ပရိယာယ်မသုံးဘဲ ပွင့်လင်းရိုးသားဖြူစင်စွာ ဆက်ဆံတာဟာ လူတစ်ယောက်ကို ကိုယ်ကပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်တစ်ခုပါ...

Friday, October 14, 2011





     “ မျက်ဝန်း “

ချစ်သူမျက်ဝန်း


တိမ်တွေထွန်းလို့


         ယွန်းတော့မည်စိုး……….


ချစ်သူကျေနပ်


အားရအောင်ပင်


  တောင်းပန်ချင်တယ်


            မငိုပါနဲ့ချစ်သူရယ်…………


ချစ်သူမျက်ဝန်း


အရောင်တွေထွန်းလို့


တောက်ပဖို့ရာ


ပေးဆပ်ချင်တယ်


    “ငါ့နှလုံးသားကိုလား……


  ငါ့အသက်ကိုလား …….

         ငါ့ဘ၀တစ်ခုလုံးကိုလား…….”

ပြောပါချစ်သူ

မင်းလိုရာပြောပါ

မင်းမျက်ဝန်းတွေ

ထာဝရထွန်းလင်းစေဖို့

ငါပေးဆပ်သွားချင်လို့ပါ

ချစ်သူရယ်…………..။

Dragon
zawmyohtike.mr@gmail.com

No comments:

Post a Comment

လာလည်သောသူငယ်ချင်းအားလုံးရွှင်လန်းချမ်းမြေ့ပါစေနော်...