနေ၇ာမှာ
 တွေးချင်သလို တွေးနိုင်ပါတယ်။ ဒါမှမဟုတ် စာေ၇းသားသူဟာ စိတ်ပျော့သူအဖြစ် သတ်မှတ်လို့လည်း၇တယ်.။ဒီနေ၇ာမှာ
 ခင်ဗျား အမြင်ကို ကြိုတ်သလို သဘောထားကွဲလွဲခွင့်၇ှိပါတယ်။

""လူတစ်ယောက်ကို ချစ်၇တာ လွယ်ပါတယ် ၊ အကြာကြီး ချစ်တတ်ဖို့သာ ခတ်တာပါ "" ဆိုတဲ့

ကိုတာယာမင်းဝေ၇ဲ့ စကားကိုသုံးချင်ပါတယ်။ အချစ် ဆိုပြီး လူတွေ မြတ်မြတ်နိုးနိုး သုးံစွဲနေပေမယ့် အချစ်ဟာဘာလဲ..အဖြေကို
 ဘယ်သူမှ တိတိကျကျ ပေးလို့မ၇ပါဘူး။ ဘယ်သူပဲဖြစ်ဖြစ် အချစ်ဟာ ဘယ်လိုပါဆိုပြီး ကိုယ်ထင်ကြေးနဲ့ကိုယ်
 မှန်နေတတ်ပါတယ်။ ကျွန်တော့် အထင် အချစ်ဆိုတာ အဖြေတွေ အများကြီး၇ှိတဲ့ ပုစ္ဆာတစ်ပုဒ်။ ဒီပုစ္ဆာကို ခင်ဗျာအနေနဲ့
 ကြက်ခြေခတ်ပဲဖြစ်ဖြစ် ၊ အမှန် ခြစ်ပဲဖြစ်ဖြစ် ခင်ဗျား၇ဲ့ မှတ်ချက်ဟာ မှန်ပါတယ်..။

လူတစ်ယောက်ကို ချစ်တယ်ဆိုတဲ့ စကားကို လွယ်လွယ်မပြောခင် ၊ အဖြေမပေးခင် ၊ ဝန်မခံခင်
 စဉ်းစားသင့်ဖို့လိုပါတယ် ။တစ်ယောက်နဲ့တစ်ယောက် ချစ်ကြပြီး၇င် စဉ်းစားတွေးပေးဖို့လိုပါတယ်.။ကိုယ်ပြောမယ့်တစ်ဖတ်သား၇ဲ့
 ဘဝအခြေအနေ ဖြတ်သန်းနေမူ့ နောက်ကြောင်းကို ခင်ဗျားနေနဲ့၇င်ဆိုင်၇ဲမှ ဆုံးဖြတ်ပါ။ ခင်ဗျားက အပျော်သဘောပျင်းပြေ
 စိတ်ဖြေ လောက်သဘောထားသလို တစ်ဖတ်လူကလည်း ငါလဲသူ့လိုပဲ အပျင်းပြေ၇ုံလောက်ဆိုပြီး သဘောထား၇င်တော့
 ဘာမှမဖြစ်ပါဘူး။
ဒါပေမယ် ဒီလိုကြိမ်ဖန်များစွာပြုလာ၇င် ယောက်ျားပဲဖြစ်ဖြစ် ၊ မိန်းမပဲဖြစ်ဖြစ် ကြာလာ၇င် ကိုယ့်ကိုယ်ကို
 တန်ဖိုးမထားတတ်လာတော့ဘူး..။မိန်းကလေးအတွက် ပိုဆိုးပါတယ်..။ သေချာတာတော့ ဒီလိုလူတွေအတွက်တော့
 ကိုယ့်စိတ်ဓာတ် နဲ့ အတူ ကိုယ့်နှလုံးသာကို ကိုယ့်လတ်နဲ့ ကိုယ်ကျင့်တ၇ားတွေ ကိုစုတ်ဖြဲလိုက်တာပါပဲ။

 ခင်ဗျားအနေနဲ့ အ၇ာအားလုံးကို ဆုံးဖြတ်ထား၇င် ဘာအကြောင်းနဲ့မှ နောက်မဆုတ်သင့်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက်
 ဘာမဆို၇င်ဆိုင်မယ် ဆိုခဲ့ပြီးမှ ၊ နားလည်မူ့တွေတည်ဆောက်လာခဲ့ပြီးမှ ၊ သံယောဇဉ်တွေ ခိုင်မာလာခဲ့ပြီးမှ ၊
 ယုံကြည်မူ့တွေအမြစ်တွယ်လာပြီးမှ ၊ အနာဂတ်ကို နှစ်ယောက်ပုံဖော် စိတ်ကူးခဲ့ပြီးမှ ၊ အတူတူ ချစ်ကြီးခဲ့ပြီးမှ ၊
 ၇ိုင်း၇ိုင်းပြော၇၇င် ခင်ဗျားတို့ အတူတူ ကျုးလွန်ခဲ့ပြီး၇င် ခင်ဗျားအနေနဲ့ ကျောခိုင်မသွားသင့်ပါဘူး။ ယောက်ျားပဲ ဖြစ်ဖြစ်
 မိန်းမပဲဖြစ်ဖြစ် မလုပ်သင့်ပါ ။ အမုန်းဆုံးက live together စနစ်ပါ..။လုံးဝ ၇ူတ်ချ ခြင်းတော့မဟုတ်ပါ။ခေတ်လူငယ်
 တစ်ယောက်အနေနဲ့ ဒီအမြင်ကို ဆိုပါတယ်..။ဒါပေမယ့် အတူတကွနေလာပြီးမှ တစ်ယောက်နဲ့တစ်ယောက် ဘာမှမဖြစ်သလို
 တစ်လမ်းဆီထွက်သွားခြင်းဟာ စတ်ဆုတ်စ၇ာကောင်းပါတယ်..မြန်မာ့ ယဉ်ကျေးမူ့ကို စော်ကားတဲ့အပြုအမူ ။ဒီလိုလူတွေအတွက်
 ဆိုလိုနေခြင်း မဟုတ်ပါဘူး။
ချစ်ခြင်းတ၇ားကို ၇ိုးသားစွာချစ်ခင်မြတ်နိုးသူတွေအတွက်ပဲ ဆိုလိုပါတယ်။ဒီလိုအခြေအနေအဆင့်ထိ
ေ၇ာက်ခဲ့ပြီးမှ ခင်ဗျားအနေနဲ့ ပြေးထွက်မသွားပါနဲ့။ ခင်ဗျားအနေနဲ့ စောဒက တတ်ချင်တတ်ပါလိမ့်မယ်။ ကံကြမ္မာက
 အခြေအနေမပေးတာတို့ ၊ေ၇ွးချယ်စ၇ာ လမ်းမ၇ှိတော့တာတို့ ၊ လူမျိုးမတူလို့ ၊ ဘာသာကွဲလို့ ဆိုတာတွေပေါ့။ခင်ဗျား အနေနဲ့
 ဆင်ခြေတွေ မြင်းခြေတွေ ပေးပါလိမ့်မယ်။ ဟုတ်ပါတယ်။
 ဒါပေမယ့် ခင်ဗျားအနေနဲ့ ဒါတွေအစကတည်းက သိထားပြီး၇င်လည်း ပြီးမယ် ၊ ဒါတွေ မသိထားလဲ ခင်ဗျား၇င်ထဲမှာ
 အချစ်ဆိုတာ မြတ်နိုးတတ်၇င် ဒါတွေကိုမမြင်တတ်ပါဘူး ဆိုတာလည်း သိဖို့လိုပါတယ်။

ကံကြမ္မာ ဆိုတာကြီးက ခင်ဗျားကို ဘာမှပေးမှမဟုတ်ဘူးဆိုတာ သိဖို့လိုသလို ခင်ဗျားကပဲ ကိုယ့်ကံကြမ္မာကို
 ကိုယ်သာဖန်တီးနိုင်၇မယ် ဆိုတဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မူ့ ၇ှိပါ။ တူနှစ်ကို ၊တဲအိုပျက်မှာနေ၇နေ၇ ၊ ထမင်း၇ည်ပဲအတူ
 လျှက်၇လျှက်၇..ဆိုတဲ့ေ၇ှးစကားပုံအတိုင်း ဒီခေတ်ကြီးမှာ ဒီလောက်အ၇ည်အချင်းမဲ့ သူတွေမ၇ှိပါဘူး။ ဒီစာဖတ်နေစဉ်မှာပဲ
 ခင်ဗျားဟာ ဒိလို အ၇ည်အချင်းမဲ့သူတစ်ယောက်မဟုတ်ဘူးဆိုတာ ကျွန်တော်ယုံပါတယ်။ ဘာလို့လဲဆိုတော့
 ကွန်ပျူတာခလုတ်ပေါ်မှာ ခင်ဗျား လတ်ချောင်းတွေ တင်ထားပြီဆိုကတည်းက ခင်ဗျားမှာ အသိပညာ ၊အတတ်ပညာ ၊
 အ၇ည်အချင်း ၇ှိသင့်သလောက်၇ှိနေပါပြီဆိုတာ သေချာနေလို့ပါ။ လူမျိုးစွဲ ၊ဘာသာစွဲ ၊အဆင့်အတန်းခွဲ ၊ ဝါဒခွဲ ၊
 အစွန်းေ၇ာက်အစွဲ ၊ ဂုဏ်၇ှိန်ဓနခွဲ ၊ ဒါတွေက ပိုပြီး အကျည်းတန်ပါတယ်..ေ၇ှး၇ိုးစွဲ ခေတ်အမြင်မ၇ှိ
 အသိတ၇ားကိုနောက်ပြန်ဆွဲပြီး အသိအမြင်၇ှိပြီးအသိတ၇ားမဲ့သူတွေ၇ဲ့ေ၇ှး၇ိုးစွဲ အယူအဆပါပဲ။

သေချာတွေးကြည့် ခင်ဗျားနဲ့ ကျွန်တော် ဘာတွေ ဘယ်လောက်ပဲ ကွဲကွဲ သေဆုံး၇တာချင်းအတူတူပါပဲ။ ခင်ဗျားနဲ့ကျွန်တော် သေပြီး၇င် တွေးထင်ထားသမျှဘာမှ မသတ်ဆိုင်တော့သလို ..ခင်ဗျား ပြောဆိုခဲ့တဲ့စကားတွေလဲ ပြန်ကြားနိုင်မှာ မဟုတ်တော့ပါဘူး။ မသေခင်မှာ ချစ်ခြင်းမေတ္တာအပြည့်နဲ့ ကိုယ်ကျင့်တ၇ားတွေ ထိန်းသွားတတ်၇င်ေ၇ှ့ဆတ်၇မယ့်သံသ၇ာ ခ၇ီးအတွက် ၇င်အေး၇ပါသေးတယ်။

ချစ်ပြီး ၊ဆုံးဖြတ်ပြီးနောက်ပိုင်း စဉ်းစားတွေးတတ်ဖို့ဆိုတာ စကားခံပြောထားပါတယ်နော်။ သစ်ပင်တစ်ပင်ဟာ
 သူရဲ့သစ်၇ွက်တွေပဲခြွေခြွေ ၊ အကိုင်းအခတ်တွေပဲ ချိုးချိုး ၊ ပင်စည်ပဲ ခုတ်ခုတ် ၊အပွင့်အဖတ်ပဲ ချေချေ နောက်ထပ်
 နောက်တခါပန်းတွေဖူးဝေနိုင်ပါသေးတယ် ၊အ၇ွက်တွေ စိမ်းနိုင်ပါသေးတယ် ၊အကိုင်းအခတ်တွေ ထိုးထွတ်နိုင်ပါသေးတယ်။သူ့၇ဲ့
ေ၇သောက်အမြစ်ကို ခင်ဗျားဆွဲယူ နူတ်လိုက်တာနဲ့ သူ့ဘဝဟာ အ၇ာ၇ာ ခန်းခြောက်သွားပါပြီ ၊။
 အချိန်မှီပြုပြင်သူတစ်ယောက်မ၇ှိ၇င် သူ့အတွက် သေသွားပါပြီ။ ခင်ဗျားနေနဲ့ တစ်ထစ်ချ အချိန်မှီပြုပြင်သူပေါ်လာမယ်လို့
 ယုံကြည်ပါသလား။ အချိန်မမှီခင်လည်း သူသေသွားနိုင်ပါသေးတယ်။ လူတစ်ယောက်၇ဲ့ ခန္ဓာပေါ်မှာ ခင်ဗျားအနေနဲ့
 ဒဏ်၇ာ၇စေခဲ့၇င် အသည်းခိုက်အောင်နာကျင်၇ုံ ပါ။ သွေးထွတ်၇ုံ ပါ။ ဂ၇ုစိုက် ဆေးထည့်၇င် ပျောက်ကင်းနိုင်ပါတယ်။
 လူတစ်ယောက်၇ဲ့ေ၇သောက်မြစ်ဟာ စိတ် ပါပဲ။သူ့ကိုတော့ ဆွဲမနူတ်လိုက်နဲ့..သစ်ပင်နဲ့သေတာချင်းအတူတူ လူနှလုံးသားဟာ
 နာကျင်ခံစားကြေကွဲ၇င် လူဖြစ်၇ူံးခြင်းနဲ့ ဘဝကို စုတ်ပြတ်သပ်သွားစေနိုင်ပါတယ်။ ခင်ဗျားအနေနဲ့လူတစ်ယောက်၇ဲ့စိတ်ကို
 နာကျငကြေကွဲစေလိုက်တာနဲ့ သူထင်ထားတဲ့အ၇ာတွေ ၊ခင်ဗျားပေးခဲ့တဲ့ မျှော်လင့်ချက်တွေ ၊ယုံကြည်မူ့တွေ ၊သံယောဇဉ်တွေ
 ခိုင်မာ ခဲ့သမျှ အိုဗျာ..သူ့မမှာ ဘာဆိုဘာမှ ဖြေသိမ့်စ၇ာ မ၇ှိတော့၇င် သူ့၇ဲ့ခံနိုင်ေ၇ဟာ
 အဆုံးသတ်သွားစေပါလိမ့်မယ်။အပြစ်မ၇ှိလို့ အပြစ်၇ှာ ၊ေ၇ှာင်ကွင်း ထွက်ပြေး၇င် ခင်ဗျားဟာ
 စိတ်ဓာတ်အောက်တန်းစားလူ့အန္ဒ(ဓ) ၊တစ်ယောက်အဖြစ် သတ်မှတ်လိုက်တာပါပဲ။ ခင်ဗျား အနေနဲ့ ငါလုပ်တာ
 ဘယ်သူမှမသိဘူးဆိုပြီး ခင်ဗျား ၇ဲ့ ညစ်ပတ်စုတ်ပြတ်နေတဲ့ နှလုံးသားကို ဖုံးကွယ်ထားနိုင်ကောင်း ထားနိုင်ပါလိမ့်မယ် ။
 ၇ချင်၇မှာပါ။ ဒါပေမယ်လို ...ဘဝမှာ အောက်ကျဆိုး၇ွားတဲ့ အ၇ိပ်မည်းဟာ ..ဒီလို
 ငါလုပ်ခဲ့ဖူးပါလားဆိုပြီး..အမြဲခြောက်လှန့်နေပါလိမ့်မယ်။ အဒီလိုပဲ တဖတ်သားတစ်ယောက်ကလည်း ခင်ဗျား၇ဲ့
 စတ်ဆုတ်စ၇ာကောင်းတဲ့စိတ်ဓာတ်ကို သိသွားပါပြီ။ ( ၇ှတ်တတ်၇င် လဲသေဖို့ကောင်းပါတယ် ) ခင်ဗျားအတွက်ကောင်းတာ
 တစ်ခု၇ှိတယ်..တစ်ဖတ်သူက ၇ိုးသားစွားသစ္စာ ၇ှိ၇ှိ ချစ်နေသူဖြစ်လို့ ခွင့်လွတ်နေမှာပါ..။ဒါပေမယ်လို့ နောက်တစ်ကြိမ်
 ခင်ဗျားမှာ ဖြူစင်တဲ့ ၇င်ခွင်မှာ နောက်တစ်ကြိမ် ပြန်ခိုလှုံ၇ဖို့ဆိုတာတော့ မဖြစ်နိုင်တော့ပါဘူး ။
 ခင်ဗျားကလည်း မာန တစ်ခွဲသားနဲ့ " ငါလည်း ထွတ်ပြီး၇င် လှည့်မကြည့်တတ်ဘူးလို့ " ပြောနိုင်ပါတယ်။
 ဟုတ်ပါတယ်။ဒါပေမယ် နောက်တစ်ခါ လာခြင်းမလာခြင်းဟာ ဘာမှ ထူးခြားတဲ့ ဖြစ်စဉ်အဖြစ် ပြောင်းလဲလာမှာမဟုတ်တော့ဘူး။
 ခင်ဗျား ကျော ခိုင်းသွားပြီးဆိုကတည်းက ခင်ဗျားနောက်မှာ အ၇ိပ်တစ်ခုက အမြဲ၇ှိနေတော့မှာပါ။ ခင်ဗျားကြောင့်
 နာကျင်ကြေကွဲနေသူတွေ၇ဲ့ မနတ်ဖြန်တွေဟာ ခင်ဗျားနဲ့ အတူဖြတ်သန်းလာတဲ့ နေ့၇က်တွေနဲ့ နည်းနည်းမှမတူတော့တာတော့
 သေချာပါတယ်..သူ့စိတ်မှာ ပျော်၇ွင်မူ့တွေ ဟာ အတုအေ၇ာင်တွေအဖြစ် စိတ်ထဲကို နာနာကျင်ကျင်
 စူးနစ်ဝင်ေ၇ာက်သွားပြီလေ။စိတ်နှလုံး နာကျင်ကြေကွဲခြင်း၇ဲ့ ဝေဒနာဟာ လောကမှာ အပူလောင်ဆုံး ၊နာကျင်၇ခတ်ဆုံး ၊
 မွန်းကြပ်ဆုံးပါ ဝေဒနာပါ။ ခံနိုင်၇ည် ၇ှိသရ်ျ့ ခင်ဗျားအတွက် အ၇ာ၇ာဟာ ချောမွေ့နေဦးမှာပါ ။တခြားသူအတွက် ခင်ဗျား၇ဲ့
ေ၇ွးချယ်မူ့ဟာ မှန်ကောင်းမှန်ပါလိမ့်မယ်..ဒါပေမယ် သူ့အတွက်တော့ ကမ္ဘာပျက်လောက်အောင် နာကျင်စေခဲ့ပါပြီ။
 ပျက်စီးသွားပါပြီ။ ခင်ဗျား မ၇ှိ၇င် ၇ူးလောက်အောင် ခံစားပြီး ချစ်တဲ့သူ ကိုစွန့်ခဲ့ပြီ်း ခင်ဗျားမ၇ှိလည်း ဖြစ်နေတဲ့
 သူတွေအတွက်ေ၇ွးချယ်လိုက်၇င် အမှားကြီး မှားသွားပါပြီ။ သူတို့တွေက သူတို့ခံစားချက်နဲ့ထပ်တူကျနေသမျှ သူတို့အတွက်
 လိုအပ်နေသမျှ ခင်ဗျား ဟာ တန်ဖိုး၇ှိမှာပါ..တစ်ချိန်ကျ၇င်...တော့..။
 လောကမှာ ဘယ်သူ အောက်တန်းကျကျ၊ ၇က်စက်စက်၊ လမ်းဘေးသူတောင်းပဲဖြစ်ဖြစ်အဆိုး၇ွားဆုံးဟာ
 မိမိလတ်တွဲဖော် ၊ မိမိနှင့်ထပ်တူထပ်မျှ ချစ်သူအပေါ် ၊မိမိအိမ်ထောင်ဖတ်အပေါ် ဖောက်ပြန်ခြင်းဟာ
 စတ်ဆုတ်၇ွံ၇ှားစ၇ားအကောင်းဆုံး..စိတ်ဓာတ်အောက်တန်းကျဆုံး..လူ့တိ၇ိစ္ဆာန်..လူ့အန္ဒ(ဓ)ကိုယ်ကျင့်တ၇ားမဲ့ဆုံး
 ၊အ၇ှတ်ကင်းမဲ့ဆုံးပါ။
ဒီလိုလူဟာ အပြင်ပုံပန်းအ၇ သူ့လုပ်၇ပ်ဟာ အများတွက်ဖြစ် ၊တစ်ဦးတစ်ယောက်တွက်ဖြစ်စေ ၊
 သမ္မတပဲလုပ်လုပ် ၊ ခေါင်းဆောင်ပဲလုပ်လုပ် သူဟာ အနှစ်သာ၇ ကင်းမဲ့သူ..လူ့ကျင့်ဝတ်နဲ့
 ကိုယ်ကျင့်တ၇ားစည်းမစောင့်သူဖြစ်တာပါပဲ။ ယောက်ျားပဲဖြစ်ဖြစ် ၊မိန်းမပဲဖြစ်ဖြစ် ဒီလိုလုပ်၇ပ်နဲ့ အပြုအမူမျိုး ဟာ
 အောက်တန်းကျတဲ့လူ ၊အဆင့်တန်းမဲ့တဲ့လူ ၊ သာယာမူ့တွေ့၇င် ဖောက်ပြန်တတ်သူဖြစ်နဲ့ ကိုယ့်စိတ်ဓာတ်ကို
 အေ၇ာင်ဆိုးလိုက်တာပါပဲ။ သွေးသားနဲ့တည်ဆောက်ထားတာချင်းအတူတူ စောင့်ထိန်း၇မယ့်အ၇ှတ် ၊အသိ၊ သတိ၊
 ကိုယ့်လတ်တွဲဖော်ကို သစ္စာ စောင်ပသိစွာ ချစ်ခင်ပြီး စောင့်တတ်တဲ့ အသိတ၇ား၇ှိဖို့လိုပါတယ်။ ခင်ဗျား၇ဲ့ အပြုအမူတွေကို
 လုပ်၇က်ကောင်းတွေနဲ့ ဖုံးဖိထားနိုင်ပါတယ်။ မေ့မထားဖို့၇ာက မမြင်၇တဲ့တစ်နေ၇ာမှာ စိမ်းစိမ်းကြီး စိုက်ကြည့်နေတဲ့
 မျက်ဝန်းတစုံက ခင်ဗျား ကိုကြည့်နေပါလိမ့်မယ်။ကိုယ့်စိတ်ကို ခြောက်လှန့်နေပါလိမ့်မယ်ဆိုတာ သိပါ။ ခင်ဗျားဆတ်၇မယ့်
 သံသ၇ာဆိုတဲ့ ခ၇ီး၇ှည်ကြီးထဲကို ကိုယ့်လတ်နဲ့ ကိုယ်တိုင်အိတ်ထ်ဲကောက်ထည့်လိုက်တာပါပဲ။ ခံနိုင်၇ည်၇ှိနေသရ်ျ့ ခင်ဗျား
 အိတ်ထဲကနေ သူ့အလိုလို ဘယ်တော့မှ ထွတ်ကျလာမှာမဟုတ်သေးပါဘူး ။ဒီအဖြစ်ပျက်တွေ
 မေ့ချင်မေ့သွားမယ်။လှောင်၇ယ်ချင်၇ယ်နေလိမ့်မယ်။ သိထားသင့်တာက ကိုယ့်၇ဲ့နောက်မှာ ဒီအဖြစ်အပျက်တစ်ခုနဲ့လုပ်၇ပ် ၊
 နာကျင်ကြေကွဲသွားသူ၇ဲ့ မျက်ဝန်းတွေ က ကိုယ့်စိတ်၇ဲ့နောက်ကျောမှာ အမြဲ ကပ်ပါနေလျက်ပါ။
 အ၇ိပ်ကောင်းတဲ့သစ်ပင်ကို အ၇ွက်လောက်ပဲ ခူးခူး အကိုင်းလောက်ပဲချိုးချိုး သူရဲ့ေ၇သောက်မြစ်ကို
 မခုတ်ဖြတ်မိပါစေနဲ့။ဒီသစ်ပင်ဟာ တခြားသူတွေအတွက် အ၇ိပ်ခိုလှုံ၇ာ ဖြစ်နေလို့ပါ။ အမောဖြေ၇ာ အ၇ိပ်ဖြစ်
 အားကိုးနေလို့ပါ။ဒီအပင်ကိုသေစေလိုက်တာဟာသူ့အပြင်သူ့အပေါ်အားကိုးနေတဲ့တခြားသူတွေပါအားလုံးအ၇ိပ်မဲ့စေတာနဲ့အတူတူပါပဲ။
မျက်မမြင်တစ်ယောက်က ခင်ဗျားကို အားကိုးတကြီးနဲ့ တန်ဖိုးထားချစ်ခင်နေချိန်မှာ ခင်ဗျားအနေနဲ့ လမ်းမှာထား၇စ်ေ၇ာက်စေပြီး
ထွတ်မသွားသင့်ပါဘူး။ ထွတ်မသွားပါနဲ့ သူဟာ ခင်ဗျားကို အ၇ာအားလုံးထတ် တန်းဖိုးထားချစ်ခင်နေလို့ပါ။သူဟာယုံကြည်နေမှာပါ။
စာဖတ်သူအနေနဲ့ ဒီလိုထား၇စ်ခံ၇သူနေ၇ာကနေ ကြည့်ပြီး ""
ငါသာဆို၇င်မဖြစ်ပါဘူး...မလုပ်ပါဘူး..မနေပါဘူး..ပျင်းတောင်ပျင်းသေးတယ် ""လို့ ဆိုနေလောက်ပြီ။ စာေ၇းသူ
ပြောခဲ့ပြီးပါပြီ...သူလိုလူတွေ ဘာကြောင့် ဒီလို စိတ်နာကျင်သွားကြသလဲဆိုတာအားလုံး..။ လူ့၇ဲ့ စိတ်ဟာ
ကစားဖို့မဟုတ်ပါဘူး။ကိုယ့်ကြောင့်လူ့စိတ်ဟာ အကောင်းဘတ်ပြောင်းလဲလာ၇င်တော့ ဝမ်းသာစ၇ာပါ..အဆိုးဘတ်ကို
ပြောင်းလဲသွား၇င်တော့ သူဟာ လုံး ဆိုးသွမ်း၇က်စက်သူ လဲဖြစ်သွားနိုင်သလို လမ်းဘေးလဲေ၇ာက်သွားနိုင်ပါတယ်။စာေ၇းသူ
ပြောချင်တာက နာကျင်သူတစ်ယောက်ကို လှောင်၇ယ်ဖို့ ထတ် ပြုလုပ်သူကိုသာ လှောင်၇ယ်သင့်ပါတယ်။ ခင်ဗျားအနေနဲ့
ကိုယ်တိုင်မလုပ်မိဖို့လည်း လိုပါတယ်..။ခဏလောက် သူ့နေ၇ာကနေ မွန်းကြပ်မူ့ နာကျင်မူ့တွေ ခံစားကြည့်ပါ။
ခံနိုင်၇ည်မဲ့သွားတဲ့ သူ၇ဲ့အထင်အမြင်အယူအဆတွေကိုလေ။
ဆုတ်ကိုင်ပြလို့၇တဲ့ အ၇ာဝတ္ထုမှန်သမျှဟာ သူခံနိုင်၇ည်နဲ့သူ ၇ှိပြီးသားပါ။ ခင်ဗျားအနေနဲ့ ဘာမှမဖြစ်ဘူးဆို
ကိုယ့်ခံနိုင်၇ည်ထတ်ကျော်လွန်တဲ့ ထိုးနှက်ချက်ဒဏ်ကို မတွေ့ကြုံသေးလို့ပါ။ ခြွင်းချက်အနေနဲ့ ခင်ဗျားမှာေ၇ွးချယ်စ၇ာ
လမ်းမ၇ှိတော့ဘူးဆို၇င် တစ်ဖတ်လူ နာကျင်သတ်သာအောင် ၊ဆွေးနွေးတိုင်ပင် ၇ှင်းပြသင့်ပါတယ်။ တစ်ဖတ်သူက
ဒီအခတ်အခဲကို နှစ်ယောက်အတူကျော်နိုင်ဖို့မဖြစ်တော့ဘူးဆို ခင်ဗျားကို ခွင့်လွတ်စွာ အေးအေးချမ်းချမ်း အပြုံးလေးနဲ့
ေ၇ှာင်ဖယ်သွားပါလိမ့်မယ်..။ သူ့အပေါ်သစ္စာမဲ့ချင်တိုင်း မုသားတွေမသုံးဖို့တော့လိုပါတယ်..ဖြေသိမ့်စ၇ာတခုခုတော့
ပေးသင့်ပါတယ်..။မိမိဟာ ဘယ်လို လူစားလဲဆိုတာ မိမိ၇ဲ့ ကိုယ်ကျင့်တ၇ားကပဲ ပေးပါတယ်။ ခင်ဗျာအနေနဲ့ ကျွန်တော့ကို
မုန်းနေလောက်ေ၇ာပေါ့..ဘာမဟုတ်တဲ့စကားတွေ နားထောင်နေ၇တယ်ဆိုပြီး ။ကဲဗျာ..တော်ကြစို့..ကျွန်တော်တို့အားလုံး

သူတစ်ပါး၇ဲ့ စိတ် ခံနိုင်၇ည်အားထတ်ကျော်လွန်ပြီး နာကျင်မူ့ ကြေကွဲမူ့တွေ မပေးတာ အကောင်းဆုံးပါ ..၇င်ထဲမှာ
၇ိုးသားတဲ့အဖြူေ၇ာင် အချစ်တွေမပါပဲနဲ့ ထာဝ၇နဲ့ သစ္စာ ဟာ ဘယ်တော့မှ မပျက်စီးတတ်တဲ့မေတ္တာတ၇ားတွေဆိုတာ
သိတတ်တန်ဖိုးထားတတ်၇င် အချစ်ဆိုတာ တကယ့်ကို ဖြူစင်အေးချမ်းစေတဲ့ စကားလေးပါဗျာ.........။

ဘာသာခြားနဲ့ ယူမယ်ဆိုရင် ဒါတွေစဉ်းစားဖို့လိုတယ်

ဆန်နီနေမင်း

ဘာသာခြားနဲ့ ယူမယ်ဆိုရင် ဒါတွေစဉ်းစားဖို့လိုတယ်



ဦးဇင်းလည်း ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာဝင်တွေ မိမိတို့ဘာသာကို အထူးတလည်သိမြင်ပြီး ပိုမိုကောင်းမှုများများလုပ်တတ်အောင် မြန်မာပြည်နေစဉ်မှာလည်း တောင်းတန်းဒေသမှာမကျန် ကိုယ့်ဘာသာအကြောင်း ဟောပြောဆုံးမသင်ကြားပေးခဲ့ပါတယ်။ ခုလည်း ပြည်ပရောက်တော့ အွန်လိုင်းကနေ သိချင်တာများဖြေပေးခဲ့တာ (၂)နှစ်ပြည့်ခဲ့ပါပြီ။ သို့သော် မိမိလူမျိုးများဟာ ကိုယ့်ဘာသာအကြောင်း မသိလို့လား၊ ဘာလားတော့ မသိ။ တခြားဘက်ကိုရောက်ရောက်သွားတာ မြင်ကြားနေရတော့ စိတ်မချမ်းမြေ့ခဲ့ပါ။ ဒါနဲ့ ဘာသာတစ်ခုနဲ့တစ်ခုမတူရင် ဘယ်လိုတွေပြုလုပ်သင့်သလဲဆိုတာကို ပြည်တွင်းပြည်ပကလူငယ်တွေ အမေးများတာနဲ့ မိမိတက်သိသမျှ ဖြေပေးလိုက်ပါတယ်။

အယူဝါဒတစ်ခု ဘ၀တစ်ခုမှာ လွဲမှားခဲ့လို့ အမှားများစွာပြုလုပ်မိခဲ့မယ်ဆိုရင် အဲဒီအမှားရဲ့ ဆိုးကျိုးဒဏ်တွေဟာ ပြေပျောက်အောင်လုပ်ဖို့ခက်သလို ကောင်းကျိုးတွေပြန်လည်ရရှိအောင် ပြုလုပ်ဖို့ကလည်း ခက်ပါတယ်။ ဒါပြင် ကောင်းကျိုးတွေရရှိအောင်ပြုလုပ်နိုင်မဲ့ ဘ၀တွေ၊ အသိဉာဏ်တွေရှိတဲ့ ဘ၀ကိုရဖို့က ပိုပြီးခက်ပါတယ်။ အဲဒါကြောင့် မျက်မှောက် အသိဉာဏ်ရှိတဲ့ လူ့ဘ၀လေးရရှိချိန်မှာ မျက်မှောက်ဘ၀ခဏတာကောင်းစားရေးကိုပဲမကြည့်ဘဲ ဘ၀များစွာရေရှည်ခရီးကောင်းစားရန်ကိုကြည့်ပြီး အယူဝါဒလွဲမှားမှုတွေနဲ့ မကောင်းမှုတွေကို မပြုလုပ်မိရန်၊ မကောင်းတာကို အကောင်းမထင်တတ်ရန်၊ မကောင်းတာလုပ်နေတာကိုပဲ အကောင်းလုပ်နေတယ်လို့ မထင်မြင်တတ်ရန်အတွက် မိမိမှာ ကောင်းသောအယူဝါဒအမြင် ရှိနေရေးသည် အဓိကအရေးကြီးတဲ့အချက်ဖြစ်တာကြောင့် အဲဒီကောင်းတဲ့အမြင်၊ ယုံကြည်ချက်ကို မိမိဒီဘ၀မှာ လက်ကိုင်ထားပြုလုပ်ဆောင်ရွက်မှသာလျှင် နောက်နောင်ဘ၀များစွာမှာလည်း ကောင်းတာများဆက်လုပ်ပြီးသကာလ ကောင်းကျိုးများခံစားပြီး ကောင်းတဲ့အရပ်ဌါနကို လျင်မြန်စွာရောက်ရှိကာ ဒုက္ခငြိမ်းခြင်းချမ်းသာကို ခံစားရမှာပါ။

အဲဒါကို ယခုခေတ်လူတွေက ရေရှည်ကိုမကြည့်ဘဲ အတိုကာလလေး ကောင်းစားရေးကိုပဲကြည့်ပြီး ဖြစ်သလိုနေထိုင်စားသောက်ပျော်ပါးကာဖြင့် ဘ၀ကိုအဆုံးသတ်ဖို့ ဆုံးဖြတ်ကြတာ များနေပါတယ်။ နောက်နောင်ဘ၀တွေဟာ ကိုယ့်မသိနိုင်သေးတဲ့ဘ၀မို့ ဘယ်လိုပဲ ဆိုးကျိုးများကိုခံစားရပါစေ ဒါတွေက ထည့်တွက်စရာမလိုဘူးလို့ ထင်နေကြပါတယ်။ ဒါပေမဲ့ တကယ်တမ်း စဉ်းစားကြည့်ရင် ဘယ်လုပ်မဆို ကိုယ့်လုပ်ရင် ကိုယ့်လုပ်သလောက် ခံစားရတာမို့ အဆုံးသတ်နိုင်တဲ့နေရာကို မရောက်မချင်း ကိုယ့်လုပ်ခဲ့တဲ့အရာတွေဟာ ကိုယ်ပဲပြန်လည်ခံစားရမှာဖြစ်တယ်ဆိုတာ မျက်မှောက်လုပ်ငန်းများနဲ့ နှိုင်းယှဉ်ကြည့်ရင် သိနိုင်ပါတယ်။ ဒါကြောင့် ယခုဘ၀တစ်ချက်အမှားပြုလုပ်မိလိုက်တာနဲ့ နောက်နောင်မရေတွက်နိုင်တဲ့ ဘ၀တွေမှာ မိမိရဲ့အမှားတစ်ချက်ဟာ ဘ၀များစွာမှာ ဒုက္ခပယ်လယ်နဲ့ကြုံတွေ့ရမှာမို့ ဒီဘ၀မှာ အရေးကြီးဆုံးဖြစ်တဲ့ အမြင်အယူဝါဒ ယုံကြည်ချက်အမှားဖို့နဲ့ မဟုတ်တာကို မပြုလုပ်မိအောင် သတိထားစဉ်းစားရပါမယ်။ ကျန်တဲ့အမှားတွေဟာ ပြင်ဆင်နိုင်ရင် ခဏတာနဲ့ပြေပျောက်ပေမဲ့ အယူဝါဒအမှားကြီးဟာ မှားပြီးရင်မှားလုပ်နေကာ မကောင်းမှုတွေ မိမိဆီမှာ အမြဲရောက်လာအောင် ဖိတ်ခေါ်သလို ပြုလုပ်တတ်တာကြောင့် အလွန်ကြောက်စရာကောင်းတဲ့ အရာတစ်ခုဖြစ်နေတယ်ဆိုတာ သတိထားကြပါ။

မိမိတို့က ယခုလူ့ဘ၀၀ယ် ဘ၀ခရီးဖော်ရှာတဲ့အခါ မိမိလူမျိုး၊ မိဘဆွေမျိုးအသိုင်းဝိုင်းများနဲ့ ရိုးစွဲစွာယုံကြည်လာခဲ့တဲ့ ကောင်းတဲ့အယူဝါဒကနေ သူတစ်ပါးရဲ့ သွေးဆောင်ဖျားယောင်မှု၊ တခဏတာပျော်ပါးစားသောက်နိုင်မဲ့ အခွင့်အရေး ရေတိုကိုကြည့်ပြီး မကောင်းတဲ့အယူဝါဒဘက်ကို မကူးပြောင်းဖို့နဲ့ အယူဝါဒမှားဘက်ကို မလိုက်မိအောင် သတိထားစောင့်ထိန်းကြရမယ်။ ခုခေတ်လူတွေဟာ ခဏတာကောင်းစားရေးကို အဟုတ်မှတ် အကောင်းထင်ပြီး မကောင်းတဲ့ဘက်ကို ပါသွား၊ ပြောင်းသွားတတ်တာဟာ တကယ်စဉ်းစားကြည့်ရင် ကိုယ့်အတွက် ဘယ်လောက်တောင် နစ်နာဆုံးရှုံးတယ်ဆိုတာ စဉ်းစားချင့်ချိန်ကြည့်ရင် သိနိုင်ပါတယ်။

ဥပမာ-မိန်းကလေးတစ်ယောက်ကို တခြားဘာသာယောက်ျားလေးတစ်ယောက်က မင့်ကို ကိုယ်တကယ်ချစ်တာပါ။ မင့်နဲ့ရရင် ကိုယ်မင့်အတွက် တစ်ဘ၀စာ ချမ်းသာစွာနဲ့ ထားမှာပါ။ နောက်ပြီး မင့်နဲ့ကိုယ်နဲ့လက်ထက်ပြီးတဲ့အခါကျရင်လည်း ကိုယ်ကမင့်နဲ့အတူ မင့်ယုံကြည်ချက်အတိုင်း ကောင်းမှုတွေကို အတူလက်တွဲလုပ်ကိုင်မှာပါ။ ကိုယ်တို့ရရှိလာမဲ့ အနာဂတ်မျိုးဆစ်သစ်များကိုလည်း မင့်ရဲ့ဆွေမျိုးမိဘအစဉ်အလာတိုင်း ယုံကြည်ရာကို လုပ်ခိုင်းမှာပါစသည်ဖြင့် မိန်ကလေးနဲ့မရခင်တော့ ယောက်ျားလေးများက ပြောဆိုတတ်ကြပါတယ်။ ဒါပြင် အဲဒီလိုပြောဆိုတဲ့ ဘာသာခြားယောက်ျားလေးများဟာ မိန်းကလေးရဲ့အဌါကို ကျကျနနသိအောင်လေ့လာပြီး မိန်းကလေးရဲ့အားနည်းချက်၊ အားသားချက်များကိုပါ အမိဖမ်းနိုင်လေ့ရှိပါတယ်။ ဥပမာ-ဒီမိန်းကလေးက ဘယ်လိုယောက်ျားလေးမျိုးမှ ကြိုက်တာလဲ။ ဘယ်လိုပုံစံမှ ကြိုက်တာလဲ။ သူ့ကို ဘယ်လိုယုယပြီး သူ့အလိုကို ဘယ်လိုလိုက်မှကြိုက်သလဲစတဲ့အချက်များအပြင် ကာမဂုဏ်ကိစ္စနဲ့ပါ အတွေ့ကြုံရင်ကျက်တာခြင်းမတူတာမို့ အပိုင်သေချာအောင် ကာမဂုဏ်ကိစ္စနဲ့ပါ သိမ်းသွင်းလေ့ ရှိကြပါတယ်။

အဲဒီလိုနဲ့ မိန်းကလေးဟာ မိမိလူမျိုး၊ ဆွေမျိုးမိဘအစဉ်လာ ယုံကြည်လာတဲ့ အယူဝါဒကို ယောက်ျားလေးက တကယ်လိုက်မလိုက်ကို သေချာမစဉ်းဘဲ ယောက်ျားလေးရဲ့ ဆွဲဆောင်မှုတွေပေါ်မှာ သာယာပြီး ယောက်ျားလေးနဲ့ လက်ထက်လိုက်ကြတာ အများကြီးပါ။ တချို့ကျတော့လည်း မိမိလူမျိုး၊ ဆွေမျိုးမိဘတွေ ယုံကြည်လာတဲ့အယူဝါဒကို မလေးစား၊ ဂရုမစိုက်သလို ကိုယ်တိုင်ကလည်း လေ့လာမှုအားနည်းတာရယ်၊ မိဘဆွေမျိုးများရဲ့ သွန်သင်ပေးမှု အားနည်းတာရယ်ကြောင့် အယူဝါဒကို အလေးမထားဘဲ ယောက်ျားလေးဘက်ကို လိုက်သွားကြပါတယ်။ တချို့ကျတော့လည်း ကာမဂုဏ်အာရုံဘက်ကို သာယာမိပြီး ပါသွားတတ်ကြပါတယ်။ ဒါတွေအားလုံးဟာ တစ်ဘ၀စာကောင်းစားရေးကို အထူးအားပေးကာ နောက်နောင်ဘ၀ ရေရှည်ကိုမစဉ်းစားကြလို့ပါ။

အဲဒီတော့ နံပါတ်(၁)အနေနဲ့ မိမိနဲ့ဘာသာလူမျိုးမတူပါက ထိုလူဟာ မိမိယုံကြည်ချက်ကို တကယ်လိုက်မှာဟုတ်မဟုတ်သိရအောင်  သေချာလေး အချိန်ယူလေ့လာသုံးသပ်ပေးရပါမယ်။ အကောင်းဆုံးကတော့ ကိုယ့်ယုံကြည်မှုအယူဝါဒရဲ့ အဓိကအခန်းကဏ္ဍမှာပါတဲ့ သာသနာဘောင်ကို တစ်ပါတ်ဖြစ်စေ၊ တစ်လဖြစ်စေ ၀င်ရောက်ခိုင်းခြင်းဟာ အကောင်းဆုံးပါပဲ။ ယောက်ျားလေးက ဘာသာခြားဆို၊ ဒုလ္လဘရဟန်း၊ မိန်းကလေးဆို သီလရှင် အနည်းဆုံး တစ်ပါတ်တော့ ၀တ်ခိုင်းကြည့်ပေးပါ။ တချို့ဘာသာဝင်တွေဟာ အပေါ်ယံကိုလိုက်လုပ်ပေးတတ်ကြပါတယ်။ ဘုရားရှိခိုးတာ၊ ကောင်းမှုလုပ်တာ၊ ကျောင်းကန်ဘုရားတွေလိုက်ပြီး သူတစ်ပါးယုံကြည်မှုရအောင် လုပ်ပေးတာတွေ့ရပါတယ်။ ဒါတွေဟာ သူတို့ဘာသာရဲ့ အယူဝါဒကို ထိခိုက်သွားတာမဟုတ်သလို သူတို့အယူဝါဒလည်း ပျက်ပြယ်သွားတာမဟုတ်တဲ့အတွက် ဘယ်သူမဆို လိုက်လုပ်ပေးနိုင်ပါတယ်။ ဒါပြင် သူတို့ဘာသာရဲ့ ဆရာသမားတွေ၊ မိဘဆွေမျိုးတွေကလည်း ဒီလောက်ကိစ္စတော့ လုပ်ကိုင်ခွင့်ပေးကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နောက်ပိုင်းသူတို့လက်ထဲရောက်လာလို့ သူတို့ဂွင်ထဲရောက်လာရင် သူတို့စိတ်တိုင်းကျ ပြန်လည်သိမ်းသွင်းပြုလုပ်မယ်လို့ အကြံရှိနေကြလို့ပါ။ ဒါပေမဲ့ ဘာသာခြားများဟာ ဗုဒ္ဓဘာသာရဲ့သာသနာဘောင်ဝင်ရောက်ခြင်းကို ဘယ်သူမှအလွယ်တကူ ခွင့်မပြုကြပါဘူး။ ဒါကြောင့် မိမိကိုတကယ်ချစ်လို့ဖြစ်စေ၊ သူကိုယ်တိုင်က မိမိအယူဝါဒကို ယုံကြည်လို့ဖြစ်စေ မိမိဘာသာဘက်ကို လိုက်နိုင်မလိုက်နိုင် သေချာဖို့ရန်အတွက် သာသနာ့ဘောင်ဝင်ရောက်ခိုင်းမှ အဖြေထွက်မှာပါ။

အဲဒီလို သာသနာ့ဘောင်ကိုဝင်ရောက်ခိုင်းလိုက်မယ်ဆိုရင် ဘာသာခြားယောက်ျားလေးဟာ သူ့ကိုယ်တိုင်မယုံကြည်ရင်ဖြစ်စေ၊ သူ့ဆွေမျိုးအသိုင်းဝိုင်းက လက်မခံနိုင်ရင်ဖြစ်စေ သာသနာ့ဘောင်ဝင်ရောက်ခြင်းကို တားမြစ်ကြပါလိမ့်မယ်။ ဒီလိုတားဖြစ်လာတဲ့အခါ မိမိကိုတစ်ကယ်ချစ်ပြီး မိမိဘာသာကိုယုံကြည်တဲ့လူဆိုရင် မိမိဘက်ကိုပါလာမှာပါ။ ဒါဆိုရင်တော့ ဘ၀လက်တွဲဖော် သတ်မှတ်လို့ရပါတယ်။ အဲဒီလိုမဟုတ်ဘဲ မိမိစမ်းသပ်သလို သူကမလုပ်နိုင်ဘူးဆိုရင်တော့ မိမိနဲ့ဘာသာတူချင်း ဘ၀ခရီးလက်တွဲဖော်ရဖို့ရန် မခဲယဉ်းတာမို့ အဆက်ဖြတ်လိုက်ပါ။

တကယ်တမ်းကျတော့လည်း တချို့လူတွေပြောတဲ့စကားဟာ ခဏတာပဲ မှန်တယ်လို့ ပြောနိုင်ပါတယ်။ ကျွန်တော်၊ ကျွန်မက ဒီလူကိုရမှဖြစ်မယ်၊ ဒီလူမှမရရင် သေမယ်စတာတွေပြောတဲ့လူတွေဟာ နောက်ပိုင်းကျတော့လည်း မုန်းတတ်သွားသလို၊ အိမ်ထောင်ကွဲသွားတဲ့လူတွေလည်း အများကြီးပါ။ ဒါပြင် အဆိုးဆုံးကတော့ တစ်ယောက်ဆို တစ်ယောက်လို့ပြောတဲ့လူတွေက အဲဒီလူနဲ့မရလို့ဖြစ်စေ၊ အဲဒီလူက သေသွားရင်ဖြစ်စေ တခြားတစ်ယောက်နဲ့ အိမ်ထောင်ပြုချစ်ကြိုက်တဲ့လူတွေလည်း အများကြီးပါ။ တကယ်တမ်းသာ တစ်ယောက်ဆိုတစ်ယောက်၊ မင့်မှမင့်ပါဆိုရင် အဲဒီလူနဲ့ ဘယ်လိုကြောင့်ဖြစ်စေ မပေါင်းသင်းရပါက တခြားလူကို စိတ်နဲ့တောင် မပြစ်မှားသင့်ပါဘူး။ ခုတော့ အဲဒီလိုမဟုတ်ကြဘဲ အပေါ်ယံခဏတာ ပါးစပ်ကနေပြောပြီးတာနဲ့ လေထဲမှာပျောက်သွားတတ်ကြပြီး မိမိစိတ်ကို မပိုင်ကြပါဘူး။ ဒါကြောင့် မိန်းကလေးဖြစ်စေ၊ ယောက်ျားလေးဖြစ်စေ ချစ်ခင်ဖို့၊ ဘ၀ခရီးဖော်ရဖို့၊ အိမ်ထောင်ပြုဖို့အတွက် မိမိကသာ လူပီသပါက ခဲယဉ်းသောအရာမဟုတ်ဘူးဆိုတာ သိရှိထားကြပါ။ အဓိကမိန်းဟာ ဒီဘ၀မှာ နောက်ဘ၀များစွာအတွက် ရိက္ခာကောင်းတွေ များများစုသွားနိုင်ဖို့ပါပဲ။

အဲဒီတော့ ရခဲလှတဲ့ ဘ၀ကောင်းလေး၊ သိခဲလှတဲ့ အသိဉာဏ်ကောင်းလေး၊ ရှိခဲ့လှတဲ့ သူတော်ကောင်းတရားလေး၊ ကြုံခဲလှတဲ့ သူတော်ကောင်းတရားထွန်းကားနေချိန်လေးမှာ ဒီဘ၀ထက် နောက်နောင်ဘ၀တွေအတွက်ကို အဓိကထားစဉ်းစားပြီး ပြုလုပ်သွားကြရမယ်ဆိုတာ မမေ့ဖို့နဲ့ ဘာမဟုတ်တဲ့အရာလေးနဲ့ မိမိရဲ့ဘ၀လေးကို အဆုံးရှုံးမခံကြဖို့ သတိတရားအမြဲထာဝစဉ် ရှိနေကြပါလို့ တိုက်တွန်းရင်း ဦးဇင်းရဲ့ ဖြေကြားပေးမှုကို ယခုတော့ ဒီမှာပဲ နိဂုံးချုပ်ပြီး နောက်တစ်ပါတ်ကျမှ ဘာသာခြားများအပေါ် ဘယ်လိုမြင်သလဲ။ ဘာသာတွေမှာ အဓိကမိန်းက ဘာလုပ်ရမှာလဲဆိုတဲ့ အမေးကို ရေးသားဖြေဆိုပေးသွားပါဦးမယ်။ စာဖတ်ပရိတ်သတ်အားလုံး အသိဉာဏ်များတိုးပွားပြီး ကိုယ်စိတ်နှစ်ပါးချမ်းသာကာ ပန်းတိုင်ကိုလျင်မြန်စွာ ရောက်လှမ်းနိုင်ကြပါစေ ဆန္ဒပြုဆုတောင်းပေးလျက်……………။

မှတ်ချက်။ မိမိဘာသာဝင်များအား အသိပညာ၊ ဗဟုသုတရပြီး တွေးတောဆင်ခြင် ဆုံးဖြတ်တတ်အောင် ရေးသားပညာပေးခြင်းဖြစ်ပြီး တခြားဘာသာများကို စော်ကားခြင်း၊ စောင်းပြောခြင်း၊ ပုတ်ခတ်ခြင်း၊ နိမ့်ချခြင်းများ မပါရှိပါ။ သို့ဖြစ်၍ ဤဆောင်းပါးကို လူသားအားလုံး အသိပညာဗဟုသုတရပြီး တွေးခေါ်ဆင်ခြင်တတ်အောင် ဖြန့်ဝေပေးခြင်း၊ ပြောပြခြင်းများဖြင့် ပညာဒါန၊ ဓမ္မဒါနများ ယူကြပါလို့ မေတ္တာရပ်ခံလိုက်ပါတယ်။

အရှင်ကောမလ(ခ)ဆန်နီနေမင်း
sanninaymin@gmail.com
http://www.sanninaymin.com/
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။
Views: 433
Comment ပေးရအောင်

lapyaewun
Follow – Email me when people comment
မလောနဲ့ခဏလေးစောင့်…
lapyaewun Comment by lapyaewun လောလောဆယ်
မှတ်ချက်ကိုဖျတ်မယ်
ဘယ်နေရာဘယ်နိုင်ငံကိုရောက်ရောက် မိမိကိုယ့်ကျင့်တရားနဲ့သိက္ခာကိုတန်ဖိုးထားပီး မိမိလူမျိုးနဲ့ဘာသာသနာကိုစောင့်ရှောက်သင့်ပါတယ်
kyawsankay Comment by kyawsankay 34 minutes ago
စောင့်လေမျိုးနွယ် ဆိုတာကို သိကြရင်ကောင်းမယ်
zarniwin Comment by zarniwin 1 hour ago
စစ်တခုရဲ့ သားကောင်တွေလား..စနစ်တခုရဲ့ သားကောင်တွေလား....စစ်ပြေး..စစ်ဘေးဒုက္ခသည်တွေပါ.....
ဆန်နီနေမင်း Comment by ဆန်နီနေမင်း 2 hours ago
အင်း ဗုဒ္ဓဘာသာမှာ ၀ဋ်ကြွေးဆိုတာတော့ ဘ၀ပေါင်းများစွာက မကောင်းမှုတွေရှိခဲ့ကြတဲ့အတွက် သူ့နေရာသူတော့ ဒုက္ခပြန်လည်ခံစားကြရပါတယ်။ ဒါပေမဲ့ အဲဒီမကောင်းမှုဝဋ်ကြွေးကို ချေဖျက်လို့လည်း ရပါတယ်။ ဒါပြင် အခုလို အိမ်ထောင်ပြုတာဟာ ၀ဋ်ကြွေးနဲ့ မဆိုင်ပေ။ ၀ဋ်ကြွေးရှိခဲ့ရင်တောင် ဒါဟာ အိမ်ထောင်ပြုပြီးမှ ခံရမည်မို့ ယခုဆောင်းပါးသည် အိမ်ထောင်မပြုခင် စဉ်းစားဆင်ခြင်တတ်အောင် ရေးသားတင်ပြပေးခြင်း ဖြစ်ပါတယ်။ နောက်တစ်ခု ရေစက်ဆိုတာ ပဋ္ဌာန်းဆက်ကိုပြောတာပါ။ ဒါဟာလည်း အတူတူသူငယ်ချင်းဖြစ်ခြင်း၊ မိသားစုဆွေမျိုးဖြစ်ခြင်း၊ တစ်ရွာတစ်နိုင်ငံတည်းမှာလူဖြစ်ရခြင်းစတဲ့ အကြောင်းအရာတွေကို ရေစက်လို့ခေါ်တာပါ။ အိမ်ထောင်ပြုတဲ့အခါမှာတော့ ရေစက်ရှိရင် ရမယ်ဆိုတာ ၃၀ ရာခိုင်းနှုန်းသာ မှန်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗုဒ္ဓဘာသာရဲ့ မျက်မှောက်ဘ၀ဟာ ကံတစ်ခုတည်းနဲ့ ဘယ်အရာမှ ထမြောက်အောင်မြင်ခြင်းမရှိဘဲ မျက်မှောက်ဘ၀မှာ ဉာဏ်၊ ၀ီရိယတို့ ပေါင်းစပ်ပေးမှသာ ဘယ်ရာမဆို အောင်မြင်ခြင်းဖြစ်တာမို့ အိမ်ထောင်ပြုတဲ့အခါမှာလည်း မည်မျှလောက်ပင် ရေစက်ပါနေပါစေ စဉ်းစားဆင်ခြင်တတ်တဲ့ဉာဏ်ကသာ အဓိကဆုံးဖြတ်ပေးရမှာမို့ ဉာဏ်ကလည်း အဓိကကျပါတယ်။ မြတ်ဗုဒ္ဓလက်ထက်ကလည်း ရေစက်ပါလို့ အိမ်ထောင်ပြုခါနီးကျမှ ပညာဉာဏ်နဲ့ဆုံးဖြတ်မှုကြောင့် အိမ်ထောင်မပြုလိုက်ရတဲ့လူတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါပြင် ရှင်းအောင်ထပ်ပြောရမယ်ဆိုရင် ဦးဇင်းလည်း ရှေ့ဘ၀များစွာကနေ ရေစက်ပါဖူးတဲ့လူ ဒီဘ၀မှာ သေချာပေါက်ရှိနိုင်ပါတယ်။ သို့သော် ဦးဇင်းရဲ့ ဉာဏ်ဆုံးဖြတ်ကြောင့် မည်မျှလောက်ပင် ရေစက်ပါသူရှိနေပါစေ အဲဒီလူနဲ့ အိမ်ထောင်ပြုခြင်းကို ပြုလုပ်မှာမဟုတ်ပါဘူး။ ဒါဟာ ရေစက်ပါခြင်း ၃၀ ရာခိုင်းနှုန်းဟာ ဆင်ခြင်ဆုံးဖြတ်နိုင်ခြင်း ဉာဏ်တရားကို မလွန်ဆန်နိုင်တာကြောင့် ရေစက်ပါသော်လည်း ဉာဏ်က အဓိကကျတယ်ဆိုတာကို သိသာအောင် ပြောပြပေးခြင်း ဖြစ်ပါတယ်။
ကိုကြီးမိုင်း Comment by ကိုကြီးမိုင်း 3 hours ago
ကိုနေလုံးရေ.. ဗုဒ်ဓဘာသာကို တော်တော်လေး လေ့လားဖူးတယ်ဆိုရင် ဒီလိုမေးခွန်းမျိုးဟာ မေးစရာမလိုအောင်ကို သိသင့်နေပါပြီ. ဗုဒ်ဓဘာသာသာအနေနဲ့ အင်မတန်ဖြေရှင်းရလွယ်ပါတယ်ခင်ဗျာ.. ဆရာတော်ဘုရားပဲ တပည့်တော်တို့ထပ်မံကြားနာရအောင် အကျယ် ရှင်းပြဆုံးမပေးတော့မူပါဘုရား..
NayLone Comment by NayLone 3 hours ago
ဦးဇင် ကျွန်တော်နေလုံးပါ။ ဘာသာခြားပါ ဒါပင်မယ့်ဘာသာရေးသမားတိုင်းကိုကျွန်တော်လေးစားရိုသေပါတယ်။ ကျွန်တော်ဗုဓ္ဒသာသနာနင့်တရားတော်ကိုတော်တော်လေ့လာဖူးပါတယ်။ မေးခွန်းတစ်ခုရိုတယ် လွန်သွားရင်ခွင့်လွှတ်ပါ မှန်ရင်တော့လက်ခံပေးပေါ့။ ဗဓ္ဒတရားတော်မှာပါတယ် ရေစက် ပါလာရင် ဆိုတာရယ်၊ဝဍ်ကြွေး ဆိုတာတွေကရှိရင် ပြီးအောင်ဆပ်သင့်တယ်မဟုတ်လား။ မှန်တယ်ဆိုရင်ဘာသာရေးသမားတစ်ယောက်လုပ်ပြီး ဘာဖြစ်လို့သူမျာရဲ့ပါရမီတွေကို လိုက်တားဆီးနေရတာလည်း။ကျွန်တော်သိသလောက်နဲ့ စောဒက တက်တာပါ။ အဖြေရှိရင်ရှင်းပြပါ ဦးဇင်း
san dar Comment by san dar 9 hours ago
Thanks a lot...
9 diamond Comment by 9 diamond 13 hours ago
ရဟန်းဘောင်ဝင်ခိုင်းရင်တော့ လုံလောက်သလောက်ရှိတယ်ဆိုပေမဲ့။ ဗုဒ္ဓဘာသာမိန်းကလေးက ရဟန်းဘောင်ဝင်ခိုင်းလို့ ဘာသာခြားယောကျာ်းလေးတစ်ယောက်က ရဟန်းဘောင်ဝင်သည်ဖြစ်စေ သူ့စိတ်ထဲမှာ ဗုဒ္ဓရဲ့တရားအဆီအနှစ်တွေ အေးချမ်းမှုတွေအပေါ်မှာ ယုံကြည်မှုမရှိရင်တော့အလကားပဲ။ ဒုတ်ရင်းဒုတ်ရင်းသွားမှာပဲ။ အချို့ဆိုရင် ၀ိပဿနာ တရားကိုကျင့်ကြံအားထုတ်ပြီး ဘယ်အရာနဲ့မှမတူတဲ့ အေးချမ်းမှုကိုခံစားရတာတောင်မှ - ဒါဟာခဏတာအေးချမ်းမှုပဲ ထာဝရအေးချမ်းတာမဟုတ်ဘူးဆိုပြီး ဗုဒ္ဓရဲ့တရားတွေတွေကိုဘယ်ချတတ်ပါတယ်။ နောက်တစ်ခုက သူတို့မှာ ဆေးကြောခြင်းဆိုတာရှိပါတယ်။ ဘာသာခြားတွေ ဗုဒ္ဓရဟန်းဝတ်ဖို့သဘောမတူဘူးဆိုပေမဲ့ သဘောတူလိုက်ရင်လဲ သမီးရည်းစားဘ၀မှာတော့ လိုက်လျှောပြီးဘုန်းကြီးဝတ်ပါရဲ့ လူထွက်ပြီဆိုတာနဲ့ အဲ့ဒီလူကို ရေနှစ်ဆေးကြောခြင်းခံယူလိုက်လို့ ရှိရင်အပြစ်တွေအားလုံးပျယ်ပြောက်ပြီး ၀ိဥာဉ်ဟာသန့်ရှင်းသွားတယ်လို့ သူတို့ဟာခံယူထားပါတယ်။ ရဟန်းဝတ်ပြီး လူထွက်မှ ဆေးကြောခြင်းခံယူလဲရပါတယ်.။ သူတို့အတွက် အရာရာဟာလွယ်လွယ်လေးပါ။ အားလုံးပဲစဉ်းစားကြည့်ပါ ၂ နှစ်သားကနေစပြီး ၁၀ နှစ်သားလောက်ထိ အဲ့ဒီကလေးကို အဖြူရောင်ကို အမြဲရောင်လို့သင်ပေးကြည့်ပါ။ အဲ့ဒီကလေး အသက်ကြီးရင့်လာရင် သူကို အဖြူကိုအဖြူပါလို့ လုံးဝပြောလို့မရတော့ပါ။ အမြဲရောင်ပါလို့ပဲ စွတ်ညင်းတော့မှာပါ။ အဲ့ဒီအထာကိုသိတဲ့ ဘာသာခြားတွေက တော့မူကြိုကျောင်းတွေကို အမြဲတမ်းတိုးချဲပြီးဖွင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် လူငယ်ကလေးဘ၀ကစပြီး ပုံရိုက်ရတာပါ။ အကယ်၍ ကလေးတစ်ယောက်ကို ဘယ်ဘုရားမှမကောင်းဘူး ဘယ်ဘုရားမှကိုယ့်ကိုလာမကယ်ဘူး ကိုယ်လုပ်မှကိုယ်ရတာ အလုပ်မလုပ်ပဲထိုင်နေကြည့် ဘာမှရလာမှာမဟုတ်ဘူး။ မင်းမယုံရင် အခုချက်ခြင်းဆုတောင်းကြည့် ငါ့ရှေ့မှာ မုံ့ရဖို့ဆုတောင်းကြည့်ပါလား ဘုရားကို။ ကလေးကလဲဆုတောင်းမယ် ။ အဲ့ဒီအချိန်မှာ ကလေးကိုမင်းမုန့်ရလားလို့မေးရင် ကလေးကမရဘူးလို့ ဖြေမယ်။ အဲ့ဒီအချိန်မှာ ကလေးကိုပိုက်ဆံပေးပြီးမုံ့ဝယ်ခိုင်းလိုက်။ ခုဏကမင်းဆုတောင်းတာဘာရလဲ။ ကလေးက-ဘာမှမရဘူး။ မင်းကိုပိုက်ဆံပေးပြီး မုန့်ဝယ်ခိုင်းတော့မင်းမုန့်မရဘူးလား။ ကလေး-ရပါတယ်။ အဲ့ဒါဆိုဘုရားက တကယ်မရှိဘူးမဟုတ်လား။ ကလေး-ဟုတ်တယ်။ နောက်နောင် အဲ့ဒီကလေးကြီးပြင်းလာရင် ကွန်မြူနစ်လူကြီးဖြစ်လာတော့တာပါပဲ။ နောက်တစ်ခု- ဘာသာခြားတွေဟာ မြန်မာနှစ်သစ်ကူးသင်္ကြန်ရက်တွေမှာ သူတို့ဘာသာခြားကလေးတွေကို ဗုဒ္ဓဘာသာကလေးတွေနဲ့ ရောပြီးရေကစားမိမှာကြောက်တော့ သင်္ကြန်ရက်တွေမှာ သူတို့ကလေးတွေကို ကလေးတွေစိတ်ဝင်စားတဲ့ တေးဂီတ သင်တန်းတွေ သီချင်းဆိုသင်တန်းတွေ အကသင်တန်းတွေ ဖွင့်ပြီး “ကင့်”သွင်းပြီး သူတို့လိုခြင်တဲ့ပုံစံ သူတို့ကလေးတွေကို ပုံသွင်းပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓ့ဘာသာကလေးတွေကော ခရစ်စမတ်ပွဲတွေမှာ မပါဝင် မဆင်နွဲအောင်လို့ ဘာတွေများလုပ်ဖူးသလဲ။  ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းမှာ ခရစ်မတ်ပွဲနေ့ပွဲတာတွေမှာ ကလေးတွေကိုဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဆိုပြီး ကလေးတွေ ကင့်သွင်းပြီး လုပ်ဖူးပါသလား။ဗုဒ္ဓဘာသာ အပျိုမတွေ၊ လူပျိုတွေကိုလည်း ကိုယ်အမျိုးကိုယ့်ဘာသာကို ချစ်အောင်ကင့်သွင်းပြီး သင်တန်းတွေပေးဖူးပါသလား? ? ? ?  လူကြီး/လူအိုတွေကိုကော တရားပွဲကလွဲရင် ကိုယ့်ဘာသာကိုယ့်အမျိုးတွေကို ချစ်တတ်အောင် ကိုယ့်သားသမီးဘာသာခြားနဲ့ မညားအောင် ညားခဲ့သည်ရှိသော် ဘယ်လိုနေထိုင်ရမယ် ဘယ်လိုစည်းရုံးရမယ် ဆိုပြီး သင်တန်းတွေ ကင့်သွင်းပြိး ပုံစုံရိုက်ပေးဖူးပါသလား။  ဗုဒ္ဓဘာသာမှာကော ကိုယ့်ဇနီးဖြစ်စေ၊ လင်သားဖြစ်စေ ၊ အခြားသူစိမ်းသူကိုဖြစ်စေ ကိုယ့်ဘာသာဖြစ်အောင် ဘယ်လိုစည်းရုံးရမလဲ ဘာတွေစည်းရုံးရမလဲ  ဘာတွေပြောရမလဲ ဘယ်လိုစကားစရမလဲ ဆိုတာမျိုးတွေ ကင့် သွင်းပုံစံရိုက်ပေးဖူးသလား။ ဗုဒ္ဓဘာသာမှာ သာသနာတော်အုပ်ဖြစ်တဲ့ ဆရာတော်ကနေပြီး ဘုန်ကြီးကျောင်းတွေကို အမိန့်စာနဲ့တကွ ဘယ်နေ့ဘယ်ရက်မှာ လူငယ်ဘာသင်တန်း၊ လူကြီးဘာသင်တန်း ဆိုပြီး ကင့်သွင်းပြီး သင်တန်းပေးပါ ဒါမြတ်ဗုဒ္ဓရဲ့အလိုတော်ဆိုပြီး အမိန့်ထုတ်ပြန်ဖူးသလား။ အဲံ့ဒီလိုမျိုးလဲရှိပါသလား။ ဘာသာခြားတွေမှာ တစ်နှစ်ကို သင်တန်းပေါင်း ၃၀ ၊ ၄၀ လောက်ရှိပါတယ် ဗုဒ္ဓဘာသာမှာ တစ်နှစ်နေလို့ ဘုန်းကြီးကျောင်းမှာ ဘာယဉ်ကျေးမှုသင်တန်းရှိပါသလဲ။ ဒါကြောင့် ဘာသာခြားတွေရဲ့စိတ်ကို ဘယ်ပုံဘယ်နည်းနဲ့ စမ်းသပ်ရမယ်ဆိုတာတော့ တော်တော်ခက်ခဲတဲ့အလုပ်ပါ။ ဘာသာခြားမှာ ၀မ်းနည်းပူဆွေးတောင်းပန်မှု၊ ၀န်ခံမှု၊ ဆုတောင်းမှု၊ ဆေးကြောမှုတွေရှိနေတဲ့အတွက် သူတို့ဟာအပြစ်လုပ်မိပေမဲ့လည်း ဘုရားအပေါ်တောင်းပန်မှု၊ ဘုရားရှေ့ ၀န်ခံမှု၊ ဆုတောင်းမှု၊ ဆေးကြောမှုခံယူရင် အပြစ်ကပြေငြိမ်းပါတယ်။ အဲ့ဒါကြောင့် ဘယ်သူဘယ်ဝါမဆို ပါရမီဓါတ်ခံသာမရှိရင်တော့ ဗုဒ္ဓဘာသာအပေါ်ယုံကြည်နိုင်တဲ့သူဖြစ်မှာလဲမဟုတ်ဘူး၊ ဗုဒ္ဓအပေါ် သီးခံမှာလဲမဟုတ်ဘူး ၊ ဗုဒ္ဓကိုလဲအကောင်းမြင်လက်ခံမှာမဟုတ်ပါဘူး။ မှတ်ချက်။ ကျွန်တော်ရေးသားသော comment များသည် တခြားဘာသာများကို စော်ကားခြင်း၊ စောင်းပြောခြင်း၊ ပုတ်ခတ်ခြင်း၊ နိမ့်ချခြင်းများ မပါရှိပါ။ ဗုဒ္ဓဘာသာဝင်တွေရဲ့အားနည်းချက် လိုအပ်ချက်တွေကို ဗုဒ္ဓဘာသာဝင်မျ
TUN WIN Comment by TUN WIN 13 hours ago
တချို့မိန်းမတွေက ငွေ ကို လိင် နဲ့ လဲကြတယ်။ အဲဒါကြောင့် အလွယ်တကူ ဘာသာပြောင်းကြတာ။
nayminn10000 Comment by nayminn10000 14 hours ago
ဘုန်းဘုန်းဘုရား နိင်ငံခြားမှာ လာရောက် အလုပ်လုပ်ကြတဲ့ အမျိုသမီလေးတွေ တချို့လည်း အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက် ဘဝပျက် နေကြတာ ကို ဘုန်းဘုန်း စာပေများဖြင့် အသိပညာပေး ဗဟုသုတပေးစေလိုပါတယ် ဘုရား နောက် အမျိုးသားများကလည်း ကာကွယ်စောင့်ရှောက် ထိန်းသိမ်းသင့်ကြောင်း ပညာပေးစာပေများရေးသားတင်ပေးစေလိုပါသည်ဘုရား နောက်တခု ညစ်ညမ်းဆိုက်တခုကို မလေးရှားမှ့ ဦးဇင်းတပါးက တင်နေကြောင်းကြားသိနေရပါသည်ဘုရား ဘုန်းဘုန်းတို့မှာလည်း တာဝန်ရှိသည်ဟု တပည့်တော် ထင် မြင်မိသောကြောင့် ဘုန်းဘုန်းအား အသိပေးလျှောက်ထားချင်းပါဘုရား ဘုန်းဘုန်းစုံစမ်းပြီး အဖြေရှာစေလိုပါသည်ဘရား ရိုသေလေးစားစွာဖြငင်လျောက်ထားအပ်ပါသည်ဘုရား
Crystal Comment by Crystal 15 hours ago
ကျေးဇူးကြီးမားလှပါတယ်ဆရာတော်....နောင်များတွင်လည်းအလျင်းသင့်သလို ယခုကဲ့သို့ဆောင်းပါး...များများရေးပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်ဘုရား....

Saturday, February 11, 2012

ဆရာတော်ဦးဇောတိက၏မှတ်သားဖွယ်ရာ ဒေါသနည်းအောင်နေနည်း

ဆရာတော်ဦးဇောတိက၏မှတ်သားဖွယ်ရာ ဒေါသနည်းအောင်နေနည်း
လူတိုင်းစိတ်ပင်ပန်းရတာသက်သာအောင်အကောင်းဆုံးလုပ်နည်းကတတ်နိုင်သလောက်ကြိုတင်ကာကွယ်တဲ့ နည်းပါပဲ။
• သွားစရာရှိရင် လိုက်မယ့်သူတွေကို ကြိုကြိုတင်တင် ပြောထားပါ၊ ကပ်ပြီးမှပြောရင် ပြင်ဆင်ချိန် မလောက်လို့ စောင့်နေတဲ့အခါမှာ စိတ်တို တတ်တယ်။
• သုံးနေကျပစ္စည်းကို ကြိုကြိုတင်တင် ၀ယ်ထားပါ၊ သုံးချင်တဲ့အချိန်ကျမှ ကုန်နေလို့ စိတ်တိုတာ မဖြစ်အောင်နော်။
• ကတိအကျွေးတွေဟာ စိတ်ကို ပင်ပန်းစေတယ်၊ ဒါကြောင့် ကတိကိုလွယ်လွယ်နဲ့မပေးပါနဲ့။ ကတိပေးပြီးမှ မတည်နိုင်တဲ့အခါ စိတ်ဆင်းရဲ ရတယ်၊ စိတ်တိုရတယ်၊ ကတိမတည်တဲ့သူလို့ အပြောခံရတဲ့အခါ ရှက်တယ်၊ ဒေါသဖြစ်တယ်။
• မတတ်နိုင်လောက်အောင် မြင့်လွန်းနေတာမျိုးကို မမှန်းပါနဲ့။ ကိုယ့်ရည်မှန်းချက်ဟာ ကိုယ့်အခြေအနေနဲ့ ကိုက်ညီဖို့ လိုတယ်။ ကိုယ့်ရည်မှန်းချက်ကို နဲနဲချင်း ဖြေးဖြေးမြှင့်ပါ။
• ကိုယ့်အတွက် အရေးကြီးတဲ့ ကိစ္စကိုလုပ်ဖို့ အချိန်လုံလောက်အောင် စီစဉ်ထားပါ။ အရေးမကြီးတာတွေကို အရင်လုပ်ပြီး ပင်ပန်းသွားတဲ့အခါကျမှ အရေးကြီးတာကိုလုပ်ရင် ပိုပြီးစိတ်ပင်ပန်း တယ်။ ဒါကြောင့် အရေးကြီးတာကို အရင်လုပ်ပါ။ အရေးကြီးတာကို အရင်လုပ်ပြီးရင် စိတ်ပေါ့ပါးသွားလို့ သိပ်အရေးမကြီးတာကိုလုပ်ဖို့ အားတက်လာမယ်။
• စနစ်တကျလုပ်တတ်တဲ့အကျင့်ကို လေ့ကျင့်ထားပါ။ စနစ်ရှိရင် အချိန်ကုန်သက်သာတယ်၊ အမှားနည်းတယ်၊ စိတ်ပင်ပန်း လူပင်ပန်း ရတာလဲနည်းတယ်။ အဲဒါကြောင့် စိတ်တိုရတာ ဒေါသဖြစ်ရတာပါ နဲသွားတယ်။ ပုံမှန်အချိန်ဇယားနဲ့ လုပ်လို့ဖြစ်တာ မျိုးကို သူ့အချိန်ကျ ရင်လုပ်ဖြစ်အောင် အကျင့်လုပ်ထားတာ ကောင်းတယ်။ အခုလုပ် ရမလား၊ နောက်မှလုပ်ရမလားလို့ တွေးမနေရတော့ဘူး။ အဲဒါကိုက အချိန်ကုန်သက်သာသလို စိတ်ပင်ပန်းတာလဲ သက်သာပါတယ်။
• ကိုယ်နေရတဲ့နေရာ၊ ကိုယ်အလုပ် လုပ်တဲ့နေရာကို တတ်နိုင်သလောက် သန့်ရှင်းသပ်ရပ်အောင် လှပအောင်ပြုပြင်ပါ။ ရှုပ်ထွေး၊ ညစ်ပတ်၊ နံစော် နေတဲ့နေရာမျိုးမှာ အလုပ်လုပ်ရရင် စိတ်ကြည်လင်မှာ မဟုတ်ဘူး။
• စိတ်ကြည်လင်စေမှုကို ဖျက်စီးတတ်တဲ့ အရာမျိုးတွေကို ကိုယ်မြင်နိုင် တဲ့နေရာမှာမရှိပါစေနဲ့။ နံရံပေါ်မှာ၊ စာအုပ်စင်ပေါ်မှာ၊ အလုပ်စားပွဲ ပေါ်မှာ စိတ်ကိုအနှောက်အယှက် ပေးနိုင်တဲ့အရာတွေကို မရှိပါစေနဲ့။ စိတ်တိုစရာကိစ္စ၊ စိတ်ညစ်စရာကိစ္စ၊ အဟောင်းကို အသစ်ဖြစ်အောင် လုပ်မဲ့ ပစ္စည်းမျိုးကို မြင်နိုင်တဲ့နေရာမှာ မထားတာကောင်းတယ်။ ကြည့်လိုက်တာနဲ့ စိတ်ကို ကြည်လင်အေးချမ်းသွားစေနိုင်တဲ့ ရှုခင်း ဓါတ်ပုံမျိုးကို မြင်သာတဲ့နေရာမှာ ထားပါ။ ရေခဲတောင် ဓါတ်ပုံမျိုး၊ ရေကန်ကြီးကြီး ဓါတ်ပုံမျိုးကို ကြည့်ကြီး အဲဒိနေရာမျိုးမှာ ကိုယ်ရောက် နေတယ်လို့ မှန်းကြည့်ပါ။ ကိုမြင်သမျှ ကြားသမျှအရာတွေဟာ ကိုယ့်စိတ်ကို လွှမ်းမိုးတယ်။ ဒါကြောင့် မမြင်ရရင်ကောင်းတဲ့ အရာတွေကို ဝေးဝေးပို့ထားပါ၊ ဝေးလေကောင်းလေပဲ။ ပစ္စည်းတွေက ကိုယ့်စိတ်ကို ချောက်ချားစေနိုင်တယ်။ ဘာပစ္စည်းမှမရှိရင် ဘာအနှောက်အယှက်မှ မရှိဘူး။
• အနံ့အသက်ဆိုးတွေ၊ မီးခိုးတွေ၊ ဆူညံသံတွေ မရှိအောင် လုပ်နိုင်ရင်ကောင်းတယ်။ မရှိအောင်မတတ်နိုင်ရင်တော့ နဲနိုင်သမျှ နဲအောင် လုပ်ပါ။
• ကိုယ်ကအောင်မြင်လေလေ ကိုယ့်ကိုတွေ့ချင်တဲ့သူ၊ ကိုယ့်ဆီက အကူအညီတောင်းချင်သူတွေ များလာလေဖြစ်တတ်တာ သဘာဝပဲ။ တစ်ခါတစ်လေ ကိုယ်မအားတုန်း အလုပ်များနေတုန်း သူတို့ကတွေ့ချင် အကူအညီတောင်းချင်နေလို့ မရမက လုပ်လာရင်လည်း စိတ်အနှောက်အယှက်ဖြစ်ရတယ်။
• စိတ်အေးအေးချမ်းချမ်းနေချင်ရင် သူများအကြောင်းကို တတ်နိုင် သလောက် မပြောပဲနေတာကောင်းတယ်။ အထူးသဖြင့် သူများ မကောင်းကြောင်းကို မပြောပဲနေတာကောင်းတယ်။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်ပြီး ပြောတာမျိုးကို အထူးရှောင်သင့်တယ်။ ကိုယ်ကသူများ မကောင်းကြောင်းကိုပြောရင် ကိုယ့်မကောင်းကြောင်း ကိုလည်း သူများက ပြောမှာသေချာတယ်။ အဲဒါနဲ့ပဲ ကိုယ့်စိတ်ကြည်လင်မှု ပျက်ရတယ်။ ကိုယ့်အကြောင်းကို သူများကမကောင်းပြောရင်တောင်မှ သူပြောတာမဟုတ်ကြောင်းကိုပဲ အေးအေးဆေးဆေးပြောပြီး သူ့မကောင်း ကြောင်းကိုတော့ ဟုတ်နေရင်တောင်မှ မပြောပဲထား လိုက်တာက ပိုကောင်းတယ်။ ကိုယ်ကသဘောထားကြီးကြီး ထားဖို့လိုတယ်။
• စိတ်အနှောက်အယှက်ဖြစ်ရတာ နဲချင်ရင် မလိုအပ်ပဲနဲ့ လူများ များနဲ့မရောပါနဲ့။ အလုပ်များတဲ့သူဟာ တစ်နေ့ တစ်နေ့ လူတွေနဲ့စကားပြောရတာ နဲမှာမဟုတ်ဘူး။ အခက်အခဲရှိလို့ပြော ချင်ရင်၊ တိုင်ပင်ချင်ရင် တကယ်ကောင်းတဲ့ အကြံဥာဏ်မျိုး ပေးနိုင်မဲ့သူကိုပဲပြောပါ။ မဆိုင်တဲ့သူတွေကိုမပြောပါနဲ့။ စိတ်ပျက် စရာကို ပြောတတ်တဲ့သူတွေကို ဘယ်တော့မှ မပြောပါနဲ့။ စိတ်ပျက်စရာကို ပြောတတ်တဲ့ သူကိုပြောရင် ကိုယ်ပါစိတ်ဓါတ်ကျမယ်။ စိုးရိမ်စိတ်တွေများလာမယ်။ စိတ်ပင်ပန်းမယ်။ ကိုယ်လုပ်မဲ့ အလုပ်မျိုးကို လုပ်နေတဲ့သူ၊ အတွေ့အကြုံများတဲ့သူမှသာ ကိုယ့်အခက်အခဲကိုနားလည်မယ်။ ဒါကြောင့်ဘယ်သူနဲ့ တိုင်ပင်တယ် ဆိုတာကို သေသေချာချာစဉ်းစားပါ။
• အေးအေးဆေးဆေး ပြောတတ်အောင် လေ့ကျင့်ပါ။ အေးအေး ဆေးဆေးလုပ်တတ်အောင် လေ့ကျင့်ပါ။ အလျင်လိုတဲ့ အကျင့်ဟာ စိတ်ပင်ပန်းစေတယ်။ အလျင်လိုနေရင် စိတ်မရှည်ဘူး။ အလျင်လိုနေ တဲ့သူဟာ စိတ်တိုဖို့ပိုများတယ်။ မှားလို့ပြန်လုပ်ရရင် အချိန်ပိုကုန်တယ်။ ဒါကြောင့် “အရင်လိုရင် အရနှေးတယ်” လို့ပြောတာ။ စိတ်ရှည်ရှည်နဲ့ သေသေချာချာ တိတိကျကျ လုပ်တတ်တဲ့အလေ့အကျင့်ဟာ ရေရှည်မှာ စိတ်အေးချမ်းမှုကိုပေး တယ် ။
• လတ်တလော အဆင်ပြေအောင် လွယ်လွယ်နဲ့ ကတိမပေးလိုက်ပါနဲ့။ ကိုယ့်ကိုသဘောကျအောင် ဘာတွေပေးမယ်၊ ဘာတွေလုပ်ပေးမယ်၊ ဘယ်လို အခွင့်အရေးတွေပေးမယ် ဆိုတာမျိုးကို မစားရ၀ခမန်း မပြောပါနဲ့။ ကိုယ်ကို အင်မတန် သဘောကောင်း တယ်လို့မြင်စေချင်လို့ ချက်ချင်းဝမ်းသာသွားအောင် မပြောပါနဲ့။ ပြောတုန်းမှာ လွယ်လွယ်နဲ့ ပြောပြီး တကယ်လုပ်တဲ့အခါ ကိုယ်မတတ်နိုင်ရင် မူလက ကိုယ့် စေတနာမှန်ပေမယ့်လည်း ကိုယ့်စေတနာကို တဖက်ကယုံမှာ မဟုတ်ဘူး။ အပြောနဲ့ အလုပ်မညီတာတွေ များလာတဲ့အခါ ကိုယ့်စကားကို ကြာတော့ ဘယ်သူမှ ယုံတော့မှာမဟုတ်တော့ဘူး။ တကယ်ပေးနိုင်မှ၊ တကယ်လုပ်ပေးနိုင်မှပဲ ပြောပါ။ ပေးနိုင် တာထက် နည်းနည်းလျှော့ပြောတာကောင်းတယ်။
• အရေးမကြီးတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ညင်းတာခုံတာကို မလုပ်ပါနဲ့။ ဘာမှမဟုတ်တာကို ညင်းခုံကြရင်း ရန်ဖြစ်ရတာ စိတ်ဆင်းရဲရတာတွေ တော်တော်များပါတယ်။ ဒါကြောင့်အရေးကြီးတဲ့ အလုပ်တွေကို လုပ်နေတဲ့သူဟာ အရေးမကြီး တာတွေကို ကိုသိတိုင်းလည်း မပြောသင့်ဘူး။ မေးတိုင်းလည်းမဖြေသင့်ဘူး။
• အရေးမကြီးတဲ့ကိစ္စမှာ သူများမှားနေလည်း သူ့အမှားကို သူသိလာအောင် စောင့်သင့်တယ်။ ကိုယ်မှန်တိုင်း ၀င်ပြောပြီး အနိုင်မယူသင့်ဘူး။ နိုင်လို့ရတိုင်းနိုင်ချင်တာဟာ မရင့်ကျက်တဲ့ စိတ်ထားဖြစ်တယ်။ စိတ်ချမ်းသာချင်ရင် ရင့်ကျက်တဲ့စိတ်ထား၊ သဘောထားကြီးတဲ့ စိတ်ထားမျိုးကိုမွေးယူရမယ်။
• ဘယ်အလုပ်မျိုးဖြစ်ဖြစ် အဆင်မပြေမှုရှိပါတယ်၊ အခက်အခဲရှိပါတယ်။ ဆရာဝန် အလုပ်ခက်သလို၊ ကျောင်းဆရာ အလုပ်လည်း ခက်ပါတယ်။ ဈေးရောင်းတဲ့အလုပ်ခက်သလို ကားမောင်းတဲ့အလုပ်လည်း ခက်ပါ တယ်။ ကားမောင်းတဲ့ အလုပ်က စိတ်ရှည်ဖို့ တော်တော်လိုပါတယ်။ ဆရာဝန်အလုပ်လည်းစိတ်ရှည်ဖို့လိုပါတယ်။ လူနာရဲ့ အသက်ကို လုနေရတဲ့ အခါမျိုးမှာ သေးမင်းနဲ့ရင်ဆိုင်တိုက်ပွဲလိုဖြစ်နေတဲ့အခါမှာ   တော်တော်ပင်ပန်းပါတယ်။ လူနာက အားကိုး တကြီးနဲ့ကြည့်တဲ့ မျက်လုံးရဲ့အဓိပ္ပါယ်ဟာ ဆရာဝန်တွေရဲ့ စိတ်မှာ ပြင်းထန်တဲ့ ကရုဏာကို ဖြစ်စေတယ်။ ကျောင်းဆရာ၊ ဆရာမတွေကလည်း စိတ်ရှည်ဖို့လိုပါတယ်။ စာမေးပွဲကျတဲ့ကျောင်းသားရဲ့ စိတ်မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတော့သလို ဖြစ်သွားတာဟာ တော်တော် သနားစရာကောင်းပါတယ်။ ကိုယ့်တပည့်လေးအောင်ပါ့မလားဆိုပြီး ဆရာတွေ ဆရာမတွေ သောကဖြစ်ရတယ်။ မိဘတွေ ဆင်းဆင်းရဲရဲနဲ့ သားသမီးကို ပညာတတ်စေချင်လို့ ကျောင်းထားတယ်။ စားမေးပွဲကျရင် ဆက်ထားဖို့ မလွယ်တော့ဘူး။
• လူများများနဲ့ ဆက်ဆံရတဲ့အလုပ်တွေက ဆက်ဆံရေးအခက်အခဲ အမြဲရှိပါတယ်။ လူတိုင်းကိုစိတ်ကျေနပ်အောင်ဘယ်သူမှ လုပ်မပေး နိုင်ဘူး။ မကျေနပ်တဲ့သူက အပြစ်တင်မယ်၊ မကောင်းပြောမယ်။ အဲဒီအခါ စိတ်တိုမယ်၊ ဒေါသဖြစ်မယ်၊ စိတ်ဓါတ်ကျမယ်။ ဒါကြောင့် ကိုယ့်အလုပ်နဲ့ ပတ်သက်ပြီး ဖြစ်နိုင်တဲ့အခက်အခဲတွေကို ကြိုတင်ပြီး တွေးထားပြီးတော့ ဒီအခက်အခဲမျိုးကတော့ တွေ့ရမှာသေချာတယ်၊ ဒီလိုအပြောမျိုးတော့ ခံရမှာသေချာတယ်၊ ဒါကြောင့် အခက်အခဲနဲ့ တွေ့ရတဲ့အခါ၊ အပြောခံရတဲ့အခါ စိတ်မပျက်ဘူး၊ စိတ်မညစ်ဘူ။ စိတ်ရှည်ရှည်ထားမယ်လို့မကြာခဏ နှလုံးသွင်းပါ။ လူတွေပေါ်မှာ တတ်နိုင်သလောက် စိတ်ရှည်ရှည်ထားပါ။ သူတို့ကိုနားလည်ဖို့ကြိုးစားပါ။ ဒေါသအလျောက် နာသွားအောင် မပြောပါနဲ့၊ ကိုယ့်စေတနာက မှားနေရင် ကိုယ့်စေတနာက ကိုယ့်ကိုအကျိုးပေးမှာပါပဲ။ ပြဿနာ တော်တော်များများဟာ ဆက်ဆံရေးအဆင်မပြေလို့ ဖြစ်ရတာပါ။ တစ်ယောက် ပြောချင်တာကို တစ်ယောက်ဆုံးအောင် နားမထောင်ရင် တစ်ယောက်ကို တစ်ယောက် နားလည်မှာမဟုတ်ဘူး။ တစ်ယောက် စကားကို တစ်ယောက် အဓိပ္ပါယ်မှန်အောင် မကောက်နိုင်ရင် အထင်လွဲတာတွေ ဖြစ်လာမယ်။ ဒါကြောင့် ဆက်ဆံရေး အဆင်ပြေချင်ရင် တဖက်သား ပြောချင်နေတာကို ဂရုတစိုက် နားထောင်ပါ။ သူ့စိတ်ထဲမှာ ပြောချင်နေတာကို ပြောခွင့်ပေးပါ။ အထူးသဖြင့် အရေးကြီးတဲ့ ကိစ္စပြောမယ်ဆိုရင် အထင်လွဲတာမဖြစ်ဖို့ ပိုပြီးအရေးကြီးတယ်။ သူပြောချင်နေတာကို ပြည့်ပြည့်စုံစုံ ပြောနိုင်အောင် သူ့ကို မေးခွန်းတွေမေးပြီး ရှင်းခိုင်းပါ။ သူ့အခက်အခဲကို ကိုယ်က ကိုချင်စာပါတယ် ဆိုတာကို သူသိအောင်ပြောပါ။ တစ်ယောက်ရဲ့ အခက်အခဲကို တစ်ယောက်ကူညီပြီးနေသွားရတာ ကျေနပ်စရာ သိပ်ကောင်းပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် တစ်ကယ် နားလည်မှု ရသွားရင် စိတ်သက်သာမှုရတယ်။ ကိုယ့်ဘ၀မှာ အရေးပါတဲ့သူရဲ့ အထင်လွဲမှုကို ခံရတာ စိတ်ဆင်းရဲစရာ သိပ်ကောင်းတယ်။
ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် အထင်လွဲနေရင် လေးလေးစားစားဆွေးနွေးပါ။ လောကီအတွက်ပါ အကြိုးပေးတဲ့ ဆုံးမသြ၀ါဒပါ။ ၀ိပဿနာတရားတွေကို အမြဲရှုပွားနေနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဆရာတော်ရဲ့ သြ၀ါဒက ချက်ချင်းစိတ်ကို ငြိမ်းချမ်းစေနိုင်ပါတယ်။ စိတ်ကလေး ကြည်လင်နေတဲ့အခါ ခန္ဓာဉာဏ်ရောက် တရားများကို အားစိုက်နာကြည့်လိုက်ပါ။ ဒါမမဟုတ် ၀ိပဿနာတရားအားထုတ်ကြည့်ပါ။ အင်မတန်ကို ချမ်းသာသုခ ရနေတဲ့အချိန်ပါ။ ဓမ္မမိတ်ဆွေများလည်း ဆရာတော် ပြောပြဆုံးမသည့်အတိုင်း လိုက်နာကျင့်သုံးနိုင်ပါစေ။ ဘ၀မှာ စိတ်အချမ်းသာ ဆုံးနေနိုင်ကြပါစေ။

အိမ်ထောင်ရေးအချစ်တည်မြဲတဲ့ ပုံသေနည်း


တကယ်လို့ "အိမ်ထောင်ရေးအချစ်တည်မြဲတဲ့ ပုံသေနည်း"ရှိခဲ့မယ်ဆိုရင် သင်လိုက်နာနိုင်မလား?

လိုက်နာနိုင်မယ်လို့ ထင်ပါတယ်... ဘယ်သူမဆို တည်မြဲတဲ့ မပြောင်းလဲအချစ်ကို လိုချင်ကြတာပဲ မဟုတ်လား! အမေရိကန်ပညာရှင် Catherine Johnsonက လေ့လာဆန်းစစ်မှုတွေလုပ်ပြီး "အိမ်ထောင်ရေးအချစ် တည်မြဲတဲ့ ပုံသေနည်း"ကို ရေးသားခဲ့ပါတယ်။

Catherineက အိမ်ထောင်စုံတွဲ (၁ဝဝ)တွဲကို တွေ့ဆုံပြီးဆန်းစစ်မှု ပြုလုပ်ခဲ့တာဖြစ်တယ်။ အဲဒီအိမ်ထောင်စုံတွဲရဲ့ အိမ်ထောင်သက်က အနည်းဆုံး(၇)နှစ်နဲ့ အများဆုံး(၅၅)နှစ်ရှိသူတွေ ဖြစ်ကြတယ်။ အောက်ကအချက်တွေကတော့ လင်မယားအချစ်တည်မြဲရေးမှာ နှစ်ဦးစလုံးရှိအပ်တဲ့နည်းတွေဖြစ်တယ်။
ချစ်ခင်ရင်းနှီးပုံသေနည်း

ကျွန်မတွေ့ဆုံခဲ့တဲ့ လင်မယားအတွဲတစ်ရာထဲမှာ အများစုက အချင်းချင်းသိပြီးတဲ့နောက်မှာ ချက်ချင်း ချစ်ခင်ရင်းနှီးသွားကြသူတွေဖြစ်တယ်။ တားဆီးလို့မရနိုင်တဲ့ ခံစားချက်မျိုးနဲ့ခံစားရပြီး အတူတကွ ဘဝကိုအတူမျှဝေဖို့ သူတို့မျှော်လင့်ကြသတဲ့။

ဒီလို ချစ်ခင်ရင်းနှီးတဲ့ ပုံသေနည်းမှာ ညီညွတ်တဲ့၊ အလေးထားတဲ့ ခင်မင်ရင်းနှီးမှုတွေပါတယ်။ ဒါဟာ တူညီတဲ့ပြင်းပြမှုအပေါ် အခြေခံသလို အချင်းချင်းမတူညီမှုအပေါ်မှာလည်း အခြေခံတယ်။ စိတ်ဝင်စားစရာ ရှုထောင့်တစ်ခုကို အိမ်ထောင်သည် အမျိုးသမီးတစ်ဦးက အခုလို ပြောပြခဲ့တယ်။ "ပျော်ရွှင်တဲ့အိမ်ထောင်ရေးက ဆန့်ကျင်ဖက်အကျင့်စရိုက်ရှိတဲ့ လူနှစ်ယောက်ကနေ ညီညွှတ်တဲ့အနေအထားမှာ ဖြစ်လာတာဖြစ်တယ်"လို့ တင်ပြခဲ့ပါတယ်။ သူ့ရဲ့အမျိုးသားက အကောင်းမြင် ပျော်ပျော်နေတတ်သူဖြစ်ပြီး သူက အဆိုးမြင်စိတ်တွေများသူဖြစ်တယ်။ ဒါပေမယ့် သူတို့နှစ်ယောက်မှာ တူညီတဲ့ကိုးကွယ်မှုဘာသာရှိတယ်။ လူမျိုးတူတယ်။ သူက သူ့အမျိုးသားရဲ့စိတ်ဓာတ်ကို စွဲလမ်းတယ်၊ သူ့အမျိုးသားက သူ့ရဲ့သိမ်မွေ့ပျော့ညံ့တာကို ချစ်တယ်။ သူတို့ရဲ့အိမ်ထောင်ရေးက လူတွေပြောနေကြတဲ့ ကိုယ်အခြမ်းကို ရှာတွေ့သွားတာပဲဖြစ်တယ်။

မျှဝေပုံသေနည်း

တစ်ယောက်က မနက်စာပြင်ဆင်နေချိန် ကျန်တစ်ယောက်က ခွေးထွက်ကျောင်းမယ်။ မနက်စာစားပြီးနောက် မနက်ပိုင်းသတင်းစာကို နှစ်ယောက်အတူဖတ်မယ်။ အိမ်ထောင်ရေးတည်မြဲတဲ့ လင်မယားလိုလိုတိုင်းက ဒီအတိုင်းပဲဖြစ်တယ်။ ဒီလိုပုံစံက ဘာပျော်ရွှင်စရာမှ မဖြစ်စေနိုင်ဘူးဆိုပေမယ့် ဒါဟာ အိမ်ထောင်ရေးထဲ အချင်းချင်းယုံကြည်မှုနဲ့ တာဝန်ယူမှုကို ထည့်ပေးပါတယ်။

ခွင့်လွှတ်ပုံသေနည်း

အချစ်တည်မြဲတဲ့ လင်မယားတွေက ရန်ဖြစ်ခဲပါတယ်။ သူတို့ကြားမှာ စိတ်ဆိုးစရာနဲ့ ကြုံတွေ့ခဲ့သည့်တိုင် မှန်ကန်တဲ့ဖြေရှင်းနည်းနဲ့ သူတို့ဖြေရှင်းတတ်တယ်။ သူတို့မှာ မတူတဲ့ ဖြေရှင်းတဲ့နည်း ကိုယ်စီရှိကြမှာပေါ့။ အဓိက,က အချင်းချင်း ဖေးမအားပေးတာမျိုးက ပိုကောင်းတဲ့အကျိုးရလဒ်ကို ဖြစ်ထွန်းစေပါတယ်။

အာဟာရဖြည့်ပုံသေနည်း

အိမ်ထောက်ဖက် အချင်းချင်းကြားမှာ ကိုယ့်အာရုံကို တစ်ဖက်လူရဲ့ကောင်းကွက်ပေါ်မှာပဲ စုပုံကျရောက်စေတဲ့အခါ သူတို့ရဲ့အိမ်ထောင်ရေးက စိုပြေမှာဖြစ်တယ်။ ဒါဟာ အိမ်ထောင်ဖက်နှစ်ဦးစလုံး အကောင်းမြင်တတ်သူ (postive thinker)တွေ ဖြစ်ရမယ်လို့ မဆိုပါဘူး။ သူတို့ဟာ ဝမ်းနည်းကြေကွဲတတ်သူ၊ အလောကြီးတတ်သူ၊ စိုးရိမ်ပူပန်စိတ်များသူလည်း ဖြစ်နိုင်ပါတယ်။ ရင့်ကျက်တဲ့အိမ်ထောင်ရေးအချစ်က "ငါတို့မှာ ချွတ်ယွင်းချက်တွေရှိတယ်ဆိုတဲ့ အမှန်တရားကို ငါတို့လက်ခံနိုင်ရမယ်"ဆိုတဲ့ အနက်ကိုဆောင်ပါတယ်။

ပြောင်းလဲပုံသေနည်း

ပျော်ရွှင်တဲ့ အိမ်ထောင်သည်လင်မယားတိုင်းက ကိုယ့်ကိုယ်ကို ပြောင်းလဲရမယ်ဆိုတာကို သိနားလည်ကြတယ်။ အိမ်ထောင်ကျပြီး ဘဝကပိုကောင်းလာတယ်လို့ သူတို့ပြောကြတယ်။ သူတို့ရဲ့အိမ်ထောက်ဖက်တွေကလည်း ဒါကိုသဘောတူလက်ခံတယ်။

ပျော်ရွှင်ချမ်းမြေ့တဲ့ လင်မယားတွေဟာ အိမ်ထောင်ရေးကပ်ဆိုးကို ကြုံခဲ့ရဖူးသတဲ့။ ဒါပေမယ့် သူတို့ရဲ့အိမ်ထောင်ရေးက ကံကောင်းပြီး ဆက်ရှင်သန်ခဲ့ပြီး တစ်နေ့တခြား ပျော်ရွှင်လာခဲ့တယ်လို့ဆိုတယ်။ ဒါဟာလည်း အိမ်ထောင်ဖက်တွေဟာ သူတို့ရဲ့ချွတ်ယွင်းချက်ကို သူတို့ပြောင်းလဲသင့်တယ်ဆိုတာကို သိကြလို့ဖြစ်တယ်။ ကောင်းမွန်တဲ့ အိမ်ထောင်ရေးတစ်ခုက လူတွေရဲ့ ချစ်ခြင်းမေတ္တာကို ပိုကောင်းမွန်အောင် ပြောင်းလဲဖို့ အထောက်အကူဖြစ်စေပါတယ်။

နားလည်ပုံသေနည်း

လင်မယားအများစုက အိမ်ထောင်ဖက်အပေါ် သစ္စာစောင့်ထိန်းရုံနဲ့ အိမ်ထောင်ရေးကို ပျော်ရွှင်မှုပေးနိုင်မှာ မဟုတ်ဘူးလို့ ဆိုကြတယ်။
ဒါပေမယ့် အိမ်ထောင်ရေးကိုတော့ တည်မြဲစေတာ အမှန်ပါပဲ။ လင်မယားကြားမှာ သစ္စာစောင့်ထိန်းခြင်းက အခြေခံလိုအပ်ချက်ဖြစ်တယ်။ ဒါဟာ အိမ်ထောင်ဖက်အပေါ်လိုအပ်တဲ့ သင့်လိုအပ်ချက်ကို ကိုက်ညီစေသလို သူနဲ့ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း သင်ပြောဆိုဆက်ဆံစေနိုင်တယ်။ သူ့ခံစားချက်အမှန်ကို ဖွင့်ပြောစေနိုင်သလို သူ့အပေါ် သင်နားလည်မှုရှိတယ်ဆိုတာကို သူခံစားသိမြင်နိုင်မှာဖြစ်တယ်။

တန်းတူညီမျှပုံသေနည်း

ပျော်ရွှင်တဲ့လင်မယားရဲ့ တန်းတူညီမျှနည်းကို ငွေကြေးထိန်းသိမ်းရေးမှာ ထင်ထင်ရှားရှားမြင်သာစေပါတယ်။ ပျော်ရွှင်တဲ့လင်မယားတိုင်းက “မိသားစုဝင်ငွေဟာ အတူတကွခံစားဖို့ဖြစ်တယ်။ သူဟာလည်းမဟုတ်သလို ငါ့ဟာလည်းမဟုတ်ပါဘူး။ ငွေကြေးခွဲဝေရေးအပေါ် သူတို့ဘယ်တော့မှ ငြင်းခုန်ရန်ဖြစ်တာမျိုးမရှိဘူး”လို့ တွေဝေစိတ်မရှိ သူတို့ပြောပါတယ်။

သူငယ်ချင်းပုံသေနည်း

အိမ်ထောင်ရေးအချစ်တည်မြဲတဲ့ ဒီ“သူငယ်ချင်း”တွေကြားမှာ ဇနီးဖြစ်သူက သူစိတ်ကူးအိပ်မက်ကို သူလွတ်လွတ်လပ်လပ် လိုက်လံရှာဖွေ ဖမ်းဆုပ်နိုင်ပါတယ်။ သူ့ဆုံးဖြတ်ချက်၊ သူ့စိတ်ကူးအိပ်မက်ကို လင်ယောက်ျားနားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ သူအပေါ်ထားတဲ့ လင်ယောက်ျားရဲ့ အချစ်နဲ့လေးစားမှုက အကြွင်းမဲ့ဆိုတာကို သူသိတယ်။ လင်ယောက်ျားကလည်း ဒီအတိုင်းပဲ နားလည်ထားတယ်လို့ဆိုပါတယ်။

Friday, February 10, 2012

သင်..အားနာတတ်ပါသလား…????

(၁) စိတ်ထဲ၌ ရှိသည့်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောမထွက်သော အားနာခြင်းမျိုး

စိတ်ထဲရှိသည်ကို ပွင့်ပွင့်လင်းလင်း ပြောမထွက်သော အားနာခြင်းမျိုးသည်
မကောင်းသော အားနာခြင်းမျိုးဖြစ်သည်။ အောက်ပါ ဥပမာများကို ကြည့်ပါ။

(က) လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ၀ိုင်းထိုင်၍ နေ့လည်စာ စားချိန်တွင်

မျက်နှာချင်းဆိုင် ထိုင်စားနေသူတဦး၏ မေးစေ့တွင် ထမင်းလုံးကပ်နေသည်။ သင်က
ပြောရမှာကို အားနာနေသည်။ သင်ပြောလိုက်လျှင် ထိုသူ ရှက်သွားမှာကိုလည်း
စိုးရိမ်နေသည်။ သို့သော် ထိုထမင်းစေ့ ကပ်နေခြင်းကို မြင်နေရသူတိုင်း၏
စိတ်တွင် ကသိကအောက်နှင့် မသက်သာ။ ဤကိစ္စမျိုးတွင် အားနာနေ၍ မပြောခြင်းသည်
မကောင်း။ ပွင့်ပွင့်လင်းလင်း ပြောလိုက်ခြင်းဖြင့်အားလုံးပြေလည်သွားနိုင်သည်။

(ခ) တစုံတယောက်က သင့်ထံမှ ပိုက်ဆံချေးငှားသည်။
တကယ်တော့ သင်က မချေးချင်။သို့သော် ငြင်းရမှာ အားနာ၍ ချေးလိုက်သည်။ (ပြီးတော့ သင်က
ငွေပြန်တောင်းရမှာကိုလည်း အားနာနေဦးမည် ဖြစ်သည်။) ထိုနေ့မှစ၍ငွေပြန်မရမချင်း သင်မပျော်တော့။ ဤနေရာတွင်လည်း အားနာခြင်းသည် သင်၏ပကတိစိတ်အရင်းခံကို ကွယ်ဝှက်၍ မပြတ်မသား ဆုံးဖြတ်ခြင်း မျိုးဖြစ်ရာကုသိုလ်မရသည့်အပြင် အကုသိုလ်အား ၀ယ်ယူသကဲ့သို့ဖြစ်သော အားနာခြင်းမျိုးဖြစ်သည်။

(၂) ကိုယ်ရသင့်ရထိုက်သည်ကို တောင်းဆိုရမှာ အားနာခြင်းမျိုး

ဤသည်မှာ မြန်မာအများစုတွင် ဖြစ်တတ်သော အားနာမှုမျိုး ဖြစ်သည်။ အကြွေးပြန်တောင်းရမည်ကို တွန့်ဆုတ်နေကြသည်။ မိမိ၏ အားလပ်ရက်ခွင့်ကို ယူရန်တွန့်ဆုတ်နေကြသည်။ တန်းစီရာ၌ မိမိရှေ့တွင် ကြားဖြတ်၍ တန်းစီသူကိုမလုပ်ရန်ပြောဖို့ ၀န်လေးကြသည်။ မိမိနှင့် ချိန်းဆိုထားသောအချိန်တွင် တိကျစွာ ရောက်မလာသူအား ထောက်ပြသတိပေးရန် တွန့်ဆုတ် အားနာနေတတ်ကြသည်။
ဤအားနားခြင်းသည် လောဘနည်းခြင်းကြောင့်လည်းမဟုတ်၊ခန္တီပါရမီနှင့်ပြည့်ဝနေခြင်းကြောင့်လည်းမဟုတ်။
မြန်မာ့ယဉ်ကျေးမှုဟုကား လုံးလုံးမျှပင်မဆိုသင့်။

ဤအားနာခြင်းမျိုးသည် လူပုဂ္ဂိုလ်တဦးချင်း၏စာသားလေးတွေသဘောကြလို့ ပြန်လည် မျှဝေလိုက်ပါတယ် ...

Sunday, January 29, 2012

နှစ်ယောက်တစ်ဘဝ

အချစ်က...
လျော့နည်းလာတာနဲ့ အသစ်ရှာ
စိတ်မောလာတာနဲ့ အသစ်ပြောင်းတာမျိုး မဟုတ်ဘူး။
စံစားဖို့ထက် အတူခံစားမျှဝေနိုင်မယ့်လူတစ်ယောက်ကို ရှာပါ။
ရှောင်ပြေးဖို့ထက် အတူသည်းခံ ခေါင်းခံနိုင်မယ့်လူတစ်ယောက်ကို ရှာပါ။
... အချစ်ကိုတာဝန်ယူဖို့ထက် သင့်ကိုတာဝန်ယူနိုင်မယ့်လူတစ်ယောက်ကို ရှာပါ။
အချစ်ဆိုတာ တစ်ယောက်တည်းကိစ္စမဟုတ်ပါဘူး၊ နှစ်ယောက်အတူကြိုးစားတဲ့ ရလဒ်ဖြစ်တယ်။ နှစ်ယောက်အတူ ရုန်းကန်၊ နှစ်ယောက်အတူ ဖန်ဆင်းတာဖြစ်တယ်။

လာလည်သောသူငယ်ချင်းအားလုံးရွှင်လန်းချမ်းမြေ့ပါစေနော်...