ပရိယာယ်မသုံးဘဲ ပွင့်လင်းရိုးသားဖြူစင်စွာ ဆက်ဆံတာဟာ လူတစ်ယောက်ကို ကိုယ်ကပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်တစ်ခုပါ...

Sunday, January 8, 2012

ကောင်လေးတွေ နားမလည်သော ကောင်မလေးတွေရဲ့ သဘောထား

ကောင်လေးတွေ နားမလည်သော ကောင်မလေးတွေရဲ့ သဘောထား


ကောင်လေးတွေ နားမလည်ဘူး...
သူတို့ လိုချင်တာ ပိုက်ဆံမဟုတ်ဘူး... သင့်ရဲ့ တိုးတက်ကြီးပွားအောင်လုပ်ချင်တဲ့ စိတ်ဓာတ်ကိုပါ....

ကောင်လေးတွေ နားမလည်ဘူး...
နှစ်ယောက်အတူတူ အခက်အခဲကို ရင်ဆိုင်ဖို့ ကြောက်တာမဟုတ်ဘူး...ဒီအခက်အခဲကို ရင်ဆိုင်နိုင်တဲ့ သင့်ရဲ့ သတ္တိကို အလိုရှိတယ်ဆိုတာပါ...

ကောင်လေးတွေ နားမလည်ဘူး....
သင် ရုပ်လှလို့ သက်သက် ချစ်တာမဟုတ်ဘူး...သင်ဟာ သူမရဲ့ ဘ၀ လုံခြုံရေးကို ကုံလုံစေသူဖြစ်လို့ သင့်ကိုချစ်တယ်ဆိုတာကိုပါ....

ကောင်လေးတွေ နားမလည်ဘူး...
တခြားသူတွေ အပေါ်မှာပဲ ဂရုစိုက်နေလို့ စိတ်ဆိုးတာမဟုတ်ဘူး...သင့်အနေနဲ့ သူမကို ကောင်းကောင်း တန်ဖိုးထားစေချင်လို့ပါ....

ကောင်လေးတွေ နားမလည်ဘူး....
သူတို့ သဘောကျတာ သင့်ဆီက ဈေးကြီးတဲ့ လက်ဆောင်မဟုတ်ဘူး... အမြဲတမ်း တောင့်တတာက သင့်ဆီက အကြင်နာ နှလုံးသားပါ...

ကောင်လေးတွေ နားမလည်ဘူး...
သင့်မှာ ရည်မှန်းချက်ဘယ်လောက် ကြီးမားတယ်ဆိုတာ ဂရုစိုက်တာမဟုတ်ဘူး...သင်က ဘယ်လောက်ရိုးသားစွာ သူမအပေါ် စောင့်ရှောက်ပေးနိုင်လဲဆိုတာပါ....





ကောင်လေးတွေ နားမလည်ဘူး...
သင့်မှာ ဘယ်လောက် ရိုမန်တစ်ဆန်ဆန် စိတ်ကူးတွေ ရှိတယ်ဆိုတာ သူတို့ မသိချင်ဘူး.. သူတောင့်တတာက သူ့အပေါ်မှာထားတဲ့ အချစ်တွေ တနေ့တခြား ပိုများလာစေဖို့ပါပဲ....

ကောင်လေးတွေ နားမလည်ဘူး....
သင့်ဘေးမှာ ကောင်မလေးတွေ အများကြီးရှိလို့ စိတ်ပူတာမဟုတ်ဘူး...သူ့အပေါ်ထားတဲ့ သင့်ရဲ့ အချစ်တွေ ယုတ်လျော့သွားမှာ စိုးလို့ပါ....

ကောင်လေးတွေ နားမလည်ဘူး...
သင်ပေးတဲ့ ဥစ္စာပစ္စည်း တွေက အဲလောက် သူမရဲ့ဆန္ဒတွေကို မပြည့်ဝစေဘူး... အရေးအကြီးဆုံးက သင်ပေးတဲ့ ချစ်ခြင်းမေတ္တာတရားဖြစ်တယ်....

ကောင်လေးတွေ နားမလည်ဘူး...
သင့်ရဲ့လက်ရှိ အခြေအနေဘယ်လို ဖြစ်တယ်ဆိုတာ သူတို့ အရေးမစိုက်ဘူး..ဒါပေမဲ့ သင့်မှာ အနာဂတ်ရှိတယ်ဆိုတာ သူတို့ကို ပြသစေချင်တယ်...

ကောင်လေးတွေ နားမလည်ဘူး....
သင် သူ့ကိုပေးတဲ့ အချစ်မေတ္တာ ခိုင်မြဲမှုကို တိုင်းတာနေတာ  မဟုတ်ဘူး....သင်သူ့အပေါ် သက်ဆုံးထိ တာဝန်ယူနိုင်ရဲ့လားဆိုတာ အလေးထားတာပါ....

ကောင်လေးတွေ နားမလည်ဘူး...
သင့်ရဲ့ ပျော်ရွှင်မှုကို သူမကို ဝေငှပေးတာကို အလိုရှိတာမဟုတ်ဘူး...သင့်ရဲ့ ပူဆွေးမှု သောကတွေကို အတူဝေမျှခံစားပေးချင်တာဖြစ်တယ်...

ကောင်လေးတွေ နားမလည်ဘူး...
သင့်ဘ၀ရဲ့ ဒုက္ခ...လောကဓံရဲ့ ဗျာပါဒတွေကို သူစိတ်မ၀င်စားဘူး....သင်နဲ့အတူတူ သက်ဆုံးထိ အဖော်ပြုပေးနိုင်မဲ့ တစ်ယောက်ဟာ သူမ ဟုတ်မဟုတ်ဆိုတာပဲ ဂရုစိုက်ပါတယ်....

1 comment:

  1. ကောင်းလိုက်တဲ့ စကားလုံးလေးတွေ

    ReplyDelete

လာလည်သောသူငယ်ချင်းအားလုံးရွှင်လန်းချမ်းမြေ့ပါစေနော်...