ပရိယာယ်မသုံးဘဲ ပွင့်လင်းရိုးသားဖြူစင်စွာ ဆက်ဆံတာဟာ လူတစ်ယောက်ကို ကိုယ်ကပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်တစ်ခုပါ...
Monday, October 10, 2011
လပြည့်ဝန်းမှညအလင်္ကာသို့.....ကျေးဇူးတင်လွှာ
ကျွန်မ အွန်လိုင်းကို အသုံးပြူတာ အခုဆို နှစ်နှစ်ကျော်ရှိခဲ့ပါပြီ.... ခင်မင်ခဲ့တဲ့လူတွေထဲမှာ ရင်းနှီးစွာခင်မင်ခဲ့တာကတော့ အများကြီးမရှိပါဘူး.... အွန်လိုင်းမှာ ကိုယ်နဲ့စိတ်တူ ၀ါသနာတူဆိုတာက ရှားပါတယ် မမြင်ဖူးတာလဲပါတာပေါ့လေ အဲဒီထဲမှာမှ ကျွန်မနဲ့ခင်မင်လာခဲ့တာကတော့ တစ်နှစ်ကျော်ကျော်ရှိပြီတဲ့ မောင်လေးညအလင်္ကာပါ... သူဟာအွန်လိုင်းမှာ ကျွန်မနဲ့ခင်မင်တုန်းက အခုလို ညအလင်္ကာဆိုပြီး မအောင်မြင်သေးပါဘူး သူအလုပ်က ရေနံကုမ္ပဏီမှာလုပ်တာပါ သူဟာတွေ့စကတည်းက ကျွန်မကိုအမအရင်းလိုခင်မင်ပါတယ် ပွင့်လင်းရိုးသားဖြူစင်တဲ့သူပါ သူဟာစကားပြောလဲအင်မတန်တော်တဲ့သူပါ ဗဟုသုတလည်းပြည့်စုံပါတယ် အင်တာနက်နည်းပညာဆို အဲကတည်းက သူတော်တော်လေးလေ့လာထားပါပြီ သူကြိုးစားနေတဲ့အချိန်ပေါ့ အွန်လိုင်းလောကထဲမှာ နေရာရဖို့ သူ ning ဆိုက်တွေထဲမှာလည်း စာလေးတွေကဗျာလေးတွေတော့ရေးနေပြီလေ.... အခုတော့ မောင်လေးညအလင်္ကာဟာ အောင်မြင်နေတဲ့သူဖြစ်နေပါပြီ သူ့ကိုအွန်လိုင်းမှာလူတော်တော်များများ သိလာပါပြီ
ဒီဆိုက်တွေဟာ သူရဲ့ဆိုက်တွေပါ... နာမည်လဲညအလင်္ကာဆိုရင်အွန်လိုင်းမှာ စာဖတ်သူတွေနည်းပညာလေ့လာသူတွေက သိပါတယ် အားပေးကြပါတယ် သူကငယ်ပေမယ့် ပညာဗဟုသုတပြည့်စုံပြီး အိုင်တီနည်းပညာကိုလည်းသူသိသမျှ ဝေမျှပေးနေပါတယ် http://www.myanmar-network.net/ မှာဆိုလည်း သူဟာ Love စကားလုံးလွဲမှားမှုများဆောင်းပါးနဲ့ ကွန်မန့်တွေမြောက်မြားစွာ ရထားတဲ့သူပါ အင်းပြောရရင်တော့မကုန်နိုင်တော့ပါဘူးလေ သူအစားသူဆိုက်တွေကိုလည်းကြော်ငြာပေးသွားပြီးပါပြီ :P
ကျွန်မဟာလည်း သူနဲ့ခင်မင်လာပြီး သူက အမရေ ကျွန်တော့ဆိုက်မှာ စာတင်ထားတယ်နော် လာဖတ်ပါဦး သူတင်ထားတာလေးကို ဆွေးနွေးအကြံပြုခိုင်းပါတယ် ကျွန်မဘာမှပြောစရာမလိုအောင်ကို သူတင်သမျှစာလေးတွေဟာ အကုန်ကောင်းနေတော့ ကျွန်မက ကွန်မန့်နဲ့ဘဲအားပေးရတာပေါ့ရှင် :P
ဒီလိုနဲ့ သူရဲ့တင်ထားတဲ့စာတွေကို လိုက်ဖတ်ရင်း ning site တွေကိုဝင်ရင်းနဲ့ ကျွန်မဟာလည်း စာတွေကို လေ့လာဖတ်ရှုရင်း ပိုစ့်တွေတင်နေတာပေါ့လေ............
အလုပ်တဖက်နဲ့ ၀ါသနာပါတော့ပေါ့လေ... ဖော်အဲဗားနဲ့အလင်းကမ္ဘာဆိုက်တွေမှာ ပိုစ့်တင်ဖြစ်ပါတယ် ဖတ်ထားတဲ့စာလေးတွေကို ပြန်လည်ဝေမျှပေးတာပါ မောင်လေးညအလင်္ကာလိုတောာ့ ကိုယ်ပိုင်မရေးနိုင်ပါဘူးရှင် ကျွန်မဟာ အွန်လိုင်းမှာ ning site တွေကို ပိုစ့်တင်ရင်းနဲ့ အွန်လိုင်းမှာ မင်းသန့်ဇော်ဆိုတဲ့ ဘလော့ဂါတက်သစ်စလေးနဲ့ခင်မင်ခွင့်ရခဲ့ပါတယ် သူရဲ့ဘလော့ဆိုက်ကလေးကတော့
http://minthantzaww.blogspot.com/ ဖြစ်ပါတယ် သူကလဲကျွန်မတင်တဲ့ပိုစ့်တွေကိုအမြဲအားပေးနေသူပါ တင်သမျှတွေကိုပေါ့လေ သူက အမကဒီလောက်ဝါသနာပါတာ ရေးတာတွေလဲကောင်းတယ် ကျွန်တော့်လို ဘလော့ထောင်ပါလားဆိုပြီး အားပေးပါတယ် ကျွန်မကအလုပ်တဖက်နဲ့ကျောက်မျက်ကုမ္ပဏီမှာစာရင်းကိုင်ဆိုတော့ မအားပါဘူး ဒါပေမယ့် ၀ါသနာပါတာကတော့ အရမ်းပါဘဲ မောင်လေးညအလင်္ကာကလည်း မမအကူအညီလိုရင်ပြော ကျွန်တော်အကုန်ကူညီမယ်ဆိုပီး ထပ်အားပေးပြန်ပါတယ်ရှင် ကျွန်မလည်း အားကျတာနဲ့ ဘလော့လေးကို စတင်လုပ်ဖြစ်ပါတယ် ကျွန်မကိုအများဆုံးကူညီပေးတာကတော့ ကျွန်မရဲ့မောင်လေးညအလင်္ကာပါဘဲရှင် သူကအလုပ်တဖက်နဲ့မအားပေမယ့်အပင်ပန်းခံပြီးကူညီပေးခဲ့ပါတယ် သူရဲ့ သူငယ်ချင်းလေးဖြစ်တဲ့ မောင်လေးနောင်တော်လေး (ဘိုကလေး) http://www.myalaynaing.blogspot.com ကလဲ သူနဲ့အတူကျွန်မကို ၀ိုင်းဝန်းကူညီပေးခဲ့ပါတယ်....
ကျွန်မက့ ဘလော့လုပ်တာကို မသိတာရှိရင် လုပ်တာအဆင်မပြေရင် သူကိုဘဲမေးနေတာပေါ့ရှင် ဒါကိုသူကဖုန်းနဲ့တစ်မျိုးအွန်လိုင်းကတစ်မျိုး အမျိုးမျိုးကူညီပေးခဲ့ပါတယ် ကျွန်မမေးသမျှကို စိတ်ရှည်ရှည်နဲ့ပြောပြကူညီပေးခဲ့ပါတယ် သူကအမရေအားပေးတယ်ဆိုပြီးပေါ့ ကျွန်မရဲ့
http://lapyaewunmdy.blogspot.com/ဆိုက်ကလေးလည်း အခုဆိုအစပျိုးနေပြီပေါ့ရှင် ကျွန်မဖတ်ထားတဲ့ စာတွေ ကျွန်မနှစ်သက်လေးစားရတဲ့စာရေးဆရာကြီးတွေရေးထားတဲ့ဟာလေးတွေ ရင်တွင်းဖြစ်ခံစားချက်လေးတွေ ဘာသာရေးအသိလေးတွေကို သုတရသတွေနဲ့ မျှဝေပြီး ရင်ဖွင့်ခွင့်ရပြီပေါ့ရှင် ကျွန်မရဲ့အလုပ်အားချိန်နားချိန်လေးတွေကို ကျွန်မ၀ါသနာပါတဲ့အရာလေးနဲ့ ပျော်ရွှင်စွာနေခွင့်ရပြီး လေးစားရတဲ့ဘလော့ဂါတွေနဲ့ခင်မင်ခွင့်ရတော့မှာပေါ့ရှင် မောင်လေးညအလင်္ကာကို အထူးကျေးဇူးတင်တဲ့အကြောင်း အခုဆောင်းပါးလေးကနေပြောလိုက်ပါတယ်နော် မောင်လေးတစ်ယောက် ဒီထက်မကအောင်မြင်တဲ့သူဖြစ်ပြီး အိုင်တီလောကကြီးတိုးတက်အောင်လုပ်ဆောင်နိုင်ပါစေ၊ မောင်လေးချစ်တဲ့မိသားစုလေးနဲ့အသက်ထက်ဆုံးပျော်ရွှင်စွာနေရင်းအောင်မြင်တဲ့ဘ၀ကိုပိုင်ဆိုင်နိုင်ပါစေ....လို့ဆုတောင်းရင်းးးးးးးး လပြည့်ဝန်းမှညအလင်္ကာသို့...ကျေးဇူးတင်လွှာဆောင်းပါးလေးကို အဆုံးသတ်လိုက်ပါတယ်ရှင်....
1 comment:
  1. ကျေးဇူးတင်ရှိပါတယ်လို့ ဘယ်လို့ထပ်ပြောရမလဲမသိတော့ဘူးမမရေ
    ဘာပဲဖြစ်ဖြစ် မမလိုမိတ်ဆွေစစ်တစ်ယောက်ရရှိတဲ့အတွက်
    မောင်လေး
    အလင်္ကာည
    ReplyDelete
လာလည်သောသူငယ်ချင်းအားလုံးရွှင်လန်းချမ်းမြေ့ပါစေနော်...