Monday, November 28, 2011
မိမိကိုယ်သာကိုးကွယ်ရာ...
ငိုစရာကြုံတဲ့အခါ နှစ်သိမ့်သူမရှိဘူး... ရလာဒ်က ရင့်ကျက်ခြင်းတွေ တတ်မြောက်လာတယ်...
Sunday, November 27, 2011
ကိုယ်ကျင့်သီလ
ကိုယ်ကျင့်သီလ
by မနာပ ဒါယီ အရှင်ဝိစိတ္တ
ဗုဒ္ဓဘာသာဝင်များ စောင့်ထိန်းကြတဲ့ သီလကို ကိုယ်ကျင့်သီလလို့လည်း
ခေါ်ပါတယ်။ ဒီစကားလုံးလေးဟာ အဓိပ္ပါယ် သိပ်လေးနက်ပါတယ်။
“ကိုယ်ကျင့်သီလ”တဲ့။ ဟုတ်တယ်။ ကိုယ်ကျင့်မှ ကိုယ်ရမှာကိုး။ ကိုယ်မကျင့်ဘဲ
ဘုရားရှေ့မှာ ဘယ်လောက်ပဲ သီလတွေယူယူ၊ ဘုန်းတော်ကြီးတွေက ဘယ်လောက်ပဲ
သီလတွေပေးပေး ကိုယ်ကိုယ်တိုင် မကျင့်ရင် ပါးစပ်ပေးပေးပြီး၊ ပါးစပ်ယူ
ယူတာပဲ ဖြစ်ပါလိမ့်မယ်။
ဗုဒ္ဓဘာသာတွေရဲ့ နောက်ဆုံးပန်းတိုင်ဟာ နိဗ္ဗာန်ပဲဖြစ်ပါတယ်။ ဒါပေမယ့်
ဒီနိဗ္ဗာန်ကို သွားဖို့အတွက် အခြေခံ လှေခါးကတော့ သီလပဲဖြစ်ပါတယ်။
ဘုရားရှင်အဆုံးအမတွေကို လိုက်နာကျင့်သုံးတဲ့ သူတွေဟာ ဒီနိဗ္ဗာန်ကို
မျက်မှောက်ပြုနိုင်ပါတယ်။ ဘုရားအဆုံးအမဆိုတာ တစ်ခြားမဟုတ်ပါဘူး၊ သီလ၊
သမာဓိ၊ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ကိုပဲ ပြောတာပါ။ ဒီသိက္ခာသုံးရပ်ကို
မဂ္ဂင်ရှစ်ပါးပဲလို့ အလွယ်နားလည်နိုင်ပါတယ်။ မဂ္ဂင်ရှစ်ပါးဟာ
နိဗ္ဗာန်သွားဖို့အတွက် တစ်ခုတည်းသော လမ်းဖြောင့်ဖြစ်ပါတယ်။ ဒီလမ်းမှာ
သီလတည်မှု၊ သမာဓိရှိမှု၊ ပညာပြည့်မှုတွေ ပါဝင်နေပါတယ်။ သီလတည်မှ
သမာဓိတည်နိုင်ပြီး၊ သမာဓိတည်မှလည်း ပညာရနိုင်ပါတယ်။ ဒီသုံးမျိုးလုံးဟာ
တစ်ခုတည်း၊ တစ်စပ်တည်းပါး။ ဒါကြောင့် သုံးမျိုးလုံးပေါင်းပြီး
တစ်ကြောင်းတည်းသော လမ်းအဖြစ်ရှိနေတာပါ။ အရေအတွက်အားဖြင့်
မဂ္ဂင်ရှစ်ပါးလို့ ပြောပေမယ့် အချုပ်အားဖြင့် သီလ၊ သမာဓိ၊ ပညာပါပဲ။ ဒါကို
သိက္ခာသုံးရပ် အကျင့်မြတ်လို့ပြောနိုင်ပြီး ဗုဒ္ဓရဲ့ အဆုံးအမ
အနှစ်ချုပ်လို့လည်း ပြောနိုင်ပါတယ်။
မှန်ပါတယ်။ ဒီလို ဘုရားရှင်ရဲ့ အဆုံးအမတွေ တည်နေဖို့အတွက် ဆုတောင်းနေလို့
မရပါဘူး။ တည်အောင်ကျင့်ယူမှ ရပါတယ်။ ကိုယ်ကိုယ်တိုင် ကျင့်ယူရပါတယ်။
အဲဒီလိုကျင့်တဲ့အခါ အခြေခံဖြစ်တဲ့ ကိုယ်ကျင့် သီလကို
အရင်ဆုံးလုံခြုံအောင် ကျင့်ဖို့လိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့
ဗုဒ္ဓဘာသာဝင်တွေ အတွက် သီလဟာ အခြေခံ အကျဆုံးဖြစ်လို့ပဲ ဖြစ်ပါတယ်။
သီလမလုံခြုံပဲ အထက်လုပ်ငန်းတွေ ဖြစ်တဲ့ ဘာဝနာ အလုပ်တွေ လုပ်နေလို့ကတော့
ဆရာတော်ကြီးတစ်ပါး ဆုံးမသလို “အပေါ်ပိုင်းကတော့ တိုက်ပုံအင်္ကျီ၊
ခေါင်းပေါင်းစ တလူလူနဲ့ အောက်ပိုင်းကျတော့ ပုဆိုးမပါတဲ့သူ“ လိုပဲ
ဖြစ်နေတတ်ပါတယ်။ ဒါကြောင့်လည်း အောက်ပိုင်းလုံခြုံအောင်
စောင့်ထိန်းစေဖို့ ငါးပါးသီလဟာ ခါးဝတ်ပုဆိုးလို မြဲနေရမယ်လို့
ဆိုခြင်းဖြစ်ပါတယ်။
သီလဟာ အလွန်အရေးကြီးတဲ့အတွက် ဒီသီလကို စောင့်ထိန်းကြဖို့ ဆရာသမားများက
အမြဲဆုံးမလေ့ ရှိပါတယ်။ ဆုံးမတဲ့အခါမှာလည်း ဥပမာလေးများပေးပြီး
ဆုံးမလေ့ရှိပါတယ်။ ကောင်းကျိုးဆိုးပြစ်တွေကို ပြပြီးလည်း
ဆုံးမလေ့ရှိပါတယ်။ သီလနဲ့ ပတ်သက်ပြီး ဆုံးမကြတဲ့ ဆုံးမမှုတွေထဲက
ပထမရွှေကျင် ဆရာတော်ဘုရားကြီးရဲ့ သိဿကောဝါဒ ဆုံးမစာမှာ ဆုံးမထားတဲ့
သီလဆိုင်ရာ အဆုံးအမတွေကတော့ ဥပမာဥပမေယျ စုံလင်လှပါတယ်။ ဒီနေရာမှာ
အလျဉ်းသင့်လို့ ဆရာတော်ကြီးရဲ့ အဆုံးအမလေးများကို တစ်ဆင့်မျှဝေရင်း
ကိုယ်ကျင့်သီလဖြစ်တဲ့အတွက် ကိုယ်ကိုယ်တိုင် ကျင့်သုံးရယူကြဖို့ ထပ်မံ
တိုက်တွန်းလိုက်ပါတယ်။
”ဗီလုံးငှက်သော်လည်း ကျွဲခြေရာခွက်ကို အမှီရလျှင် ဂဠုံနှင့်တူ၏၊ အန္တရာယ်မရှိ။
ပုထုဇဉ်သော်လည်း သီလရှိလျှင် အရိယာနှင့်တူ၏၊ အပါယ်မရောက်။
ရေရှိမှ ကြာပွားသည်၊ သီလရှိမှ သမာဓိများသည်။
ဗဟုသုတရှိလျက် သီလမရှိလျှင် ရေမတည်သော ကန်နှင့်တူ၏။
ပညာရှိလျက် သီလမရှိလျှင် အသီးမရှိသော သစ်ပင်နှင့်တူ၏။
စာပေပို့ချနိုင်လျက် သီလမရှိလျှင် အသီးမချိုသော သစ်ပင်နှင့်တူ၏။
တရားဟောကောင်းလျက် သီလမရှိလျှင် အနံ့မမွှေးသော ပန်းနှင့်တူ၏။
ကျမ်းဂန်တတ်လျက် သီလမရှိလျှင် အဆိပ်သီးပင်နှင့်တူ၏။
ဘုန်းကြီးလျက် သီလမရှိလျှင် အနှစ်မရှိသော သစ်ပင်နှင့်တူ၏။
သီလရှိမှ ဒါနနှင့်ဘာဝနာ အကျိုးပေးသန်၏။
ပင်လယ်ကူးလိုလျှင် လှေသင်္ဘောတည်၊ နတ်ပြည်တက်လိုလျှင် သီလလှေကားထောင်။
အကုသိုလ်သည် သတ္တ၀ါကို အပါယ်ဆွဲချ၏၊ သီလရှိသူကို မဆွဲချနိုင်။
ပင်လယ်ကူးလိုလျှင် သင်္ဘောလုံအောင်ဖာ၊ သံသရာကူးလိုလျှင် သီလလုံအောင်ဖာ။
လောကီဥစ္စာစောင့်လျှင် တစ်သက်ချမ်းသာ၏၊ သီလစောင့်လျှင် ဘ၀အဆက်ဆက်ချမ်းသာ၏။
ဆီမီးသည် လင်းခိုက် လူလယ်တင့်၏၊ ငြိမ်းလျှင်မှောင်၏၊ ညှော်နံ့ထွက်၏။
သီလသည် စောင့်ထိန်းခိုက် လူလယ်တင့်၏၊ ပျက်လျှင်မှောင်၏၊ ညှော်နံ့ထွက်၏။ ”
အထက်ပါ သီလဆိုင်ရာ အဆုံးအမများမှာ ပထမရွှေကျင် ဆရာတော်ကြီး၏ အဆုံးအမ
တစ်စိတ်တစ်ဒေသပဲ ဖြစ်ပါတယ်။ ဆရာတော်ကြီး၏ အဆုံးအမများကိုကြည့်ရင် သီလရဲ့
အရေးပါမှုကို အလွယ်တကူ သိနိုင်ပါတယ်။ အခြေခံဖြစ်တဲ့ သီလမလုံခြုံရင်
ကျန်တဲ့ဒါနဘာဝနာ အလုပ်များမှာ အကျိုးပေးအားနည်းပြီး
နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်နဲ့ အလှမ်းဝေးနေတတ်ပါတယ်။
ဗုဒ္ဓဘာသာဝင်တစ်ယောက် အတွက် အခြေခံဖြစ်တဲ့ ငါးပါးသီလလောက်တော့
လုံခြုံမှကို ဖြစ်မှာပါ။ နိဗ္ဗာန်မရသေးတာတောင် ဘ၀ကူးကောင်းဖို့၊
သံသရာခရီးမှာ အပါယ်မလားဖို့ အနည်းဆုံး ငါးပါးသီလလောက်တော့ လုံခြုံဖို့
လိုအပ်ပါတယ်။ သီလမလုံခြုံပဲ ဒါနတွေ ဘယ်လောက်ပဲ လုပ်လုပ်အပါယ်
တံခါးပိတ်ဖို့ မလွယ်လှပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ဒါနဟာ စည်းစိမ်ဥစ္စာ
ချမ်းသာမှု သက်သက်ကိုသာ အကျိုးပေးနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒီလိုပဲ
သီလမလုံခြုံပဲ ဘာဝနာ အားထုတ်နေရင်လည်း သမာဓိတည်ဖို့ ခဲရင်းသလို သမာဓိ
မတည်ရင်လည်း အထက်မဂ်ဉာဏ်ကို ရဖို့ခဲရင်းလှပါတယ်။ အချုပ်ကြည့်ရင်
ဒါနအကျိုးပေးသန်ဖို့နဲ့ ဘာဝနာဉာဏ်တွေမြင့်ဖို့ သီလသည်သာ ပဓာနကျတယ်ဆိုတာ
သဘောပေါက်နိုင်ပါတယ်။
ဒါကြောင့် ကိုယ်ဖြစ်ကိုယ်ခံ၊ ကိုယ်လုပ်ကိုယ်စံ၊ ကိုယ်ကျင့်ကိုယ်ရဆိုတဲ့
စကားအတိုင်း ကိုယ်ကိုယ်တိုင်ပဲ ကိုယ့်ဘ၀ အတက်အကျ အရှုံးအနိမ့်ကို
ဖန်တီးနိုင်တာ ဖြစ်တဲ့အတွက် ပစ္စုပ္ပန် သံသရာ ချမ်းသာစေတတ်တဲ့ ဒီသီလကို
ကိုယ်ကိုယ်တိုင်ကျင့်ပြီး ကိုယ်ကိုယ်တိုင် ရယူနိုင်အောင်
ကိုယ်ကျင့်သီလရဲ့ အရေးပါမှု တစ်စိတ်တစ်ပိုင်းကို ဗုဒ္ဓဘာသာဝင်
သူတော်စင်များအတွက် သတိပေးရင်း ပုဆိုးထမီလုံအောင် ၀တ်ကြဖို့
တိုက်တွန်းလိုက်ရပါတယ်။

တကယ်ချစ်ရင်တဲ့....
၁။ facebook password ကို သူမကို ပြောပြပါ...
၂။ သူမကို မရက်စက်ပါနဲ့...
၃။ စိတ်ထိခိုက်အောင် မလုပ်ပါနဲ့...
၎။ သူမကို အနိုင်မကျင့်ပါနဲ့...
၅။ မညာပါနဲ့...
၆။ မရိုက်ပါနဲ့...
၇။ တစ်ခုခုနဲ့ ကောက်ပေါက်တာမျိုးမလုပ်ပါနဲ့..
၈။ သူမဖုန်းကို မချပစ်ပါနဲ့....
၉။ အသံကျယ်နဲ့  အော်ပြီး သူမကို စကားမပြောပါနဲ့...
၁၀။ သူမ စိတ်မကောင်းဖြစ်အောင် မလုပ်ပါနဲ့...
၁၁။ သူမအတွက် အနှောင့်အယှက်ဖြစ်မဲ့ အရာတွေ သူမနဲ့ အတူ မရှိပါစေနဲ့...
၁၂။ မလုပ်ချင်တဲ့ အရာကို အတင်းမခိုင်းပါနဲ့...
၁၃။ ရည်းစားဟောင်းမိန်းကလေးနဲ့ သူမကို နှိုင်းပြီး မပြောဆိုပါနဲ့...
၁၄။ မလုပ်တတ်တဲ့ အရာကို အပြစ်မပြောပါနဲ့...
၁၅။ သူမကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစာတွေကို မကျွေးပါနဲ့...
၁၆။ တခြားတစ်ယောက်က သူမထက် ပိုတော် ပိုကောင်းတယ်လို့ မပြောပါနဲ့...
၁၇။ အေးတဲ့ ရာသီမှာ သူမရဲ့ လက်ကလေးတွေကို နွေးထွေးစွာ ဆုပ်ကိုင်ထားပေးပါ...
၁၈။ လမ်းသွားတဲ့အချိန်မှာ သူမလက်ကို မြဲမြဲကိုင်ထားပါ...မလွှတ်လိုက်
၁၉။ လမ်းကူးတဲ့အခါ... သူမလက်ကို တင်းကြပ်စွာ ကိုင်ထားပေးပါ...
၂၀။ သူမနဲ့ အတူတူ ဈေးဝယ်ထွက်တဲ့အခါ ပင်ပန်းလိုက်တာလို့ မပြောပါနဲ့...
၂၁။ ဈေးဝယ်ထွက်ရင် ပစ္စည်းကူသယ်ပေးပါ...
၂၂။ အထိမ်းအမှတ်နေ့တွေမှာ အမှတ်တရလက်ဆောင်ပေးပါ...
၂၃။ သူမ ဆာလောင်တဲ့အခါ...သူမနဲ့ အတူတူ စားသောက်ပေးပါ...
၂၄။ ရန်ဖြစ်ရင် အရင်ဆုံး တောင်းပန်ပါ....
၂၅။သူမ ကလေးဆန်တဲ့အခါ အဖော်ပြုပေးပါ...
၂၆။ နေမကောင်းတဲ့အခါ သတိတရ ဆေးတိုက်ပါ...
၂၇။ သူမ ဖုန်းဆက်ရင် ဆက်ဆက် ကိုင်ပါ...
၂၈။ နေမကောင်းတဲ့အခါ သူမဘေးမှာ နေပေးပါ...
၂၉။ ၀မ်းနည်းစရာနဲ့ သူမကြုံတဲ့အခါ...နှစ်သိမ့်ပေး
၃၀။ သူမ ငိုတဲ့အခါ... နွေးထွေးစွာ ဖက်ထားပါ..
၃၁။ သူမ မွေးနေ့ရောက်တဲ့ အခါ.. ပထမဆုံး သူမကို ပျော်ရွှင်စေသူဖြစ်ပါစေ...
၃၂။ သူမကို ပြောတဲ့ အတိုင်း ကတိတည်ပါ...
၃၃။ ဟန်းဖုန်းကို သူမကို ကြည့်ခွင့်ပေးပါ...
၃၄။ ကိစ္စရှိလို့ သူမခေါ်တဲ့အခါ...သွားနိုင်အောင်ြ
၃၅။ ညဘက် ဖုန်းပိတ်မထားပါနဲ့...
၃၆။နေ့တိုင်း သူမကို ဖုန်းဆက်ပေးပါ....
၃၇။ online ပေါ်ရောက်တဲ့အခါ...သူမ ရှိမရှိ အရင်သတိပြုပါ...
၃၈။ တနေရာကို သူမ တစ်ယောက်ထဲသွားတဲ့အခါ... သူမကို ဖုန်းဆက်ပြီး သတိထားသွားဖို့ ပြောဆိုပါ...
၃၉။ သူမ ကြိုက်ရင် ၀ယ်ပါစေ...
၄၀။ သူမကို သေချာစောင့်ရှောက်ပါ...နေမကောင်
၄၁။ သူမရဲ့ ဖုန်းနံပါတ်ကို ဖုန်းနံပါတ် စာရင်းထဲမှာ နံပါတ် ၁ ရှိပါစေ....
၄၂။ သူမနဲ့ စိတ်တူကိုယ်တူရှိပါစေ...
၄၃။ သူမ မက်ဆေ့ခ်ျ ပို့ရင် ချက်ခြင်း ပြန်ပါ....
၄၄။ သူငယ်ချင်းတွေရဲ့ ရှေ့မှာ သူမကို မျက်နှာသာပေးပါ...
၄၅။ လမ်းအတူတူသွားတဲ့အခါ သူမရဲ့ ဘယ်ဘက်မှာ နေပေးပါ...
၄၆။ ချစ်သူသက်တမ်းဘယ်လောက် ကြာပါစေ...အချစ်တွေ အမြဲ သစ်လွင် လန်းဆန်းနေပါစေ...
၄၇။ အန္တရာယ်ရှိရင် သူမကို မခိုင်းပါနဲ့...
၄၈။ မိုးရွာရင်... သူမကို ထီးဆောင်းပေးပါ...
၄၉။ သူမရဲ့ အကြိုက်ကို မှတ်ထားပေးပါ...
၅၀။ ပျော်ရွှင်တဲ့အခါ သူမနဲ့ အတူ မျှဝေခံစားပါ...
၅၁။ ၀မ်းနည်းစရာရှိရင် သူမကို အသိပေး တိုင်ပင်ပြောဆိုပါ...
၅၂။ သူငယ်ချင်းအားလုံးကို သူမနဲ့ မိတ်ဆက်ပေးပါ...
၅၃။ သူမကို ရယ်မောပျော်ရွှင်အောင် ထားပါ...
၅၄။ ပြောတဲ့အတိုင်း လုပ်ပါ...
၅၅။ တတ်နိုင်ရင် ဟင်းချက်သင်ပြီး သူမကို ကျွေးပါ....
၅၆။ သူမကို ယုံကြည်ပေးပါ...
၅၇။ အမြင်သဘောထားချင်း မကြာမကြာ ဖလှယ်ပါ...
၅၈။ သူမအိပ်တဲ့အခါ စောင်ခြုံပြီး နွေးထွေးအောင်လုပ်ပေးပါ....
၅၉။ သူမရဲ့ အတိတ်ကို နားလည်ပေးပါ...
၆၀။ သူမအတွက် လုံခြုံမှု ရှိပါစေ...
၆၂။ သူမစိတ်ဆိုးတဲ့အခါ ပျော်ရွှင်အောင် နှစ်သိမ့်ပြောဆိုပါ...
၆၃။ သူမ အလိုရှိတာကို အတတ်နိုင်ဆုံး ကြိုးစားပေးပါ...
၆၄။ ချိန်းတွေ့တဲ့အခါ..သူမထက် စောရောက်ပါစေ...
၆၅။ ချိန်းတွေ့တဲ့နေရာမှာ သူမကို စောင့်ရတာ အရမ်းကြာလို့ ပြန်သွားတာမျိုး မလုပ်ပါနဲ့...
၆၆။ သူမနဲ့ အတူတူ အဖော်ပြု လည်ပတ်ပေးတဲ့အခါ...အချိန်မရှိဘူ
၆၇။ အချိန်တိုင်း သူမကို သတိရ ပါစေ....
၆၈။ တခြားမိန်းကလေးတစ်ယောက်ကို ၃ စက္ကန့်ထက် ပိုမကြည့်ပါနဲ့...မကြည့်တာအကော
၆၉။ အိမ်ပြန်တဲ့အခါ သူမကို အိမ်ဝ အထိလိုက်ပို့ပေးပါ... သူမအိမ်ပေါ်ရောက်မှ ပြန်ပါ...
၇၀။ အိမ်ပြန်ပို့ပေးတဲ့အခါ ကောင်းသောညပါလို့ နှုတ်ဆက်ဖို့ မမေ့ပါနဲ့...
၇၁။ သူမလုပ်တဲ့အရာကို ကူညီလုပ်ပေးပါ... သပ်သပ်ရပ်ရပ် ကူညီလုပ်ဆောင်ပေးပါ...
၇၂။ စားကောင်းတဲ့ အစာကို သူမကို ကျွေးဖို့ သတိရပါ...
၇၃။ မနက်အိပ်ရာထဖို့ သူမကို နှိုးပေးပါ...
၇၄။ မနက်စာ ၀ယ်ကျွေးပါ...
၇၅။ သူမ အိပ်ရာထခဲ့ရင် သွားတိုက် မျက်နှာသစ်ဖို့ အဆင်သင့်ပြင်ထားပေးပါ...
၇၆။ သူမ အိပ်ရာမထချင်ဘူးဆိုရင်...မနက်စာ
၇၇။ဘ၀မှာ သူမကို အရေးကြီးဆုံးနေရာမှာထားပါ...
၇၈။ သူမဟာ သင့်ကြောင့် ကံအကောင်းဆုံး မိန်းကလေးဖြစ်ပါစေ...
စာချစ်သူများအား ကျေးဇူးတင်ပါသည်။
မြန်မာအမျိုးသမီးများ အကြမ်းဖက်မှု ကာကွယ်ရေးအထိမ်းအမှတ်နေ့ အမှတ်တရ (25/11/11)
မူရင်း။ ။喜欢1个女孩、78条你可以做到几条?
(ဇေယျာ)26/11/11, Saturday, 10:00 am
အင်းးးးးးးးးးးးးးးးးးးးးးး
မိန်းကလေးတစ်ယောက်ကို တကယ်ချစ်ရင်...78 ချက်ထဲက ဘယ်နှချက် သင် လုပ်နိုင်သလဲ
တဲ့ လေ ဒီအကြောင်းအရာလေးက ......... ဒါပေမယ့် ကျွန်မကတော့ တကယ်ချစ်ရင် တစ်ယောက်နဲ့တစ်ယောက် စိတ်ချင်းနီးဖို့ အပြန်အလှန်နားလည်မှုတွေနဲ့ပေးဆပ်ပီး အေးအတူပူအမျှ အရာရာကိုရင်ဆိုင်လက်တွဲပီး ကိုယ့်ကိုတန်ဖိုးထားပီး သစ္စာရှိစွာနဲ့မလိမ်မညာဘဲ ချစ်ပီး တသက်လုံးရိုးမြေကျလက်တွဲသွားနိုင်မယ့်သူဘဲ သဘောကျပါတယ်ရှင် သူအားလုံးဒီအချက်တွေကိုမလိုက်နာနိုင်လဲခွင့်လွတ်မှာပါ.... :)
Thursday, November 24, 2011
မင်းကိုသတိရရင်....
တစ်ယောက်ယောက်ကို သတိရတဲ့ အခါ အထီးကျန်ဆန်မှုကို ခံစားရတယ် ... လွမ်းဆွတ်တဲ့အခါ...စိတ်ထဲမှာ နာကျင်ကြေကွဲမှုကို ခံစားရတယ်.... တမ်းတခြင်းတွေနဲ့ တစ်စုံတစ်ယောက် ကို မျှော်နေရတဲ့ ညတွေဟာ ခါတိုင်းထက် အေးစက်စက်နိုင်လှတယ်...အထီးကျန် ဆန်နေသူရဲ့ မျက်နှာဟာ ပြုံးရယ်နေပေမဲ့... ရင်ထဲမှာတော့ မျက်ရည်ကျနေတယ်လေ...
ကျွန်မကြိုက်နှစ်သက်မိသော FaceBook ပေါ်က အကြောင်းအရာလေးကိုပြန်လည်ဝေမျှပါသည်။ ။
Saturday, November 19, 2011
သည်းခံခြင်း၊ခွင့်လွှတ်ခြင်းက မြတ်သောမင်္ဂလာတစ်ပါး
သည်းခံခြင်းဟာ မြတ်သောမင်္ဂလာတစ်ပါး ဖြစ်တယ်လို့ မြတ်စွာဘုရားကဟောကြားတော်
မူခဲ့ပါတယ်။ ခန္တီ သည်းခံခြင်းဆိုတာ လောကဓံကို အပြုံးမပျက်
ရင်ဆိုင်ရဲတဲ့သတ္တိကိုခေါ်တာပါ။ မြတ်စွာဘုရားဟာ ခန္တီပါရမီ ကိုဖြည့်ကျင့်ရာမှာ
သူ့အပေါ် ညှင်းပန်းနှိပ်စက်လာတဲ့ မည်သူ့ကိုမဆို သည်းခံရုံသည်းခံခဲ့တာ
မဟုတ်ပါဘူး။ သတ္တ၀ါတွေအပေါ် မေတ္တာလွှမ်းခြုံပြီး ဘာအာဃာတ မှ မထားပဲ
ခွင့်လွှတ်တော်မူခဲ့တာပါ။ ခွင့်လွှတ်တယ်ဆိုတာ သဘောထားသေးသိမ်တဲ့ လူသာမန်တွေ
မလုပ်နိုင်တဲ့အလုပ်တစ်ခုပါ။ သဘောထားကြီးတဲ့ ပါရမီရှင်ပုဂ္ဂိုလ်တွေ
သူတော်ကောင်းစိတ်ရှိသူတို့သာ ပြုလုပ်နိုင်တဲ့ အလုပ်ပါ။ လူတော်တော်များများဟာ
တစ်ချို့ကိစ္စတွေမှာ သည်းခံမှုတော့ ကောင်းကြပါတယ်။ ဒါပေမယ့်
သည်းခံခြင်းရဲ့နောက်ကွယ်က ခွင့်လွှတ်ခြင်းကိုတော့ လွယ်လွယ်နဲ့ မလုပ်
ဆောင်နိုင်ကြပါဘူး။အဲဒါကလဲ ခွင့်လွှတ်ခြင်းဆိုတာကို သေချာနားလည် သဘောပေါက်မှု
မရှိကြလို့ပါ။
လူ တော်တော်များများမှာ စိတ်ဆင်းရဲ၊ စိတ်ဒုက္ခရောက်မှု၊ စိတ်အခဲမကြေမှုတွေ
ကိုယ်ဆီ ရှိခဲ့ကြမှာပါ။ရှိနေကြမှာပါ။ အဲလို စိတ်ဒုက္ခရောက်မှု တော်တော်များများက
ဘယ်သူတွေဆီက ရလာတာလဲဆိုတော့ ကိုယ်နဲ့ရင်းနှီး ပတ်သက်ချစ်ခင် တဲ့သူတွေ ဆီက
အများဆုံးရခဲ့ကြတာ ဆိုတာမလွဲပါဘူး။ ကိုယ်နဲ့မရင်းနှီးတဲ့ သူစိမ်းတွေဆီက
စိတ်ဆင်းရဲမှု ရတယ်ဆိုတာ နည်းပါတယ်။ ကိုယ်နဲ့ပိုရင်းနှီးလေ ပိုပတ်သက်လေ
ကိုယ့်ကို စိတ်ဒုက္ခပိုပေးနိုင်လေပါ။ အဲဒီလို စိတ်ဆင်းရဲရတယ်ဆိုတာ
ကိုယ့်စိတ်ထဲမှာ မကျေနပ်တာလေးတွေရှိနေခဲ့လို့ပါ။ ပြဿနာတစ်ခု ဖြစ်ပြီဆိုရင်
ကိုယ့်ဘက်ရော သူ့ဘက်ပါ မှားတာရှိရပါမယ်။ အဲဒါကိုအမှန်တိုင်း
သုံးသပ်နိုင်ဖို့လိုပါတယ်။ ကိုယ့်ကိုယ်ကို မှန်တယ်လို့ပဲထင်နေရင်
သူများပဲမှားနေတယ်လို့ တွေးမိနေမှာပါ၊ ကိုယ်ပဲမှားနေတယ်လို့ ထင်နေပြန်ရင်လဲ
မဟုတ်သေးပါဘူး။ နှစ်ခုလုံးဟာမကောင်းပါဘူး။ တကယ်လေးနက်တဲ့ အသိအမြင်ကို
မပေးနိုင်ပါဘူး။ ပြဿနာကို တကယ်ဖြေရှင်းပေးနိုင်တဲ့ ခွင့်လွှတ်ခြင်းဆိုတာ
မှန်ကန်တဲ့အမြင်၊ မှန်ကန်တဲ့အသိမှာ အခြေခံမှ ဖြစ်နိုင်ပါတယ်။ သူတစ်ပါးကို
ခွင့်လွှတ်ရုံနဲ့လဲ မရသေးပါဘူး၊ မပြည့်စုံသေးပါဘူး။ မိမိကိုယ်ကိုပါ
ခွင့်လွှတ်နိုင်မှ ပြည့်စုံပါတယ်။ အဲဒါကိုအလေးနက် သတိပြုမိဖို့လိုပါတယ်။
အရင်ဆုံး ကိုယ်မကျေနပ်ခဲ့တဲ့သူတွေ၊ ကိုယ့်ကိုစိတ်ဆင်းရဲအောင်
လုပ်ခဲ့တဲ့သူတွေကို ပြန်စဉ်းစားကြည့်ရင် ကိုယ်နဲ့အရင်းနှီးဆုံးသူတွေဖြစ်
တဲ့
မိဘ၊ညီအစ်ကို၊မောင်နှမ၊ ဆွေမျိုးသားချင်း၊ ဇနီး၊ခင်ပွန်း၊ သူငယ်ချင်းနဲ့
လုပ်ဖော်ကိုင်ဖက်မိတ်ဆွေ တွေကို သတိရမိကြမှာပါ။ ဘာလို့သူတို့နဲ့ ပတ်သက်ပြီး
မကျေနပ်မှုတွေ၊ စိတ်ဆင်းရဲ မှုတွေ ဖြစ်ရသလဲဆိုတော့ ကိုယ်ကသူတို့အပေါ်
မျှော်လင့်ထားတာကတစ်မျိုး၊ သူတို့ကလဲ ကိုယ့်အပေါ် မျှော်လင့်ထား တာတစ်မျိုး
ဖြစ်နေကြတော့ မျှော်လင့်တဲ့အတိုင်းဖြစ်မလာတဲ့ အခါ တစ်ယောက်ကိုတစ်ယောက်
အပြစ်တင်ကြ စိတ်ဆိုးမိတတ်ကြလို့ပါပဲ။ ပြီးတော့ သူတို့ကကိုယ်နဲ့ရင်းနှီး
ပတ်သက်ကြတဲ့ သူတွေဆိုတော့ ကိုယ့်ရဲ့အားနည်းချက်၊ အားသာချက်တွေကို
အများအားဖြင့်သိကြတယ်။ အဲဒါကြောင့်လဲ သူတို့က ကိုယ့်ကိုပြင်းပြင်းထန်ထန်
အပြစ်တင်ရင်၊ နာအောင်ပြောရင် ပိုပြီးခံစားရပါတယ်။ စိတ်ထိခိုက်ရပါတယ်။ ချစ်တဲ့
သူကနာအောင်ပြောရင် ပိုနာတတ်ကြပါတယ်။ ဒီထက်ပိုတာက သူတို့က ကိုယ့်ကိုနာအောင်
ပြောလိမ့်မယ်၊ လုပ်လိမ့်မယ်လို့ လုံးဝမမျှော်လင့်ထားခဲ့ဘူး။
မမျှော်လင့်တာဖြစ်လာတော့ ပိုပြီး ယူကျုံးမရ စိတ်နာသွားတာတွေ
ဖြစ်ရတာပါ။နောက်ဆုံး ကိုယ်နဲ့အရင်းနှီးဆုံးဖြစ်တဲ့ ကိုယ်ကိုယ်တိုင်ကလဲ
ကိုယ့်ကို စိတ်ဆင်းရဲစေတဲ့ သူတွေထဲမှာ တစ်ယောက်အပါအ၀င်ပါပဲ။
ကိုယ့်ကို စိတ်ဆင်းရဲ၊ စိတ်ထိခိုက်အောင် ဖြစ်စေတဲ့အချက်တွေကို
စဉ်းစားကြည့်မိရင် ကိုယ်မျှော်လင့်သလို ဖြစ်မလာလို့၊ သူ့ဘက်က ကတိမတည်လို့
စိတ်ဆင်းရဲရတာ၊ ကိုယ့်ကို နေရာမပေး အသိအမှတ်မပြု မဆက်ဆံတာ၊
ကိုယ့်စကားကိုလေးလေးစားစား နားမထောင်တာ၊ မမြင်ဟန်ဆောင်နေတာ၊ သာရေးနာရေးမှာ
မဖိတ်ပဲ မေ့ထားခြင်းခံရတာတွေ၊ ချစ်ခင်သူက စွန့်ပစ်ခြင်းခံရတာ၊ လှောင်တာ၊
ပြောင်တာ၊ သရော်တာ ခံရခြင်းတွေ၊ မိမိဂုဏ်သိက္ခာ ကျသွားအောင်ပြောခြင်းခံရတာ၊
အထင်သေးအောင်ပြောတာ၊ ရှက်သွားအောင်ပြောတာ၊ သစ္စာဖောက်ခြင်းခံရတာ၊ လှည့်စားခံရတာ၊
ရိုက်တာ၊ နှက်တာ၊ လက်သီးနဲ့ထိုးတာ၊ ပါးရိုက်တာ ခံရတာတွေ၊
စိတ်ဆင်းရဲအောင်လုပ်တာ၊ ပစ်ပယ်ထားတာ၊ နှိမ့်ချပြောဆိုခြင်း ခံရတာတွေဟာ
ကိုယ့်ကို စိတ်ဆင်းရဲ၊ကိုယ်ဆင်းရဲ နဲ့ စိတ်ထိခိုက်စေတဲ့ အကြောင်းအရာတွေလို့
အကြမ်းဖျဉ်း စဉ်းစားကြည့်လို့ ရပါတယ်။
ခွင့်လွှတ်ခြင်း ဆိုတာဘာလဲသိဖို့ ခွင့်လွှတ်ခြင်းမဟုတ်တာတွေ
အရင်သိဖို့လိုမယ်ထင်ပါတယ်။ ခွင့်လွှတ်ခြင်းဆိုတာ မေ့လိုက်တာ မဟုတ်ပါဘူး။
ဖြစ်ခဲ့တဲ့ကိစ္စတွေ၊ ခံခဲ့ရတာတွေ၊ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ခဲ့ တာတွေကို
မေ့လိုက်တာ မဟုတ်ပါဘူး။ အဲဒီလို တွေ့ကြုံခံစားခဲ့ရတဲ့ စိတ်ဆင်းရဲမှု
ကိုယ်ဆင်းရဲမှုတွေ အားလုံးဟာ ကိုယ့်အတွက် သင်ခန်းစာ ယူစရာတွေ ဖြစ်ပါတယ်။
အဲဒါတွေကို မေ့လိုက်ဖို့မသင့်ပါဘူး။ အဲဒါတွေကို နားလည်ဖို့ ကြိုးစားရပါမယ်။
အဲဒါမှလဲ နောင်အခါ အဲလိုမျိုး ထပ်ပြီးတော့ မခံရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ
စဉ်းစားရပါမယ်။ ကိုယ့်ကို သူများက အဲဒီလိုလုပ်ခဲ့တုန်းက
ကိုယ်ဘယ်လောက်ခံစားရတယ်ဆိုတာ သိပြီးတော့ ကိုယ်ချင်းစာပြီး “ငါ သူများကို
အဲဒီလို မလုပ်ဘူး” ဆိုတဲ့ စိတ်ထားကို မွေးရပါမယ်။ ကိုယ်ခံရသလို သူများကို
ပြန်လုပ်မိတာတွေ ရှိတတ်ပါတယ်။ ပြန် ဂလဲ့စားခြေတာပေါ့။ အဲဒါ အင်မတန် မှားပါတယ်။
ဥာဏ်ပညာ နည်းတဲ့သူ၊ သဘောထား သေးတဲ့သူဟာ သူများအကြောင်း မကောင်းပြောရတာ၊
သူများကို တစ်နည်းနည်းနဲ့ နိုင်ရတာကို အရသာတွေ့တတ်ကြတယ်။ ဥာဏ်ပညာ ကြီးတဲ့သူ၊
သဘောထား ကြီးတဲ့သူဟာ အနိုင်၊အရှုံးမရှိ တာကိုပဲ နှစ်သက်တတ်ပါတယ်။
ခွင့်လွှတ်တယ်ဆိုတာဟာ သူလုပ်ခဲ့တဲ့ကိစ္စကို လျှော့လျှော့ပေါ့ပေါ့
တွက်လိုက်တာမဟုတ်ပါဘူး။ မမှားပါဘူး ကောင်းပါတယ်လို့ ပြောတာမဟုတ်ပါဘူး။
ကိုယ်လုပ်ခဲ့တဲ့ကိစ္စကိုလည်း လျှော့လျှော့ပေါ့ပေါ့ တွက်တာမဟုတ်ပါဘူး။ ကိုယ်က
သူတစ်ပါးကို စိတ်ဆင်းရဲအောင်၊ ကိုယ်ဆင်းရဲအောင် လုပ်မိတဲ့အခါမှာ ငါက အလကားစ
တာပါကွာ။ ငါက တကယ်ရည်ရွယ်တာ မဟုတ်ပါဘူးဆိုပြီးတော့ တစ်ချို့က လျှောချတတ်ပါတယ်။
တစ်ခါတလေမှာလဲ တစ်ချို့က စေတနာကောင်းလေးနဲ့ လုပ်တာ မှန်ပေမယ့် လုပ်နည်းမကျတော့
သူတစ်ပါးမှာ ထိခိုက်နစ်နာရတာတွေ ရှိပါတယ်။ လုပ်တာမဟုတ်တာနဲ့ မဟုတ်တာလုပ်တာဟာ
အပြစ်ချင်းတူတတ်ပါတယ် လို့ ဆရာတော်အရှင်ဆေကိန္ဒ က ဆုံးမထားတာ ကိုသတိရမိပါတယ်။
ခွင့်လွှတ်လိုက်တဲ့အခါမှာ အတိတ်ကဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေကြောင့် ကိုယ့်မှာ နာကျည်း
နေတာ၊ သူ့ကို ပြန်ပြီးဂလဲ့စားချေမယ်ဆိုတဲ့ အတွေးမျိုးတွေ တွေးနေရတာကို ကိုယ်က
လွှတ်လိုက်တာ၊ လျှော့လိုက်တာပါ။ ဒါပေမယ့် ခွင့်လွှတ်လိုက်တာဟာ မှားတာကို
မှန်ပါတယ်လို့ လုပ်လိုက်တာ မဟုတ်ပါဘူး။ ခွင့်လွှတ်နိုင်ရင် ဒဏ်ရာဟောင်း
ကျက်လွယ်ပါတယ်။ စိတ်နေသဘောထား မြင့်မားလာနိုင်ပါတယ်။ ကိုယ့်ကို
ထိခိုက်နစ်နာအောင် လုပ်ခဲ့တဲ့သူကို ချစ်နေရမယ်လို့လည်း မဆိုလိုပါဘူး။
ခွင့်လွှတ်လို့ရတယ်၊ ချစ်လို့မရတာတွေ ရှိပါတယ်။
ခွင့်လွှတ်တယ်ဆိုတာ ဘာလဲဆိုတော့ ကိုယ့်စိတ်ထဲမှာ ခံစားနေရတဲ့ ဒုက္ခ၊
ကိုယ့်ရင်ထဲမှာ ခံစားနေရတဲ့ နာကြည်းမှု၊ ပူဆွေးမှု၊ သောက၊ ဒေါမနဿ၊ မခံချင်စိတ်၊
လက်စားချေချင်စိတ်တွေ ကိုသက်သာမှုရအောင် လုပ်လိုက်တာပါ။ ကိုယ့်စိတ်ကို
အနှောင်အဖွဲ့က လွှတ်လိုက်တာပါ။ သူများအပေါ်မှာ နာကြည်းနေရတာ၊ မကျေမနပ်ဖြစ်နေရတာ၊
လက်စားချေမယ်လို့ တွေးနေရတာတွေဟာ ကိုယ့်လုပ်သင့်တဲ့၊ ကိုယ့်အတွက် အကျိုးရှိ
မယ့် ကိစ္စတွေမှာ တွေးချိန်၊လုပ်ချိန် မရစေပါဘူး။ အဲဒါကြောင့်
ခွင့်လွှတ်လိုက်တာဟာ ကိုယ့်စိတ်ကို လွတ်လပ်မှု ပေးလိုက်တာပါ၊ ကိုယ့်စိတ်ကို
ငြိမ်းချမ်းခွင့်ပေးလိုက်တာပါပဲ ။ တကယ်တော့ ကိုယ့်ကိုယ်ကို ချစ်ရင် အားလုံးကို
ခွင့်လွှတ်သင့်ပါတယ်။ သူတို့ကိုခွင့်မလွှတ်နိုင်ရင် ကိုယ်ပဲ ခံနေရမှာပါ။
ခွင့်လွှတ်လိုက်တယ်ဆိုတာ ကိုယ်က အထက်စီးနေရာကနေပြီး မင်းကို
ငါခွင့်လွှတ်တယ်ဆိုပြီး တစ်ဖက်သားကို အနိုင်ယူလိုက်တာ မဟုတ်ပါဘူး။ သူက လူဆိုး၊
သူက မတရားတာကို လုပ်တာ၊ သူက သူတော်ကောင်းစိတ်မရှိဘူး။ ဒါပေမယ့် ငါက
သဘောထားကြီးကြီးနဲ့ သူ့ကို ခွင့်လွှတ်ပါတယ်ဆိုပြီးတော့ မာနစိတ်နဲ့ ခွင့်လွှတ်လို့
မရပါဘူး။ မာနကြီးသူဟာ ခွင့်မလွှတ်နိုင်ပါဘူး။ အပြစ်တင် ပြီးမှ
ခွင့်လွှတ်တယ်ဆိုတာလည်း ခွင့်လွှတ်တာမဟုတ်သေးပါဘူး။ အနိုင်ယူတာပါပဲ။ ကိုယ်က
ခွင့်လွှတ်လိုက်တယ်ဆိုတာ သူ့အကုသိုလ်ကို ပျောက်အောင်လုပ်လိုက်တာ မဟုတ်ပါဘူး။
ကိုယ့်စိတ်ထဲမှာ နာကြည်းနေတာ ကိုပဲ ပျောက်အောင်လုပ်လိုက်တာပါ။
ခွင့်လွှတ်တယ်ဆိုတာ အနိုင်ယူတာလည်း မဟုတ်ဘူး။ အရှုံးပေးလိုက်တာလည်း မဟုတ်ဘူး။
အထက်စီးကနေတာလည်း မဟုတ်ဘူး။ အောက်ကျို့တာလည်း မဟုတ်ပါဘူး။
ခွင့်လွှတ်ခြင်းဆိုတာ အနစ်နာခံခြင်းတစ်မျိုးလဲ မဟုတ်ပါဘူး။ တစ်ချို့က
ခွင့်လွှတ်လိုက်ရတာကို အနစ်နာ ခံလိုက်ရတယ်လို့ အဓိပ္ပါယ်ကောက် မှားတတ်ကြပါတယ်။
ခွင့်လွှတ်တယ်ဆိုတာ ဘေးလူ မြင်ကောင်း၊ကြားကောင်း အောင် လုပ်တဲ့အလုပ်မဟုတ်ပါဘူး။
ကိုယ့်စိတ်ထဲမှာ တကယ်လွတ်လပ်မှု ရသွားအောင်၊ တကယ်ငြိမ်းချမ်းသွား အောင်
လုပ်တဲ့အလုပ်ဖြစ်ပါတယ်။ ခွင့်လွှတ်တယ်ဆိုတာ အတင်းအကျပ်
ခွင့်လွှတ်ခိုင်းလို့မရပါဘူး။ ကိုယ်ခွင့်မလွှတ် နိုင်သေးရင်
ကိုယ့်စိတ်ပင်ပန်းနေတယ် ဆိုတာ သိနေပါတယ်။ ပင်ပန်းတဲ့စိတ်နဲ့ ဘာကိုကြည့်ကြည့်
အကောင်းမမြင်နိုင်တော့ပါဘူး။ ဒါကြောင့် ခွင့်မလွှတ်နိုင်တဲ့သူ
တော်တော်များများဟာ အဆိုးမြင်ဝါဒီတွေ ဖြစ်တတ်ကြပါတယ်။ တရားအားထုတ်တယ်ဆိုတာ
စိတ်ကောင်းလေးတွေ တိုးပွားလာအောင် လုပ်ရတဲ့အလုပ်ပါ။ ခွင့်မလွှတ်နိုင်တဲ့သူဟာ
စိတ်ဆိုးတွေမွေးထားမှတော့ ဘယ်တရားမှ အားထုတ်လို့ရမှာ မဟုတ်ပါဘူး။ ဒါကြောင့်
ခွင့်လွှတ်တယ်ဆိုတာကလဲ တရားအားထုတ်တာပါပဲ။ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ ဒေသနာတော်
အားလုံးကို ခြုံငုံသုံးသပ်ကြည့်ရင် နောက်ဆုံးက
မကောင်းမှုရှောင်၊ကောင်းမှူဆော င်၊ ဖြူအောင်စိတ်ကိုထား ဆိုတာက အဓိကပါပဲ။
ခွင့်လွှတ်တယ်ဆိုတာ မကောင်းတဲ့ ဒေါသ၊အာဃာတ၊မာန၊ အငြိုးအတေးတွေကို ပယ်စွန့်ပြီး၊
ကောင်းတဲ့ မေတ္တာတရား၊ခန္တီတရားတွေ တိုးပွားစေပြီး၊ ကောင်းမွန်သန့်ရှင်းဖြူစင်တဲ့
စိတ်ဓါတ်ကောင်းတွေဖြစ်စေ တာမို့ ခွင့်လွှတ်တယ်ဆိုတာ မြတ်စွာဘုရားအလိုရှိတဲ့
တရားအားထုတ်နည်း တစ်မျိုးပါလို့ ပြောရတာပါ။
လူတစ်ယောက်ကို ခွင့်မလွှတ်နိုင်ဘူး၊ မကျေအေးနိုင်ဘူး ဖြစ်နေတယ်ဆိုရင် ခဏလောက်
ကိုယ့်စိတ်ကို ပြန်ဆန်းစစ်ကြည့်လိုက်ပါ။ ကိုယ့်စိတ်မှာ
သူ့ကိုခွင့်မလွှတ်နိုင်လို့ ဘာတွေဖြစ်နေလဲ၊ ဘာတွေရနေလဲဆိုတာ ကြည့်လိုက်ပါ။ အဲလို
ဖြစ်နေ၊ ရနေတာတွေကို ကိုယ်ကိုယ်တိုင် ကျေနပ်စရာတွေ၊ ကိုယ်လိုချင်တဲ့ ဟာတွေ
ဖြစ်နေရဲ့လား။ ခွင့်မလွှတ်နိုင်တာဟာ တော်တော်ကိုရှုံးပါတယ်။ ကိုယ်မလိုချင်၊
မကြိုက်တဲ့ ဟာတွေလဲ ရနေရတယ်။ ကိုယ်လဲ တင်းကျပ်ပင်ပန်းနေတယ်။ အဲလို
ကိုယ်ဖြစ်နေတာတွေကို သူကလဲ သိမှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ခွင့်မလွှတ်ပဲ
နေတဲ့အတွက် ငါ ဘာရနေသလဲ ဆိုတာ တွေးဖို့မမေ့လိုက်ပါနဲ့။ ခွင့်လွှတ်ခြင်းဟာ
စွမ်းအားတစ်မျိုးပါ။ ခွင့်လွှတ်တယ်ဆိုတာ စိတ်ဓါတ်နဲ့ အသိဥာဏ်ကြီးမားသူတို့ရဲ့
လုပ်ရပ်ဖြစ်ပါတယ်။ ခွင့်မလွှတ်နိုင်တာဟာ စိတ်ဓါတ်အင်အား၊ အသိဥာဏ်
အင်အားနည်းသေးတဲ့ သူတို့ရဲ့ လုပ်ရပ် ဖြစ်ပါတယ်။ ခွင့်လွှတ်တယ်ဆိုတာ ကိုယ့်ဘ၀မှာ
ကိုယ်ဖြစ်ချင်တာတွေ မဖြစ်ခဲ့တာ၊ လိုချင်တာတွေ ရသင့်တာတွေ မရခဲ့တာကို
အကြောင်းပြချက်အနေနဲ့ သူများကို အပြစ်တင်နေဖို့ မလိုတော့ဘူးလို့
သိလိုက်တာ၊နားလည် လိုက်တာပါပဲ။ ခွင့်လွှတ်လိုက်ရင် စိတ်ထဲမှာ ပေါ့သွားတယ်၊
ရှင်းသွားတယ်၊ ကြည်သွားတယ်၊ အေးချမ်း သွားတယ်၊ စိတ်ထားနူးညံ့သွားပါတယ်။ အဲလို
စိတ်ချမ်းသာသွားတာဟာ မျက်နှာမှာပါ ပေါ်လာပါတယ်။ မျက်နှာ ကြည်လင် အေးချမ်းပြီး
ကြည့်သူမြင်သူတိုင်းက နူးညံ့၊ ငြိမ်းချမ်းတဲ့ ချစ်ခင်စရာ မျက်နှာအဖြစ်
မြင်လာကြပါတယ်။ ခွင့်လွှတ်နိုင်တဲ့ အခါ လောကကြီးကို ကြည့်လိုက်ရင် လောကကြီးက
ကြည့်လို့ကောင်းနေတယ်။လှပသာယာေ နပါတယ်။ အဓိပ္ပါယ်ရှိပြီး ပြည့်စုံနေပါတယ်။
ခွင့်မလွှတ်နိုင်သူမှာတော့ သူ့မျက်စိ ဖွင့်ထားပေမယ့် သူမမြင်နိုင်ပါဘူး။
သူ့နားထဲ အသံတွေ ၀င်ရောက် လာပေမယ့် သူအာရုံ မပြုနိုင်ပါဘူး။ တန်ဖိုးလဲ
မထားနိုင်ပါဘူး။ သူတစ်ယောက်ထဲ နာကြည်းစိတ်တွေနဲ့ ထောင်ထဲ ကျခံနေသလို
ဖြစ်နေပါတယ်။
တကယ်တော့ သူများကို ဒုက္ခရောက်အောင် မလုပ်ဖူးတဲ့သူဟာ မရှိပါဘူး။
ဘုရားအလောင်းတော်တွေတောင်မှ အကြီးအကျယ်မှားခဲ့တာတွေ ရှိခဲ့ပါတယ်။ သူများကို
အကြီးအကျယ် ဒုက္ခရောက်အောင် လုပ်ခဲ့တာတွေ ရှိပါတယ်။ လူဆိုတာ မှားတတ်ပါတယ်။
မှားတတ်တဲ့ လူတွေထဲမှာ ကိုယ်လဲ အပါအ၀င်ပါပဲ။ အဲဒီလိုပဲ လူတိုင်းမှာ
မြင့်မြတ်တဲ့စိတ် အနည်းနဲ့အများ ရှိကြပါတယ်။ လူတိုင်းမှာ ခွင့်လွှတ်နိုင်တဲ့စိတ်
ရှိကြပါတယ်။ တစ်ချို့လဲ ခွင့်လွှတ်နိုင်ဖို့ ကြိုးစားနေကြပါတယ်။ ဒီဘ၀မှာ ကိုယ်က
လူကောင်းသူကောင်း ဖြစ်နေပေမယ့် အရင့်အရင် မကောင်းခဲ့တာတွေ ရှိခဲ့မှာပါပဲ။
နောက်နောင်ဘ၀တွေမှာလဲ အမြဲ တမ်း ကောင်းနေနိုင်ပါတယ်လို့ မပြောနိုင်သေးပါဘူး။
အဲဒါကြောင့် မာနကြီး လို့မဖြစ်ပါဘူး။ ငါပဲမှန်တယ်၊ သူမှားတယ်လို့ အမြဲ
သဘောထားလို့ မဖြစ်နိုင်ပါဘူး။ သူမှားသလို ကိုယ်လဲမှားနိုင်ပါသေးတယ်။ အဲဒီလို
ငါမှငါ ဆိုတဲ့ မာန်ကိုချပြီး ခွင့်လွှတ်နိုင်ရင် ကိုယ်စိတ်ထဲမှာ ဖြစ်ခဲ့တဲ့
ဒဏ်ရာဟာ ကျက်လွယ်နိုင်ပါတယ်။ဒါကြောင့် ခွင့်လွှတ်တယ်ဆိုတာ အင်မတန် နက်နဲပါတယ်။
လူ တော်တော်များများရဲ့ စိတ်ဆင်းရဲမှုတွေဟာ တကယ်ခွင့်မလွှတ်နိုင်လို့ ဖြစ်ရတာပါ။
ခွင့်လွှတ်နိုင်ရင် ကိုယ့်စိတ်မှာ အေးချမ်းသွားမယ်ဆိုတာ သိရဲ့နဲ့
ခွင့်မလွှတ်ချင်တဲ့ စိတ်ကြောင့် မကျေနပ်မှုဆိုတဲ့ မီးတောက်ကို ပိုကြီးအောင်
လောင်စာထည့်ပြီး လေမှုတ်ပေးနေသလို ဖြစ်နေတတ်ပါတယ်။ ခွင့်မလွှတ်နိုင်လို့
စိတ်ဆင်းရဲနေရတဲ့ ဒုက္ခကို လိုချင်လည်းရတယ်၊ မလိုချင်လည်း ရပါတယ်။ ကိုယ့်အပေါ်မှာ
ပဲမူတည်ပါတယ်။ စိတ်ဓါတ်နဲ့ အသိဥာဏ် ရင့်ကျက်တဲ့သူတွေ အဖို့တော့ မလိုချင်ရင်
လက်လွှတ် လိုက်ရုံပါပဲ။ မီးခဲကိုင်မိလို့ ပူမှန်းသိရင် မပူချင်ရင်
လွှတ်ချလိုက်ပါ။ ဗုဒ္ဓမြတ်စွာဘုရား ဟောကြားခဲ့တဲ့ ကံ၊ ကံ၏အကျိုး၊
အဖြစ်ပျက်တိုင်းမှာ အကြောင်း၊ အကျိုးရှိပုံ၊ ရုပ်တရား၊ နာမ်တရားတွေရဲ့
သဘောသဘာဝတွေ စသဖြင့် ဓမ္မသဘောတရား တွေကို နက်နက်နဲနဲ သိသွားပြီဆိုရင်လည်း
ဘယ်သူ့ကိုမှ အပြစ်မယူချင်တော့ပါဘူး။ အပြစ်မတင်ချင်တော့ပါဘူး။ ခွင့်လွှတ်တယ်
ဆိုတာ အပြစ်ယူခဲ့လို့၊ အပြစ်တင်ခဲ့လို့ ခွင့်လွှတ်နေရတာပါ။
အပြစ်မတင်တော့ဘူးဆိုရင် ခွင့်လွှတ်နေဖို့လည်း မလိုတော့ပါဘူး။ ခွင့်လွှတ်စရာ
မလိုတော့တဲ့စိတ်မျိုး ပိုင်ဆိုင်နိုင်ရင် ဘယ်လောက်ထိ အေးချမ်းလွတ်လပ် မလဲဆိုတာ
ခံစားကြည့် သိနိုင်ပါတယ်။ ကြိုးစားပြီး ခွင့်လွှတ်နေရတာ သိပ်တော့ မလွယ်လှပါဘူး။
အတင်းအကျပ်လဲ လုပ်ခိုင်းလို့ မရနိုင်ပါဘူး။ ခွင့်မလွှတ်နိုင်သေးရင်လည်း
ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ ကိုယ့်ဘ၀မှာ အဆိုး တွေ
ဘယ်လောက်ဖြစ်ခဲ့ဖြစ်ခဲ့ ကောင်းတာကိုပဲ ဆက်လုပ်ရပါတယ်။ ကိုယ့်ဘ၀မှာ
အဆိုးနဲ့ကြုံတိုင်း အမြဲတမ်း ကောင်းတာကို လုပ်ဖို့ကြိုးစားပါ။
ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့၊ ဘယ်သူ့ကြောင့်ပဲဖြစ်ဖြစ်၊ အတိတ်က ဖြစ်ခဲ့တာတွေထဲမှာ
ထောင်ကျမနေဖို့ လိုပါတယ်။
ခွင့်လွှတ်ခြင်းဟာ ပျော့ညံ့တဲ့လက္ခဏာ မဟုတ်ပါဘူး။ စိတ်ဓါတ်အင်အား၊
အသိဥာဏ်အင်အားကြီးလို့၊ သတ္တိရှိလို့၊ သဘောထားကြီးလို့ ခွင့်လွှတ်နိုင်တာပါ။
သူများကြောင့် ကိုယ့်မှာဒုက္ခဖြစ်ခဲ့ရလို့ ခွင့်လွှတ်ရတာ လွယ်ပါသေးတယ်။
ကိုယ်ကြောင့်လဲ သူများမှာ ဒုက္ခဖြစ်ခဲ့တာတွေ ရှိခဲ့မှာပါ။ ရည်ရွယ်လို့ဖြစ်စေ၊
မရည်ရွယ်လို့ဖြစ်စေ၊ စေတနာကောင်းပြီး လုပ်ရပ် မမှန်လို့ဖြစ်စေ ကိုယ့်ကြောင့်
တစ်နည်းနည်းနဲ့ သူ့မှာ နစ်နာသွားရတာ၊ စိတ်ဒုက္ခဖြစ်ခဲ့ရတာတွေ ရှိမှာပါပဲ။
အဲဒီလို ကိုယ့်ကြောင့် သူများထိခိုက် နစ်နာသွားရပြီးမှ
ကိုယ့်ကိုခွင့်လွှတ်ပါလို့ သူ့ကို ပြောရမှာ တော်တော်ခက်ပါတယ်။
ဘာကြောင့်လဲဆိုတော့ မာန ခံနေလို့ပါပဲ။ မာနဆိုတာကလဲ အနာဂါမ် ဖြစ်တဲ့ထိတောင်
ဒုက္ခပေးတုန်းဆိုတော့ သူ့ကိုပယ်ဖို့ တော်တော်ခက်ပါတယ်။ အရင်ဆုံး ပယ်ဖို့ထက်
သိနေဖို့က ပိုအရေးကြီးပါတယ်။အပြီးပြတ် မပယ်နိုင်သေးပေမယ့် နိုင်သလောက်တော့
သူ့ကို ချထားမှ သင့်တော်မှာပါ။ အဲဒါကြောင့် မာနကိုရသလောက် ချထားပြီး ကိုယ့်ကို
ခွင့်လွှတ်ဖို့ ပြောနိုင်အောင်၊ သူများကို တောင်းပန် နိုင်အောင်
ကြိုးစားစေချင်ပါတယ်။ အကောင်းဆုံးကတော့ ကိုယ်ကြောင့်
သူများနစ်နာသွားနိုင်မယ့်၊ ထိခိုက်သွားနိုင်မယ့် အပြုအမူ၊အပြောအဆို တွေ
ရှောင်ကြဉ် သတိထားသွားဖို့ပါပဲ။ ခွင့်လွှတ်ခြင်းဆိုတဲ့ သဘောတရားအမှန်ကို
တို့လူသားတွေ သေချာသိရှိပြီး၊ လိုက်နာကျင့်သုံးနိုင်ကြရင် လူ့လောက လူ့ပတ်ကျင်
မှာ ဆွေမျိုးအချင်းချင်း၊ မိတ်ဆွေအချင်းချင်း၊ လုပ်ဖော်ကိုင်ဖက် အချင်းချင်း၊
လူသားအချင်းချင်း၊ သတ္တ၀ါအချင်းချင်း တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ဦးနဲ့တစ်ဦး
ဘာအငြိုးတေး အာဃာတ မှ မထားကြပဲ ခွင့်လွှတ်သည်းခံ ချစ်ခင်လာနိုင်ကြမှာပါ။
အဲဒါဆိုရင် ကျွန်တော်တို့ လူ့ပတ်ဝန်းကျင် အသိုင်းဝိုင်းကြီး တစ်ခုလုံးသာမက
လောကတစ်ခွင်လုံးမှာပါ သာယာအေးချမ်းမှုတွေ ပြည့်စုံပြီး၊ ငြိမ်းချမ်းရေး အရသာတွေ
ခံစားနေရမှာ မလွဲပါဘူး ။
(ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ)၏ ခွင့်လွှတ်ပါတယ် တရားတော်ကို
မှီငြမ်းကိုးကားပါသည်။)
မူခဲ့ပါတယ်။ ခန္တီ သည်းခံခြင်းဆိုတာ လောကဓံကို အပြုံးမပျက်
ရင်ဆိုင်ရဲတဲ့သတ္တိကိုခေါ်တာပါ။ မြတ်စွာဘုရားဟာ ခန္တီပါရမီ ကိုဖြည့်ကျင့်ရာမှာ
သူ့အပေါ် ညှင်းပန်းနှိပ်စက်လာတဲ့ မည်သူ့ကိုမဆို သည်းခံရုံသည်းခံခဲ့တာ
မဟုတ်ပါဘူး။ သတ္တ၀ါတွေအပေါ် မေတ္တာလွှမ်းခြုံပြီး ဘာအာဃာတ မှ မထားပဲ
ခွင့်လွှတ်တော်မူခဲ့တာပါ။ ခွင့်လွှတ်တယ်ဆိုတာ သဘောထားသေးသိမ်တဲ့ လူသာမန်တွေ
မလုပ်နိုင်တဲ့အလုပ်တစ်ခုပါ။ သဘောထားကြီးတဲ့ ပါရမီရှင်ပုဂ္ဂိုလ်တွေ
သူတော်ကောင်းစိတ်ရှိသူတို့သာ ပြုလုပ်နိုင်တဲ့ အလုပ်ပါ။ လူတော်တော်များများဟာ
တစ်ချို့ကိစ္စတွေမှာ သည်းခံမှုတော့ ကောင်းကြပါတယ်။ ဒါပေမယ့်
သည်းခံခြင်းရဲ့နောက်ကွယ်က ခွင့်လွှတ်ခြင်းကိုတော့ လွယ်လွယ်နဲ့ မလုပ်
ဆောင်နိုင်ကြပါဘူး။အဲဒါကလဲ ခွင့်လွှတ်ခြင်းဆိုတာကို သေချာနားလည် သဘောပေါက်မှု
မရှိကြလို့ပါ။
လူ တော်တော်များများမှာ စိတ်ဆင်းရဲ၊ စိတ်ဒုက္ခရောက်မှု၊ စိတ်အခဲမကြေမှုတွေ
ကိုယ်ဆီ ရှိခဲ့ကြမှာပါ။ရှိနေကြမှာပါ။ အဲလို စိတ်ဒုက္ခရောက်မှု တော်တော်များများက
ဘယ်သူတွေဆီက ရလာတာလဲဆိုတော့ ကိုယ်နဲ့ရင်းနှီး ပတ်သက်ချစ်ခင် တဲ့သူတွေ ဆီက
အများဆုံးရခဲ့ကြတာ ဆိုတာမလွဲပါဘူး။ ကိုယ်နဲ့မရင်းနှီးတဲ့ သူစိမ်းတွေဆီက
စိတ်ဆင်းရဲမှု ရတယ်ဆိုတာ နည်းပါတယ်။ ကိုယ်နဲ့ပိုရင်းနှီးလေ ပိုပတ်သက်လေ
ကိုယ့်ကို စိတ်ဒုက္ခပိုပေးနိုင်လေပါ။ အဲဒီလို စိတ်ဆင်းရဲရတယ်ဆိုတာ
ကိုယ့်စိတ်ထဲမှာ မကျေနပ်တာလေးတွေရှိနေခဲ့လို့ပါ။ ပြဿနာတစ်ခု ဖြစ်ပြီဆိုရင်
ကိုယ့်ဘက်ရော သူ့ဘက်ပါ မှားတာရှိရပါမယ်။ အဲဒါကိုအမှန်တိုင်း
သုံးသပ်နိုင်ဖို့လိုပါတယ်။ ကိုယ့်ကိုယ်ကို မှန်တယ်လို့ပဲထင်နေရင်
သူများပဲမှားနေတယ်လို့ တွေးမိနေမှာပါ၊ ကိုယ်ပဲမှားနေတယ်လို့ ထင်နေပြန်ရင်လဲ
မဟုတ်သေးပါဘူး။ နှစ်ခုလုံးဟာမကောင်းပါဘူး။ တကယ်လေးနက်တဲ့ အသိအမြင်ကို
မပေးနိုင်ပါဘူး။ ပြဿနာကို တကယ်ဖြေရှင်းပေးနိုင်တဲ့ ခွင့်လွှတ်ခြင်းဆိုတာ
မှန်ကန်တဲ့အမြင်၊ မှန်ကန်တဲ့အသိမှာ အခြေခံမှ ဖြစ်နိုင်ပါတယ်။ သူတစ်ပါးကို
ခွင့်လွှတ်ရုံနဲ့လဲ မရသေးပါဘူး၊ မပြည့်စုံသေးပါဘူး။ မိမိကိုယ်ကိုပါ
ခွင့်လွှတ်နိုင်မှ ပြည့်စုံပါတယ်။ အဲဒါကိုအလေးနက် သတိပြုမိဖို့လိုပါတယ်။
အရင်ဆုံး ကိုယ်မကျေနပ်ခဲ့တဲ့သူတွေ၊ ကိုယ့်ကိုစိတ်ဆင်းရဲအောင်
လုပ်ခဲ့တဲ့သူတွေကို ပြန်စဉ်းစားကြည့်ရင် ကိုယ်နဲ့အရင်းနှီးဆုံးသူတွေဖြစ်
မိဘ၊ညီအစ်ကို၊မောင်နှမ၊ ဆွေမျိုးသားချင်း၊ ဇနီး၊ခင်ပွန်း၊ သူငယ်ချင်းနဲ့
လုပ်ဖော်ကိုင်ဖက်မိတ်ဆွေ တွေကို သတိရမိကြမှာပါ။ ဘာလို့သူတို့နဲ့ ပတ်သက်ပြီး
မကျေနပ်မှုတွေ၊ စိတ်ဆင်းရဲ မှုတွေ ဖြစ်ရသလဲဆိုတော့ ကိုယ်ကသူတို့အပေါ်
မျှော်လင့်ထားတာကတစ်မျိုး၊ သူတို့ကလဲ ကိုယ့်အပေါ် မျှော်လင့်ထား တာတစ်မျိုး
ဖြစ်နေကြတော့ မျှော်လင့်တဲ့အတိုင်းဖြစ်မလာတဲ့
အပြစ်တင်ကြ စိတ်ဆိုးမိတတ်ကြလို့ပါပဲ။ ပြီးတော့ သူတို့ကကိုယ်နဲ့ရင်းနှီး
ပတ်သက်ကြတဲ့ သူတွေဆိုတော့ ကိုယ့်ရဲ့အားနည်းချက်၊ အားသာချက်တွေကို
အများအားဖြင့်သိကြတယ်။ အဲဒါကြောင့်လဲ သူတို့က ကိုယ့်ကိုပြင်းပြင်းထန်ထန်
အပြစ်တင်ရင်၊ နာအောင်ပြောရင် ပိုပြီးခံစားရပါတယ်။ စိတ်ထိခိုက်ရပါတယ်။ ချစ်တဲ့
သူကနာအောင်ပြောရင် ပိုနာတတ်ကြပါတယ်။ ဒီထက်ပိုတာက သူတို့က ကိုယ့်ကိုနာအောင်
ပြောလိမ့်မယ်၊ လုပ်လိမ့်မယ်လို့ လုံးဝမမျှော်လင့်ထားခဲ့ဘူး။
မမျှော်လင့်တာဖြစ်လာတော့ ပိုပြီး ယူကျုံးမရ စိတ်နာသွားတာတွေ
ဖြစ်ရတာပါ။နောက်ဆုံး ကိုယ်နဲ့အရင်းနှီးဆုံးဖြစ်တဲ့ ကိုယ်ကိုယ်တိုင်ကလဲ
ကိုယ့်ကို စိတ်ဆင်းရဲစေတဲ့ သူတွေထဲမှာ တစ်ယောက်အပါအ၀င်ပါပဲ။
ကိုယ့်ကို စိတ်ဆင်းရဲ၊ စိတ်ထိခိုက်အောင် ဖြစ်စေတဲ့အချက်တွေကို
စဉ်းစားကြည့်မိရင် ကိုယ်မျှော်လင့်သလို ဖြစ်မလာလို့၊ သူ့ဘက်က ကတိမတည်လို့
စိတ်ဆင်းရဲရတာ၊ ကိုယ့်ကို နေရာမပေး အသိအမှတ်မပြု မဆက်ဆံတာ၊
ကိုယ့်စကားကိုလေးလေးစားစား နားမထောင်တာ၊ မမြင်ဟန်ဆောင်နေတာ၊ သာရေးနာရေးမှာ
မဖိတ်ပဲ မေ့ထားခြင်းခံရတာတွေ၊ ချစ်ခင်သူက စွန့်ပစ်ခြင်းခံရတာ၊ လှောင်တာ၊
ပြောင်တာ၊ သရော်တာ ခံရခြင်းတွေ၊ မိမိဂုဏ်သိက္ခာ ကျသွားအောင်ပြောခြင်းခံရတာ၊
အထင်သေးအောင်ပြောတာ၊ ရှက်သွားအောင်ပြောတာ၊ သစ္စာဖောက်ခြင်းခံရတာ၊ လှည့်စားခံရတာ၊
ရိုက်တာ၊ နှက်တာ၊ လက်သီးနဲ့ထိုးတာ၊ ပါးရိုက်တာ ခံရတာတွေ၊
စိတ်ဆင်းရဲအောင်လုပ်တာ၊ ပစ်ပယ်ထားတာ၊ နှိမ့်ချပြောဆိုခြင်း ခံရတာတွေဟာ
ကိုယ့်ကို စိတ်ဆင်းရဲ၊ကိုယ်ဆင်းရဲ နဲ့ စိတ်ထိခိုက်စေတဲ့ အကြောင်းအရာတွေလို့
အကြမ်းဖျဉ်း စဉ်းစားကြည့်လို့ ရပါတယ်။
ခွင့်လွှတ်ခြင်း ဆိုတာဘာလဲသိဖို့ ခွင့်လွှတ်ခြင်းမဟုတ်တာတွေ
အရင်သိဖို့လိုမယ်ထင်ပါတယ်။ ခွင့်လွှတ်ခြင်းဆိုတာ မေ့လိုက်တာ မဟုတ်ပါဘူး။
ဖြစ်ခဲ့တဲ့ကိစ္စတွေ၊ ခံခဲ့ရတာတွေ၊ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ခဲ့ တာတွေကို
မေ့လိုက်တာ မဟုတ်ပါဘူး။ အဲဒီလို တွေ့ကြုံခံစားခဲ့ရတဲ့ စိတ်ဆင်းရဲမှု
ကိုယ်ဆင်းရဲမှုတွေ အားလုံးဟာ ကိုယ့်အတွက် သင်ခန်းစာ ယူစရာတွေ ဖြစ်ပါတယ်။
အဲဒါတွေကို မေ့လိုက်ဖို့မသင့်ပါဘူး။ အဲဒါတွေကို နားလည်ဖို့ ကြိုးစားရပါမယ်။
အဲဒါမှလဲ နောင်အခါ အဲလိုမျိုး ထပ်ပြီးတော့ မခံရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ
စဉ်းစားရပါမယ်။ ကိုယ့်ကို သူများက အဲဒီလိုလုပ်ခဲ့တုန်းက
ကိုယ်ဘယ်လောက်ခံစားရတယ်ဆိုတာ သိပြီးတော့ ကိုယ်ချင်းစာပြီး “ငါ သူများကို
အဲဒီလို မလုပ်ဘူး” ဆိုတဲ့ စိတ်ထားကို မွေးရပါမယ်။ ကိုယ်ခံရသလို သူများကို
ပြန်လုပ်မိတာတွေ ရှိတတ်ပါတယ်။ ပြန် ဂလဲ့စားခြေတာပေါ့။ အဲဒါ အင်မတန် မှားပါတယ်။
ဥာဏ်ပညာ နည်းတဲ့သူ၊ သဘောထား သေးတဲ့သူဟာ သူများအကြောင်း မကောင်းပြောရတာ၊
သူများကို တစ်နည်းနည်းနဲ့ နိုင်ရတာကို အရသာတွေ့တတ်ကြတယ်။ ဥာဏ်ပညာ ကြီးတဲ့သူ၊
သဘောထား ကြီးတဲ့သူဟာ အနိုင်၊အရှုံးမရှိ တာကိုပဲ နှစ်သက်တတ်ပါတယ်။
ခွင့်လွှတ်တယ်ဆိုတာဟာ သူလုပ်ခဲ့တဲ့ကိစ္စကို လျှော့လျှော့ပေါ့ပေါ့
တွက်လိုက်တာမဟုတ်ပါဘူး။ မမှားပါဘူး ကောင်းပါတယ်လို့ ပြောတာမဟုတ်ပါဘူး။
ကိုယ်လုပ်ခဲ့တဲ့ကိစ္စကိုလည်း လျှော့လျှော့ပေါ့ပေါ့ တွက်တာမဟုတ်ပါဘူး။ ကိုယ်က
သူတစ်ပါးကို စိတ်ဆင်းရဲအောင်၊ ကိုယ်ဆင်းရဲအောင် လုပ်မိတဲ့အခါမှာ ငါက အလကားစ
တာပါကွာ။ ငါက တကယ်ရည်ရွယ်တာ မဟုတ်ပါဘူးဆိုပြီးတော့ တစ်ချို့က လျှောချတတ်ပါတယ်။
တစ်ခါတလေမှာလဲ တစ်ချို့က စေတနာကောင်းလေးနဲ့ လုပ်တာ မှန်ပေမယ့် လုပ်နည်းမကျတော့
သူတစ်ပါးမှာ ထိခိုက်နစ်နာရတာတွေ ရှိပါတယ်။ လုပ်တာမဟုတ်တာနဲ့ မဟုတ်တာလုပ်တာဟာ
အပြစ်ချင်းတူတတ်ပါတယ် လို့ ဆရာတော်အရှင်ဆေကိန္ဒ က ဆုံးမထားတာ ကိုသတိရမိပါတယ်။
ခွင့်လွှတ်လိုက်တဲ့အခါမှာ အတိတ်ကဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေကြောင့် ကိုယ့်မှာ နာကျည်း
နေတာ၊ သူ့ကို ပြန်ပြီးဂလဲ့စားချေမယ်ဆိုတဲ့ အတွေးမျိုးတွေ တွေးနေရတာကို ကိုယ်က
လွှတ်လိုက်တာ၊ လျှော့လိုက်တာပါ။ ဒါပေမယ့် ခွင့်လွှတ်လိုက်တာဟာ မှားတာကို
မှန်ပါတယ်လို့ လုပ်လိုက်တာ မဟုတ်ပါဘူး။ ခွင့်လွှတ်နိုင်ရင် ဒဏ်ရာဟောင်း
ကျက်လွယ်ပါတယ်။ စိတ်နေသဘောထား မြင့်မားလာနိုင်ပါတယ်။ ကိုယ့်ကို
ထိခိုက်နစ်နာအောင် လုပ်ခဲ့တဲ့သူကို ချစ်နေရမယ်လို့လည်း မဆိုလိုပါဘူး။
ခွင့်လွှတ်လို့ရတယ်၊ ချစ်လို့မရတာတွေ ရှိပါတယ်။
ခွင့်လွှတ်တယ်ဆိုတာ ဘာလဲဆိုတော့ ကိုယ့်စိတ်ထဲမှာ ခံစားနေရတဲ့ ဒုက္ခ၊
ကိုယ့်ရင်ထဲမှာ ခံစားနေရတဲ့ နာကြည်းမှု၊ ပူဆွေးမှု၊ သောက၊ ဒေါမနဿ၊ မခံချင်စိတ်၊
လက်စားချေချင်စိတ်တွေ ကိုသက်သာမှုရအောင် လုပ်လိုက်တာပါ။ ကိုယ့်စိတ်ကို
အနှောင်အဖွဲ့က လွှတ်လိုက်တာပါ။ သူများအပေါ်မှာ နာကြည်းနေရတာ၊ မကျေမနပ်ဖြစ်နေရတာ၊
လက်စားချေမယ်လို့ တွေးနေရတာတွေဟာ ကိုယ့်လုပ်သင့်တဲ့၊ ကိုယ့်အတွက် အကျိုးရှိ
မယ့် ကိစ္စတွေမှာ တွေးချိန်၊လုပ်ချိန် မရစေပါဘူး။ အဲဒါကြောင့်
ခွင့်လွှတ်လိုက်တာဟာ ကိုယ့်စိတ်ကို လွတ်လပ်မှု ပေးလိုက်တာပါ၊ ကိုယ့်စိတ်ကို
ငြိမ်းချမ်းခွင့်ပေးလိုက်တာပါပဲ
ခွင့်လွှတ်သင့်ပါတယ်။ သူတို့ကိုခွင့်မလွှတ်နိုင်ရင် ကိုယ်ပဲ ခံနေရမှာပါ။
ခွင့်လွှတ်လိုက်တယ်ဆိုတာ ကိုယ်က အထက်စီးနေရာကနေပြီး မင်းကို
ငါခွင့်လွှတ်တယ်ဆိုပြီး တစ်ဖက်သားကို အနိုင်ယူလိုက်တာ မဟုတ်ပါဘူး။ သူက လူဆိုး၊
သူက မတရားတာကို လုပ်တာ၊ သူက သူတော်ကောင်းစိတ်မရှိဘူး။ ဒါပေမယ့် ငါက
သဘောထားကြီးကြီးနဲ့ သူ့ကို ခွင့်လွှတ်ပါတယ်ဆိုပြီးတော့ မာနစိတ်နဲ့ ခွင့်လွှတ်လို့
မရပါဘူး။ မာနကြီးသူဟာ ခွင့်မလွှတ်နိုင်ပါဘူး။ အပြစ်တင် ပြီးမှ
ခွင့်လွှတ်တယ်ဆိုတာလည်း ခွင့်လွှတ်တာမဟုတ်သေးပါဘူး။ အနိုင်ယူတာပါပဲ။ ကိုယ်က
ခွင့်လွှတ်လိုက်တယ်ဆိုတာ သူ့အကုသိုလ်ကို ပျောက်အောင်လုပ်လိုက်တာ မဟုတ်ပါဘူး။
ကိုယ့်စိတ်ထဲမှာ နာကြည်းနေတာ ကိုပဲ ပျောက်အောင်လုပ်လိုက်တာပါ။
ခွင့်လွှတ်တယ်ဆိုတာ အနိုင်ယူတာလည်း မဟုတ်ဘူး။ အရှုံးပေးလိုက်တာလည်း မဟုတ်ဘူး။
အထက်စီးကနေတာလည်း မဟုတ်ဘူး။ အောက်ကျို့တာလည်း မဟုတ်ပါဘူး။
ခွင့်လွှတ်ခြင်းဆိုတာ အနစ်နာခံခြင်းတစ်မျိုးလဲ မဟုတ်ပါဘူး။ တစ်ချို့က
ခွင့်လွှတ်လိုက်ရတာကို အနစ်နာ ခံလိုက်ရတယ်လို့ အဓိပ္ပါယ်ကောက် မှားတတ်ကြပါတယ်။
ခွင့်လွှတ်တယ်ဆိုတာ ဘေးလူ မြင်ကောင်း၊ကြားကောင်း အောင် လုပ်တဲ့အလုပ်မဟုတ်ပါဘူး။
ကိုယ့်စိတ်ထဲမှာ တကယ်လွတ်လပ်မှု ရသွားအောင်၊ တကယ်ငြိမ်းချမ်းသွား အောင်
လုပ်တဲ့အလုပ်ဖြစ်ပါတယ်။ ခွင့်လွှတ်တယ်ဆိုတာ အတင်းအကျပ်
ခွင့်လွှတ်ခိုင်းလို့မရပါဘူး။ ကိုယ်ခွင့်မလွှတ် နိုင်သေးရင်
ကိုယ့်စိတ်ပင်ပန်းနေတယ် ဆိုတာ သိနေပါတယ်။ ပင်ပန်းတဲ့စိတ်နဲ့ ဘာကိုကြည့်ကြည့်
အကောင်းမမြင်နိုင်တော့ပါဘူး။ ဒါကြောင့် ခွင့်မလွှတ်နိုင်တဲ့သူ
တော်တော်များများဟာ အဆိုးမြင်ဝါဒီတွေ ဖြစ်တတ်ကြပါတယ်။ တရားအားထုတ်တယ်ဆိုတာ
စိတ်ကောင်းလေးတွေ တိုးပွားလာအောင် လုပ်ရတဲ့အလုပ်ပါ။ ခွင့်မလွှတ်နိုင်တဲ့သူဟာ
စိတ်ဆိုးတွေမွေးထားမှတော့ ဘယ်တရားမှ အားထုတ်လို့ရမှာ မဟုတ်ပါဘူး။ ဒါကြောင့်
ခွင့်လွှတ်တယ်ဆိုတာကလဲ တရားအားထုတ်တာပါပဲ။ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ ဒေသနာတော်
အားလုံးကို ခြုံငုံသုံးသပ်ကြည့်ရင် နောက်ဆုံးက
မကောင်းမှုရှောင်၊ကောင်းမှူဆော
ခွင့်လွှတ်တယ်ဆိုတာ မကောင်းတဲ့ ဒေါသ၊အာဃာတ၊မာန၊ အငြိုးအတေးတွေကို ပယ်စွန့်ပြီး၊
ကောင်းတဲ့ မေတ္တာတရား၊ခန္တီတရားတွေ တိုးပွားစေပြီး၊ ကောင်းမွန်သန့်ရှင်းဖြူစင်တဲ့
စိတ်ဓါတ်ကောင်းတွေဖြစ်စေ တာမို့ ခွင့်လွှတ်တယ်ဆိုတာ မြတ်စွာဘုရားအလိုရှိတဲ့
တရားအားထုတ်နည်း တစ်မျိုးပါလို့ ပြောရတာပါ။
လူတစ်ယောက်ကို ခွင့်မလွှတ်နိုင်ဘူး၊ မကျေအေးနိုင်ဘူး ဖြစ်နေတယ်ဆိုရင် ခဏလောက်
ကိုယ့်စိတ်ကို ပြန်ဆန်းစစ်ကြည့်လိုက်ပါ။ ကိုယ့်စိတ်မှာ
သူ့ကိုခွင့်မလွှတ်နိုင်လို့ ဘာတွေဖြစ်နေလဲ၊ ဘာတွေရနေလဲဆိုတာ ကြည့်လိုက်ပါ။ အဲလို
ဖြစ်နေ၊ ရနေတာတွေကို ကိုယ်ကိုယ်တိုင် ကျေနပ်စရာတွေ၊ ကိုယ်လိုချင်တဲ့ ဟာတွေ
ဖြစ်နေရဲ့လား။ ခွင့်မလွှတ်နိုင်တာဟာ တော်တော်ကိုရှုံးပါတယ်။ ကိုယ်မလိုချင်၊
မကြိုက်တဲ့ ဟာတွေလဲ ရနေရတယ်။ ကိုယ်လဲ တင်းကျပ်ပင်ပန်းနေတယ်။ အဲလို
ကိုယ်ဖြစ်နေတာတွေကို သူကလဲ သိမှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ခွင့်မလွှတ်ပဲ
နေတဲ့အတွက် ငါ ဘာရနေသလဲ ဆိုတာ တွေးဖို့မမေ့လိုက်ပါနဲ့။ ခွင့်လွှတ်ခြင်းဟာ
စွမ်းအားတစ်မျိုးပါ။ ခွင့်လွှတ်တယ်ဆိုတာ စိတ်ဓါတ်နဲ့ အသိဥာဏ်ကြီးမားသူတို့ရဲ့
လုပ်ရပ်ဖြစ်ပါတယ်။ ခွင့်မလွှတ်နိုင်တာဟာ စိတ်ဓါတ်အင်အား၊ အသိဥာဏ်
အင်အားနည်းသေးတဲ့ သူတို့ရဲ့ လုပ်ရပ် ဖြစ်ပါတယ်။ ခွင့်လွှတ်တယ်ဆိုတာ ကိုယ့်ဘ၀မှာ
ကိုယ်ဖြစ်ချင်တာတွေ မဖြစ်ခဲ့တာ၊ လိုချင်တာတွေ ရသင့်တာတွေ မရခဲ့တာကို
အကြောင်းပြချက်အနေနဲ့ သူများကို အပြစ်တင်နေဖို့ မလိုတော့ဘူးလို့
သိလိုက်တာ၊နားလည် လိုက်တာပါပဲ။ ခွင့်လွှတ်လိုက်ရင် စိတ်ထဲမှာ ပေါ့သွားတယ်၊
ရှင်းသွားတယ်၊ ကြည်သွားတယ်၊ အေးချမ်း သွားတယ်၊ စိတ်ထားနူးညံ့သွားပါတယ်။ အဲလို
စိတ်ချမ်းသာသွားတာဟာ မျက်နှာမှာပါ ပေါ်လာပါတယ်။ မျက်နှာ ကြည်လင် အေးချမ်းပြီး
ကြည့်သူမြင်သူတိုင်းက နူးညံ့၊ ငြိမ်းချမ်းတဲ့ ချစ်ခင်စရာ မျက်နှာအဖြစ်
မြင်လာကြပါတယ်။ ခွင့်လွှတ်နိုင်တဲ့ အခါ လောကကြီးကို ကြည့်လိုက်ရင် လောကကြီးက
ကြည့်လို့ကောင်းနေတယ်။လွပသာယာေ
ခွင့်မလွှတ်နိုင်သူမှာတော့ သူ့မျက်စိ ဖွင့်ထားပေမယ့် သူမမြင်နိုင်ပါဘူး။
သူ့နားထဲ အသံတွေ ၀င်ရောက် လာပေမယ့် သူအာရုံ မပြုနိုင်ပါဘူး။ တန်ဖိုးလဲ
မထားနိုင်ပါဘူး။ သူတစ်ယောက်ထဲ နာကြည်းစိတ်တွေနဲ့ ထောင်ထဲ ကျခံနေသလို
ဖြစ်နေပါတယ်။
တကယ်တော့ သူများကို ဒုက္ခရောက်အောင် မလုပ်ဖူးတဲ့သူဟာ မရှိပါဘူး။
ဘုရားအလောင်းတော်တွေတောင်မှ အကြီးအကျယ်မှားခဲ့တာတွေ ရှိခဲ့ပါတယ်။ သူများကို
အကြီးအကျယ် ဒုက္ခရောက်အောင် လုပ်ခဲ့တာတွေ ရှိပါတယ်။ လူဆိုတာ မှားတတ်ပါတယ်။
မှားတတ်တဲ့ လူတွေထဲမှာ ကိုယ်လဲ အပါအ၀င်ပါပဲ။ အဲဒီလိုပဲ လူတိုင်းမှာ
မြင့်မြတ်တဲ့စိတ် အနည်းနဲ့အများ ရှိကြပါတယ်။ လူတိုင်းမှာ ခွင့်လွှတ်နိုင်တဲ့စိတ်
ရှိကြပါတယ်။ တစ်ချို့လဲ ခွင့်လွှတ်နိုင်ဖို့ ကြိုးစားနေကြပါတယ်။ ဒီဘ၀မှာ ကိုယ်က
လူကောင်းသူကောင်း ဖြစ်နေပေမယ့် အရင့်အရင် မကောင်းခဲ့တာတွေ ရှိခဲ့မှာပါပဲ။
နောက်နောင်ဘ၀တွေမှာလဲ အမြဲ တမ်း ကောင်းနေနိုင်ပါတယ်လို့ မပြောနိုင်သေးပါဘူး။
အဲဒါကြောင့် မာနကြီး လို့မဖြစ်ပါဘူး။ ငါပဲမှန်တယ်၊ သူမှားတယ်လို့ အမြဲ
သဘောထားလို့ မဖြစ်နိုင်ပါဘူး။ သူမှားသလို ကိုယ်လဲမှားနိုင်ပါသေးတယ်။ အဲဒီလို
ငါမှငါ ဆိုတဲ့ မာန်ကိုချပြီး ခွင့်လွှတ်နိုင်ရင် ကိုယ်စိတ်ထဲမှာ ဖြစ်ခဲ့တဲ့
ဒဏ်ရာဟာ ကျက်လွယ်နိုင်ပါတယ်။ဒါကြောင့် ခွင့်လွှတ်တယ်ဆိုတာ အင်မတန် နက်နဲပါတယ်။
လူ တော်တော်များများရဲ့ စိတ်ဆင်းရဲမှုတွေဟာ တကယ်ခွင့်မလွှတ်နိုင်လို့ ဖြစ်ရတာပါ။
ခွင့်လွှတ်နိုင်ရင် ကိုယ့်စိတ်မှာ အေးချမ်းသွားမယ်ဆိုတာ သိရဲ့နဲ့
ခွင့်မလွှတ်ချင်တဲ့ စိတ်ကြောင့် မကျေနပ်မှုဆိုတဲ့ မီးတောက်ကို ပိုကြီးအောင်
လောင်စာထည့်ပြီး လေမှုတ်ပေးနေသလို ဖြစ်နေတတ်ပါတယ်။ ခွင့်မလွှတ်နိုင်လို့
စိတ်ဆင်းရဲနေရတဲ့ ဒုက္ခကို လိုချင်လည်းရတယ်၊ မလိုချင်လည်း ရပါတယ်။ ကိုယ့်အပေါ်မှာ
ပဲမူတည်ပါတယ်။ စိတ်ဓါတ်နဲ့ အသိဥာဏ် ရင့်ကျက်တဲ့သူတွေ အဖို့တော့ မလိုချင်ရင်
လက်လွှတ် လိုက်ရုံပါပဲ။ မီးခဲကိုင်မိလို့ ပူမှန်းသိရင် မပူချင်ရင်
လွှတ်ချလိုက်ပါ။ ဗုဒ္ဓမြတ်စွာဘုရား ဟောကြားခဲ့တဲ့ ကံ၊ ကံ၏အကျိုး၊
အဖြစ်ပျက်တိုင်းမှာ အကြောင်း၊ အကျိုးရှိပုံ၊ ရုပ်တရား၊ နာမ်တရားတွေရဲ့
သဘောသဘာဝတွေ စသဖြင့် ဓမ္မသဘောတရား တွေကို နက်နက်နဲနဲ သိသွားပြီဆိုရင်လည်း
ဘယ်သူ့ကိုမှ အပြစ်မယူချင်တော့ပါဘူး။ အပြစ်မတင်ချင်တော့ပါဘူး။ ခွင့်လွှတ်တယ်
ဆိုတာ အပြစ်ယူခဲ့လို့၊ အပြစ်တင်ခဲ့လို့ ခွင့်လွှတ်နေရတာပါ။
အပြစ်မတင်တော့ဘူးဆိုရင် ခွင့်လွှတ်နေဖို့လည်း မလိုတော့ပါဘူး။ ခွင့်လွှတ်စရာ
မလိုတော့တဲ့စိတ်မျိုး ပိုင်ဆိုင်နိုင်ရင် ဘယ်လောက်ထိ အေးချမ်းလွတ်လပ် မလဲဆိုတာ
ခံစားကြည့် သိနိုင်ပါတယ်။ ကြိုးစားပြီး ခွင့်လွှတ်နေရတာ သိပ်တော့ မလွယ်လှပါဘူး။
အတင်းအကျပ်လဲ လုပ်ခိုင်းလို့ မရနိုင်ပါဘူး။ ခွင့်မလွှတ်နိုင်သေးရင်လည်း
ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ ကိုယ့်ဘ၀မှာ အဆိုး တွေ
ဘယ်လောက်ဖြစ်ခဲ့ဖြစ်ခဲ့ ကောင်းတာကိုပဲ ဆက်လုပ်ရပါတယ်။ ကိုယ့်ဘ၀မှာ
အဆိုးနဲ့ကြုံတိုင်း အမြဲတမ်း ကောင်းတာကို လုပ်ဖို့ကြိုးစားပါ။
ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့၊ ဘယ်သူ့ကြောင့်ပဲဖြစ်ဖြစ်၊ အတိတ်က ဖြစ်ခဲ့တာတွေထဲမှာ
ထောင်ကျမနေဖို့ လိုပါတယ်။
ခွင့်လွှတ်ခြင်းဟာ ပျော့ညံ့တဲ့လက္ခဏာ မဟုတ်ပါဘူး။ စိတ်ဓါတ်အင်အား၊
အသိဥာဏ်အင်အားကြီးလို့၊ သတ္တိရှိလို့၊ သဘောထားကြီးလို့ ခွင့်လွှတ်နိုင်တာပါ။
သူများကြောင့် ကိုယ့်မှာဒုက္ခဖြစ်ခဲ့ရလို့ ခွင့်လွှတ်ရတာ လွယ်ပါသေးတယ်။
ကိုယ်ကြောင့်လဲ သူများမှာ ဒုက္ခဖြစ်ခဲ့တာတွေ ရှိခဲ့မှာပါ။ ရည်ရွယ်လို့ဖြစ်စေ၊
မရည်ရွယ်လို့ဖြစ်စေ၊ စေတနာကောင်းပြီး လုပ်ရပ် မမှန်လို့ဖြစ်စေ ကိုယ့်ကြောင့်
တစ်နည်းနည်းနဲ့ သူ့မှာ နစ်နာသွားရတာ၊ စိတ်ဒုက္ခဖြစ်ခဲ့ရတာတွေ ရှိမှာပါပဲ။
အဲဒီလို ကိုယ့်ကြောင့် သူများထိခိုက် နစ်နာသွားရပြီးမှ
ကိုယ့်ကိုခွင့်လွှတ်ပါလို့ သူ့ကို ပြောရမှာ တော်တော်ခက်ပါတယ်။
ဘာကြောင့်လဲဆိုတော့ မာန ခံနေလို့ပါပဲ။ မာနဆိုတာကလဲ အနာဂါမ် ဖြစ်တဲ့ထိတောင်
ဒုက္ခပေးတုန်းဆိုတော့ သူ့ကိုပယ်ဖို့ တော်တော်ခက်ပါတယ်။ အရင်ဆုံး ပယ်ဖို့ထက်
သိနေဖို့က ပိုအရေးကြီးပါတယ်။အပြီးပြတ်
သူ့ကို ချထားမှ သင့်တော်မှာပါ။ အဲဒါကြောင့် မာနကိုရသလောက် ချထားပြီး ကိုယ့်ကို
ခွင့်လွှတ်ဖို့ ပြောနိုင်အောင်၊ သူများကို တောင်းပန် နိုင်အောင်
ကြိုးစားစေချင်ပါတယ်။ အကောင်းဆုံးကတော့ ကိုယ်ကြောင့်
သူများနစ်နာသွားနိုင်မယ့်၊ ထိခိုက်သွားနိုင်မယ့် အပြုအမူ၊အပြောအဆို တွေ
ရှောင်ကြဉ် သတိထားသွားဖို့ပါပဲ။ ခွင့်လွှတ်ခြင်းဆိုတဲ့ သဘောတရားအမှန်ကို
တို့လူသားတွေ သေချာသိရှိပြီး၊ လိုက်နာကျင့်သုံးနိုင်ကြရင် လူ့လောက လူ့ပတ်ကျင်
မှာ ဆွေမျိုးအချင်းချင်း၊ မိတ်ဆွေအချင်းချင်း၊ လုပ်ဖော်ကိုင်ဖက် အချင်းချင်း၊
လူသားအချင်းချင်း၊ သတ္တ၀ါအချင်းချင်း တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ဦးနဲ့တစ်ဦး
ဘာအငြိုးတေး အာဃာတ မှ မထားကြပဲ ခွင့်လွှတ်သည်းခံ ချစ်ခင်လာနိုင်ကြမှာပါ။
အဲဒါဆိုရင် ကျွန်တော်တို့ လူ့ပတ်ဝန်းကျင် အသိုင်းဝိုင်းကြီး တစ်ခုလုံးသာမက
လောကတစ်ခွင်လုံးမှာပါ သာယာအေးချမ်းမှုတွေ ပြည့်စုံပြီး၊ ငြိမ်းချမ်းရေး အရသာတွေ
ခံစားနေရမှာ မလွဲပါဘူး ။
(ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ)၏ ခွင့်လွှတ်ပါတယ် တရားတော်ကို
မှီငြမ်းကိုးကားပါသည်။)
နှစ်သက်မိသောဆောင်းပါးလေးကို ပြန်လှည်မျှဝေပါသည်။ ။
Monday, November 14, 2011
ညာ ...ညာပြီးတော့လဲ... ညာနေအုံးမှာ...
လှိုင်းဋီကာ
ကောင်းကင်ကြီးက ပြာတယ်။
ကြယ်ကလေးတွေက လင်းလက်တယ်။
လမင်းကြီးက.....သာ
ယောက်ျားတွေက.....ညာ
အင်း.....ယောက်ျားတွေက ညာတယ်၊ ညာရုံတင်မကဘူး၊ညာလွန်းတယ်လို့
မိန်ကလေးတွေက ပြောကြတယ်။ယောက်ျားတွေကတကယ်ခံစားမှုနဲ့ ပြောခဲ့တာတူတယ်။
ညာခဲ့ပုံမပေါ်ပါဘူး။

ကြယ်ကလေးတွေများသလို မေတ္တာအကြင်နာတွေ များတဲ့အကြောင်းလည်း
ယောက်ျားတွေက သူတို့ချစ်တဲ့မိန်းကလေးတွေကိုပြောတယ်။လ၀န်းနဲ့တူတဲ့ မေမျက်နှာ။ ကြယ်ကလေးလို ရွှန်းလဲ့တဲ့
မေ့မျက်လုံးတို့.....ဘာတို့လို့လည်း ပြောတတ်တယ်။ကောင်းကင်ပြည့်၊မိုးလုံးပြည့် မေတ္တာတွေနဲ့ မေအပေါ် လွှမ်းမိုးထားချင်တယ်။ ဘာတယ်၊ ညာတယ်လို့လည်းပြောတယ်။ခံစားမှုတွေနဲ့ပြောတာ၊ တကယ်ခံစားပြောခဲ့တာတွေ ဖြစ်မှာပေါ့။
အပြောခံရသူတွေကလည်း ကြိုက်ပုံရပါတယ်။ မဟုတ်မှန်းသိသိနဲ့ ကြိုက်နှစ်သက်နေတာမျိုးတွေကလည်းရှိတယ်။ ဒါကြောင့်လည်း အိမ်ထောင်ပြုကြ၊ အတူနေသွားဖြစ်ကြတာပဲပေါ့။

အိမ်ထောင်ကျပြီးလို့ ထင်သလို့ဖြစ်မလာတဲ့အခါကြတော့မှ ယောက်ျားတွေက ညာတယ်၊
လိမ်တယ်ဆိုတဲ့ အသံထွက်လာတာပဲ။ကဗျာဆရာကြီး ဟိုးမားက
*လောကကြီးမှာ အကြီးမားဆုံးအရာ နှစ်ခုရှိတယ်။ တစ်ခုက အချစ်ဆိုတဲ့အရာ၊ကျန်တစ်ခုက စစ်ဆိုတဲ့အရာပဲ*လို့စပ်ဆိုထားတယ်။လိမ်တယ်ဆိုတဲ့ အသံထွက်လာတာပဲ။ကဗျာဆရာကြီး ဟိုးမားက
အိမ်ထောင်တစ်ခုမှာလည်း ဟိုးမားပြောတဲ့ အချစ်နဲ့စစ် ပုံစံငယ်ကို ကြည်နိုင်တယ်။ အချစ်ရေးကနေပြီး ဖြစ်ပေါ်လာတဲ့ အိမ်ထောင်မှာသားသမီးပြသာနာ၊ယောက္ခမပြသာနာ၊ပြီးတော့ တစ်ခြားတစ်ခြား ပြသာနာတွေ.....အိမ်ထောင်မကျခင်ကလို မကြင်နာတော့တာတွေ ဂရုမစိုက် အလေးမထားတော့တာတွေ....ပြီးတော့လည်း တစ်ခြားဟာတွေနဲ့ပေါ့နော်၊ကြုံလာတဲ့အခါ
လင်နဲ့မယား စကားတွေများ၊ ရန်တွေဖြစ်၊ စစ်ခင်းကြပေါ့။ တစ်ဖက်က တစ်ဖက်ကိုအလျှာ့ပေးပြီး အိမ်ပေါ်က ဆင်းသွားတာလဲရှိတာပေါ့။ဆင်းသွားရုံဆိုတော်သေးတယ်။

ပြန်တတ်လာဖို့ အလားအလာရှိသေးတယ်ဆိုရမှာပဲ။(လှိုင်းနဲ့ကျောက်ဆောင်)လိုပေါ့။
ပင်လယ်လှိုင်းက အပြေးအလွှားတက်လာပြီ ကျောက်ဆောင်ကြီးကို ၀ုန်းကနဲ့ဝင်တိုက်တယ်၊ကြေညာပြီး.....ကျောက်ဆောင်နဲ့
လှိုင်းစစ်ခင်းသလိုပဲ။အိမ်ထောင်တစ်ခုမှာလည်း လင်နဲ့မယားဟာအလိုမကျစရာတွေ၊ပြသာနာတွေနဲ့ ကြုံတဲ့အခါ ရန်စစ်ခင်းကြ။မိန်းမကရှင်နဲ့အတူမနေနိုင်တော့ပါဘူး ပြောဆိုပြီး အိမ်ပေါ်က ဆင်း၊ သူ့အမေအိမ်ပြန်သွားတယ်။

မိန်းမ အိမ်ပေါ်ကဆင်းပြီး ပြန်သွားတော့လည်း ကျန်ခဲ့တဲ့ယောက်ျားဟာ ဒေါသတွေပြေသွားတဲ့အခါ ၀မ်းနည်းမှုတွေဖြစ်၊ နောင်တတွေရ၊ချစ်လို့ကြိုက်လို့မှ ယူထားတဲ့မိန်းမပဲနော်။ စိတ်မကောင်းတွေဖြစ်၊ငုတ်တုတ်ထိုင်မှိုင်ပြီး မျက်ရည်တွေဘာတွေတောင်ကျတယ်။
မျက်ရည်ကိုသုတ်၊
မင်းပြန်ဆုတ်လျှင်
ငုတ်တုတ်ငါ့မှာ မှိုင်ရမြဲ.......
မင်းပြန်ဆုတ်လျှင်
ငုတ်တုတ်ငါ့မှာ မှိုင်ရမြဲ.......
လှိုင်းရိုက်လိုက်လို့ ကျန်ခဲ့တဲ့ ပင်လယ်ရေတွေ ကျောက်ဆောင်ပေါ်ကနေ စီးကျလာပုံက မျက်ရည်တွေ၊
တွေတွေစီးကျနေပုံမျိုး။ဒါပေမယ့်.....
တွေတွေစီးကျနေပုံမျိုး။ဒါပေမယ့်.....
ငါ့ကို ကျဉ်ဖဲ၊ လှိုက်လှဲလှဲဖြင့်
မင်းလဲ လမ်းမှာငိုသွားမြဲ.....
မင်းလဲ လမ်းမှာငိုသွားမြဲ.....
ပင်လယ်ကိုပြန်ဆင်းသွားတဲ့ လှိုင်းသံကို သေချာ နားထောင်ကြည့်ရင် ၀မ်းနည်းပက်လက်နဲ့ ငိုရှိုက်သွားတဲ့ အသံမျိုးပေါ့။
အဲဒီအတိုင်းပဲ စကားများ၊ စစ်ခင်း၊ အရှုံးပေးပြီး ဆင်းသွားတဲ့ မယားဖြစ်သူဟာလည်း ပြန်သာသွားရတယ်။ ဘယ်စိတ်ချမ်းသာပါ့မလဲငိုရှိုက်သွားမှာပေါ့။
မကြာပါဘူး ၊ ယောက်ျားဖြစ်တဲ့သူက ပြန်သွားတဲ့ မယားဆီကို လိုက်လာ၊နောင်ကို ဒီလိုမဖြစ်စေရပါဘူး။ ဟိုလိုမဖြစ်စေရပါဘူးနဲ့
ကတိတွေပေး၊ချော၊နှစ်သိမ့်၊ လိုက်ခဲ့ဖို့ခေါ်၊ ခေါ်တော့လည်း ပြန်ပါလာပြန်တာပေါ့နော်။

နီးတကျက်ကျက်၊ ဝေးတသက်သက်.....ဆိုမဟုတ်လား။ ပြန်လိုက်လာပြီး အတူနေကြပြန်တော့လည်း.....တစ်ချိန်ချိန်မှာ
အကြောင်းတစ်မျိုးမျိုးကြောင့်.....တကျက်ကျက်နဲ့ စစ်ထွက်ဖို့ ပြင်ကြဦးမှာပေါ့။
ကျောက်ဆောင်နဲ့ လှိုင်းနဲ့ ဒီလိုပဲ တွေဆုံလိုက်ကြ၊ရန်ဖြစ်လိုက်ကြ၊ ထွက်သွားလိုက်ကြ၊ပြန်လာလိုက်ကြ...နဲ့။

ဝေးတသက်သက်၊ နီးတကျက်ကျက်
စိတ်လက်ရွှင်ပုံ၊ ရူးသူ့ဘုံမို့
ပြန်ဆုံဦးစို့ မင်းနဲ့ငါ....တဲ့။
စိတ်လက်ရွှင်ပုံ၊ ရူးသူ့ဘုံမို့
ပြန်ဆုံဦးစို့ မင်းနဲ့ငါ....တဲ့။
ပုထုဇဉ်သားတွေဟာ (အရိယာတို့ရဲ့ အမြင်ကနေကြည့်ရင်တော့) အရူးတွေပေါ့။ ဒီလူတွေနေနေတဲ့ နေရာဟာလဲ အရူးတို့ရဲ့ဘုံပေါ့။အဲဒီအရူးတို့ရဲဘုံမှာ ကျွန်တော်တို့ ပုထုဇဉ်လူသားတွေဟာဒီလိုပဲဖြစ်ပျက်နေကြတာ.....။
ကောင်းကင်ကြီးက ပြာတယ်။
ကြယ်ကလေးတွေက လင်းလက်တယ်။
လမင်းကြီးက.....သာ
ယောက်ျားတွေက.....ညာ၊ညာပြီးတော့လဲ ညာနေအုံးမှာ။
သူငယ်ချင်းတို့ရေ လှိုင်းဋီကာဆိုတဲ့ ဆရာနန္ဒာသိန်းဇံရေးတဲ့စာလေးကိုကြိုက်လို့ဝေမျှပေးလိုက်ပါတယ်နော်။
သူငယ်ချင်းတို့လဲသဘောကျမယ်ထင်ပါတယ်။
ပျော်ရွှင်ပါစေနော်...
Thursday, November 10, 2011
အပျိုကြီးလေသံ
အပျိုကြီးလေသံ
တကိုယ်တည်း အပျိုကြီးပေမယ့်
ဟဲ့- တို့သွေးကို လာမစမ်းနဲ့ ပြာနှမ်းသွားမယ်။
မပူချင်တာကို မယူချင်လို့ မထင်စမ်းနဲ့
လာလာသမျှ ခါခါချနေရတာ စာဖွဲ့ပြမနေချင်ပါဘူး။
အပျိုကြီး ... အပျိုကြီးနဲ့ ခနဲ့တဲ့တဲ့ စကားလုံး
ပြုံးတုံ့တုံ့ မျက်နှာပေး
အပျိုကြီးဖြစ်ခြင်း သူ့အဘ စီးပွားအိုး
တုတ်နဲ့ထိုးမိသလား။
မနိုင်ဝန်ဒဏ် သူခံနေရလို့လား။
တို့မှာ သိက္ခာရှိတယ်။ မာနရှိတယ်။
(အပျိုကြီးဆိုတဲ့)
ဂုဏ်ရှိတယ်။ ဝင်ငွေရှိတယ်။
ရည်ရွယ်ချက်ပန်းတိုင်ဆိုတာရှိ

လျှောက်ရမယ့်လမ်း စမ်းတဝါး ဖြစ်မနေဘူး
အရူးတွေအလုပ် အရှုပ်ထုပ် တို့မလုပ်
အဟုတ်ထင်မနေကြနဲ့။
တို့ဘဝမှာ အိမ်ရာထွက်လည် ချုပ်ချယ်မယ့်သူ ရှိဘူး။
ဒီကို ဟိုသွား တားမြစ်မယ့်သူ မရှိ
စီးပွားတွက်ခက် ရိုက်နှက်မယ့်သူလည်း ဝေးတာမို့
ပူပင်ကင်းလှ ဒီဘဝကို
(မမ) နေသားကျခဲ့ပြီ။
ချစ်ညီမလေး နန်းမြင့်မြင့်ကြည်ပို့သော ဖော်ဝဒ်မေးလ်မှ နှစ်သက်မိသောကဗျာလေးပါ..... :P
Tuesday, November 8, 2011
အချစ်ဆိုသည်မှာ...
ချစ်သူများဟာ
တစ်နေရာတည်းမှာ
တွေ့ဆုံပေါင်းစည်းကြတာမဟုတ်ပါ။
သူတို့ဟာ ရင်ထဲမှာ
ကိုယ်စီရှိနေကြတာတချိန်လုံးပါ။
..............................
တစ်နေရာတည်းမှာ
တွေ့ဆုံပေါင်းစည်းကြတာမဟုတ်ပါ။
သူတို့ဟာ ရင်ထဲမှာ
ကိုယ်စီရှိနေကြတာတချိန်လုံးပါ။
..............................
.........................
ဘာကိစ္စပဲဖြစ်ဖြစ်
အရာရာတိုင်းဟာ
ကြီးကြီးငယ်ငယ်
စွန့်စားမှုတခုဖြစ်လာတဲ့အခါ
အမှန်အကန် ချစ်သူသည်သာ
ဝေမျှခံစားပေးသည်သာ။
........................................................
အချစ်ဆိုသည်မှာ ကောင်းတာမှန်သမျှ
ဝေမျှခံစားပြီး ပြီးပြည့်စုံစေတာ။
အချစ်ဆိုသည်မှာ
ကြေကွဲဝမ်းနဲစရာမှန်သမျှကိုလည်း
အတူတကွ ရင်ဆိုင်ဖြေရှင်းရင်း
အင်အားဖြစ်စေတာ....
......................................................
တစ်ယောက်နဲ့တစ်ယောက်
ချစ်ကြတယ်ဆိုရာမှာ
တစ်ယောက်စီနေကြသူနှစ်ဦး
အတူနီးကပ်စွာနေလာပြီး တန်ဖိုးထား
လေးစားကာကွယ်စောင့်ရှောက်
ကြည်နူးနှစ်သိမ့်စေတာတစ်မျိုးပါ.....
...................................................
ငယ်ရွှယ်သူတို့စုံတွဲ
တစ်ယောက်ကိုတစ်ယောက်
အချစ်သည်းနေကြတာမြင်ရတဲ့အခါ
အံသြစရာမဟုတ်ပါ။
ဘိုးဘွားတို့စုံတွဲ
တစ်ယောက်ကိုတစ်ယောက်
ချစ်ခင်ကြင်နာနေကြတာမြင်ရတဲ့အခါ
မြင်ကွင်းအားလုံးထဲမှာ
အကောင်းဆုံးဖြစ်မှာ....
.....................................................
ကိုယ်ကချစ်ရခြင်းနဲ့
အချစ်ခံရခြင်းစိတ်ခံစားမှုဟာ
ဘယ်အရာကမှ မပေးစွမ်းနိုင်တဲ့
ဘ၀ရဲ့နွေးထွေးမှု ချမ်းသာမှုတွေကို
ယူဆောင်လာပေးပါတယ်....
.......................................................
အိပ်မက်တွေနဲ့
အချစ်ဆိုတဲ့အရာမှာ
မဖြစ်နိုင်တဲ့အရာဆိုတာဘာမှမရှိပါ
..............................................

သူငယ်ချင်းတို့ရေ ကောင်းသန့်ရဲ့ အချစ်ဆိုတာ စာအုပ်လေးထဲကနေ ကိုယ်ကြိုက်တဲ့အကြောင်းအရာလေးတွေကို ဝေမျှပေးလိုက်ပါတယ်နော် ပျော်ရွှင်ပါစေနော်......
Monday, November 7, 2011
"ရွာလိုက်ပါမိုး"
"ရွာလိုက်ပါမိုး"
ရိုက်ချိုးညိုးညံ
ထက်နဘံ
ဟန်ပြင်သဝေထိုး...............
နေပူရှိဟပ်
လောင်အိုက်စပ်
တံလှပ်ပြန့်ကျယ်
အပူနှယ်
တကယ်ရွာပါမိုး.............
:)နေပြည်တော်ကြီးအရမ်းနေပူလှလို့ပါ။
အလင်္ကာည
ရိုက်ချိုးညိုးညံ
ထက်နဘံ
ဟန်ပြင်သဝေထိုး...............
နေပူရှိဟပ်
လောင်အိုက်စပ်
တံလှပ်ပြန့်ကျယ်
အပူနှယ်
တကယ်ရွာပါမိုး.............
:)နေပြည်တော်ကြီးအရမ်းနေပူလှလို့ပါ။
အလင်္ကာည
Sunday, November 6, 2011
Tuesday, November 1, 2011
အိမ်မက်ခြေရာ
အိမ်မက်ခြေရာ
အိပ်မက်ဆိုတာ....ဆန္ဒရဲ့ခြေရာ....
မရေရာဘူးထင်ပေမဲ့လည်း...
သေချာနေတာ တစ်ခုကတော့........
သတိရစိတ်တွေပြင်းပြတဲ့အခါ...
.အိပ်မက်အထိပါလာသတဲ့...
ဒါကြောင့်.....
အဝေးကချစ်သူရေ...
မင်းရဲ့အိပ်မက်တွေကို.....
ငါ..........
သိပ်သိချင်ပါတယ်......
အလင်္ကာည
အိပ်မက်ဆိုတာ....ဆန္ဒရဲ့ခြေရာ....
မရေရာဘူးထင်ပေမဲ့လည်း...
သေချာနေတာ တစ်ခုကတော့........
သတိရစိတ်တွေပြင်းပြတဲ့အခါ...
.အိပ်မက်အထိပါလာသတဲ့...
ဒါကြောင့်.....
အဝေးကချစ်သူရေ...
မင်းရဲ့အိပ်မက်တွေကို.....
ငါ..........
သိပ်သိချင်ပါတယ်......
အလင်္ကာည
Subscribe to:
Posts (Atom)