ပရိယာယ်မသုံးဘဲ ပွင့်လင်းရိုးသားဖြူစင်စွာ ဆက်ဆံတာဟာ လူတစ်ယောက်ကို ကိုယ်ကပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်တစ်ခုပါ...

Sunday, October 9, 2011

ပျောက်ဆုံးနေသော ကိုယ်တစ်ခြမ်း

●●●လူဆိုတာတစ်ယောက်စီမနေနိုင်တဲ့သတ္တဝါလို့ပဲ ပြောဆိုစမှတ်ရှိခဲ့တယ်။

●●●အခြံအရံတွေနဲ့အိမ်ထောင်တွေနဲ့တင့်တယ်မြဲ

●●●ကိုယ်မှာတော့လေ တစ်ကောင်ထဲ…..မျက်စိလည်။

လက်ဖက်ရည်ဆိုင်ရှေ့ကဖြတ်လျှောက်မိတော့ အဆိုတော်စိုင်းထီးဆိုင်ရဲ့တေးသံလေးကလွင့်နေတယ်။

စဉ်းစားရင်းပြုံးမိသေးတယ်။ ကျနော်သူငယ်ချင်း မလပြည့်ဝန်းအကြောင်းကိုပါ။

ကျနော်သူငယ်ချင်းက အပျိုကြီးဆိုတော့ (ကြုံတုန်းဝင်ကြေငြာပေးတာပါ)

အော်……..အချစ်ဆိုခြင်းရဲ့တုပ်နှောင်စွမ်းကို မသိရှာသေးဘူးလေ။ ကျနော်ကတော့ အခုမိသားစုနဲ့ဆိုတော့ သိရှိနေပါပြီလေ။ အချစ်ဆိုတာကို လူတွေက အမျိုးမျိုးအထွေထွေ ပြောကြ ပါတယ်။ ရယူခြင်း၊ ပေးဆပ်ခြင်း အမျိုးမျိုးပေါ့လေ။ ကျနော်က တော့ အချစ်ဆိုသည်မှာ “ပျောက်ဆုံးနေသောကိုယ်တခြမ်း” ရယ်လို့ သာထင်မြင်မိပါတယ်လေ……..။.။

ပုံပြင်လေးက……….ဒီလို……..

ဟိုးရှေးရှေးခေတ်များစွာတုန်းက လူသားတွေက အလွန်အားကြီးကြသတဲ့ နတ်ဘုရားများကိုတောင် ရန်မူနိုင်ကြတဲ့အထိပေါ့၊ အဲ့ဒီလိုရန်မူနိုင်ကြတော့လဲသူတို့တွေကမာန်မာနတွေလဲထောင်လွှားကြသတဲ့ပေါ့။ (မာန်မာနရယ်၊ အောင်မြင်ခြင်းရယ်ဆိုတာ တိုက်ရိုက်အချိုးကျနေတယ်လို့ထင်ပါတယ်) အဲ့ဒီလိုပေါ့သူတို့တွေ ဘာကြောင့်အားကြီး ကြတယ်၊ခွန်အားဗလကောင်းကြသလဲ ဆိုတော့ သူတို့မှာ ကျား၊ မ အင်္ဂါ နှစ်စုံ လုံးပါသတဲ့ကွယ်။ အဲ့သလိုမျိုး ပြည့်စုံနေတော့ သူတို့ကနတ်ဘုရားတွေတောင် ဂရုမစိုက်သလိုတွေဖြစ်လာကြတာမဆန်းဘူးထင်ပါတယ်။ အဲ့ဒီတော့ နတ်ဘုရားများကစိတ်ဆိုးကြတာပေါ့။ သူတို့အုပ်ချုပ်တဲ့ နေရာမှာနေရင်း သူတို့ထက် မာနတွေကြီးနေတော့ မကြိုက်တော့ဘူးပေါ့လေ။ မရိုသေမလေးစားရင် ဘယ်လူကြီးမိဘကမှ ချစ်မြတ်နိုးမှာ မဟုတ်တာ သိပ်သေချာတာပေါ့။အဲ့ဒီတော့ ကဲဒီလောက်တောင် မာန်မာနကြီး၊ ရိုသေလေးစားမှုမရှိတဲ့ လူတွေ ဒီခန္ဓာကိုယ်တွေ နှစ်ပိုင်းကွဲစေလို့ ကျိန်စာတိုက်လိုက်တော့တာပေါ့ ။(တပိုင်းသည် ကျား ။တပိုင်းသည် မ အဖြစ် ကွဲကွာ သွားကြတော့ တာပေါ့လေ) အဲ့ဒီအချိန်ထဲက လူတွေဟာ ခွန်အားအရာ ကျဆုံးပြီး မာန်တွေကျသွားလေတော့ နတ်ဘုရားတွေ ကောင်းမွန် စွာအုပ်ချုပ်နိုင်ကြတော့တာပေါ့။ ဒါအပြင် တစ်ကိုယ်ထဲကနေ နှစ်ပိုင်းခွဲခံလိုက်ရတဲ့ အဲ့ဒီကျားနဲ့မတို့ဟာ ပျောက်ဆုံး သွားတဲ့သူတို့ကိုယ်တစ်ပိုင်းကိုရှာဖွေကြရတော့တာပေါ့။

ဒါကြောင့်လဲ ကျွန်တော်တို့တစ်တွေ ပျောက်ဆုံးနေသော ကိုယ်တခြမ်း ကိုရှာနေကြရတာ ပေါ့လေ။တချို့တွေကလဲ သူတို့ရဲ့ပျောက်ဆုံးသွားတဲ့ ကိုယ်တခြမ်းကိုတွေ့လို့ တချို့ကလဲ ရှာကြဖွေကြဆဲပေါ့။

အိမ်ထောင်ကျလို့ ပျော်ရွှင်နေတဲ့ မိတ်ဆွေများကတော့ သူတို့ရဲ့ ပျောက်ဆုံးသွားတဲ့ကိုယ်တခြမ်းကို ရှာဖွေ တွေ့ရှိသူတွေပေါ့လေ။

သူတို့ရဲ့ပျော်ရွှင်သောအိမ်ထောင်ရေးလေးများထာဝရသာယာပါစေလို့ဆုတောင်းရင်း………………..

ကျနော်သူငယ်ချင်းလည်းဖြစ်တဲ့ မလပြည့်ဝန်းကတော့ ဘယ်အချိန်မှာ သူရဲ့ ကိုယ်တခြမ်းလေးကိုရှာတွေ့မလဲဆိုတာကိုတော့

စောင့်မျှော်နားထောင်လိုက်ပါဦးမယ်။


အလင်္ကာည

၂၀၁၁ခုနှစ်၊ အောက်တိုဘာလ(၉)ရက်

2 comments:

  1. မောင်လေးရေ ပျောက်သောသူ ရှာရင်တွေ့ဆိုတဲ့စကားလေးလည်းရှိတာဘဲလေ ဟိဟိ တစ်နေ့နေ့တော့ဖြစ်၍လာလိမ့်မည်ပေါ့ဟာ ...
    အင်း ပြောသာပြောရတယ် အမအပျိုကြီးလုပ်မယ်
    ဆုံးဖြတ်ထားတာ ဆယ်စုနှစ်ကျော်လာခဲ့ပါပီကွယ် :)

    ReplyDelete
  2. အံမယ်လေး ပြောလို့ရတာ မဟုတ်ဘူးမမရ
    ဖူးစာဆိုတာ ခန့်မှန်းရခက်တယ်
    သိပ်မကြာဘူး နဖူးစာ ရွာလည်နေပါဦးမယ် မမရာ
    ဒါပေမဲ့လည်း ဆယ်စုနှစ်ကျော်လာခဲ့ပြီဆိုတော့လည်း
    မပြောသော ကံရာရှိ ....ဒီတိုင်းပဲထားလိုက်တော့မယ်နော်မမ

    ReplyDelete

လာလည်သောသူငယ်ချင်းအားလုံးရွှင်လန်းချမ်းမြေ့ပါစေနော်...